/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, June 5, 2012

.

နေကိုသောကြာဂြိုဟ်ဖြတ်သန်းမှုဖြစ်စဉ်တွေ့မြင်ရမည်

ယခုလ ၆ ရက်တွင် နေမင်းရှေ့မှ သောကြာဂြိုဟ်ဖြတ်သန်းမည့် ဖြစ်စဉ်ကို ဇွန် ၆ ရက် နံနက်ပိုင်းတွင် တွေ့မြင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဝေဒသုတေသန အဖွဲ့မှ သိရသည်။ သောကြာဂြိုဟ်ဖြတ်သန်းမှုကို ဇွန် ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ စွယ်တော်မြတ်စေတီမှ တစ်ဆင့် တွေ့မြင်ရမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ လာရောက်ကြည့်ရှုနိုင်ကာ နက္ခတ်ကြည့် ကိရိယာမျိုးစုံ တပ်ဆင်ပေးထားမည်ဖြစ်ကြောင်း၊ နံနက် ၅ နာရီမှ ၁၁ နာရီခွဲအထိ တွေ့မြင်ရမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ သော ဖြစ်စဉ်မျိုးကို ၂၂၁၇ နှစ်တွင် တစ်ကြိမ်သာ ကြည့်ရှုနိုင်ပြီး ရှေးသိပ္ပံပညာရှင်များက ဂြိုဟ်အသွားအလာ၊ အကွာအဝေးကို စောင့်ကြည့်ရန် ယင်းဖြစ်စဉ်မျိုးကို အချိန်ပေးကာ စောင့်ဆိုင်းရကြောင်း သိရှိရသည်။

Myanmar Express

မူရင်းသတင်းက ဒီမှာပါ။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။