/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 6, 2013

.

အဓိကရုဏ်းဖြစ်လာမှုကို ကြိုတင် ကာကွယ် သွားမည်ဟု KNPP ဆို



ကယား ပြည်နယ်သည် ဘာသာရေး အဓိ ကရုဏ်းများ ကင်းစင်ပြီး အေးချမ်းသော ပြည်နယ် ဖြစ်လာ စေရေး အတွက် ကြိုတင် ကာကွယ် ထားသည့် အစီ အမံများ ရှိရန် လိုအပ်ကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) အတွင်းရေမှူး ဖြစ်သူ ခူဦးရယ်က ဆိုပါသည်။


ဒီအမြင် ကတော့ ကျနော်တို့ ကယား ပြည်နယ် ထဲက အဖွဲ့အစည်း (၉) ခုက ခေါင်းဆောင်တွေ ပြီးခဲ့တဲ့ ဇွန်လ (၃) ရက်နေ့မှာ အလွတ် သဘော တွေ့ဆုံ ဆွေးနွေး ကြရာက လူထုထံ ပန်ကြားစာ ထုတ်ပြန်တဲ့ အဆင့်အထိ ဖြစ်သွား တာပါ။ ပြီးခဲ့သည့် ရက်ပိုင်းကို ကြည့်ရင် ကယား ပြည်နယ် မော်ချီး ဒေသဘက် မွတ်စလင်နဲ့ အဲဒီ ဒေသမှာ ရှိတဲ့ ဗမာ လူမျိုးတွေ ပြသနာ ဖြစ်ခဲ့ သေးတယ်။ အဲဒါကြောင့် နောက်ဆက်တွဲ ပြသနာ ဖြစ်လာမှာကို စိုးရိမ်လို့ အခုလို တားဆီး ကာကွယ်ဖို့ ဖြစ်လာ တာပါ” ဟု ဆိုပါသည်။

အဆိုပါ ပန်ကြား စာသည် ကယားပြည်နယ် တစ်ခုလုံး ပေးပို့ခဲ့ သော်လည်း အဓိက ပစ်မှတ်ထား သည်မှာ ကယားပြည်နယ် တွင်း၌ ရှိသော ကရင်နီ လူထု များနှင့် ကယန်း ဒေသရှိ ကရင်နီ လူထုနှင့် ပတ်သက် ဆက်နွယ် နေသည့် တိုင်းရင်းသား လူထုများအား အဓိက ပစ်မှတ် ထားခဲ့ကြောင်း ဆိုပါသည်။

ပြည်သူ လူထု များထံ ပေးပို့ ခဲ့သော ပန်ကြားစာ ထဲတွင် အဓိက အချက် (၄) ချက်ကို အခြေခံပြီး ပန်ကြား ခဲ့ပါသည်။

(၁) အခြားသူ များ၏ သွေးထိုး လှုံ့ဆော် မှုကြောင့် ရခိုင်ပြည် မှသည် မိထ္ထီလာ၊ အပြင် ဒေသ အနှံ့နှင့် ရှမ်းပြည် လာရှိုး အဓိကရုဏ်းထိ ဖြစ်လာ နေခဲ့ပြီး ၄င်းမှ တစ်ဆင့် ကရင်နီ ပြည်နယ်သို့ တဖြည်းဖြည်း ကူးစက် လာနေသည့် လက္ခဏာ တစ်ချို့ကို ထောက်ပြ ထားခြင်း။

(၂) လူမျိုးရေးနှင့် ဘာသာရေး အဓိ ကရုဏ်း များကြောင့် ပြည်သူ လူထု တစ်ရပ်လုံး အသက်သေ ဆုံးမှု၊ အသက် ဘေးအန္တရယ် စိုးရိမ် မှုနှင့် အိုးအိမ် စည်းစိမ်းများ ပျက်စီး ဆုံးရှုံး ခဲ့သည့် ဆိုးကျိုးများကို ထောက်ပြ ထားခြင်း။

(၃) အဓိ ကရုဏ်းကြောင့် ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက် စေနိုင်ကြောင်း ထောက်ပြ ထားခြင်း။

(၄) တရား ဥပဒေ စိုးမိုးရေးများ ပျက်ပြယ်ပြီး မင်းမဲ့ စရိုက် ဖြစ်လာ သဖြင့် ဒေသတွင်း မတည် မငြိမ် ဖြစ်လာ နိုင်မှုကို ထောက်ပြ ခြင်းတို့ ပါဝင်သည်။

ယင်းဆွေးနွေး ပွဲကို တက်ရောက် ခဲ့သော အဖွဲ့ အစည်း များမှာ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ကယန်း အမျိုးသား ပါတီ (KNP)၊ ကယန်းပြည်သစ် ပါတီ (KPLP)၊ ကယန်း အမျိုးသား ကာကွယ်ရေးတပ် (KNG)၊ ကရင်နီပြည် လူမျိုးစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF)၊ ကရင်နီ အမျိုးသား ဒီမိုကရက်တစ် ပါတီ (KNDP)၊ ကရင်နီ အမျိုးသား စည်းလုံး ညီညွတ်ရေး အဖွဲ့(KNSO)၊ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (KNPDP)၊ ကရင်နီ ပြည်သူ့ လူငယ်များ သမဂ္ဂ (UKSY) ပါတီများ ဖြစ်ကြ ပါသည်။

ဤအဖွဲ့ များသည် ကယားပြည်နယ် အတွင်း အဓိကရုဏ်း မဖြစ်လာရေး အတွက် လှုံဆော်မှု အဆင့် မှသည် အသေးစိတ် ထပ်မံ ဆွေးနွေးရန် ဆုံးဖြတ် ထားကြ ပါသည်။ ကယား ပြည်နယ်သည် ပြီးခဲ့သည့် ရက်ပိုင်းတွင် မော်ချီး ဒေသ၌ အဓိကရုဏ်း ဖန်းတီး မှုများ ဖြစ်ခဲ့ ပါသည်။ ဤသို့ကြောင့် ဒေသတွင်း မတည် မငြိမ် ဖြစ်လာ မှာကို စိုးရိမ် နေကြ သဖြင့် ကာကွယ်ရေး နည်းလမ်းများ ကြံဆ လာနေခြင်း ဖြစ်ပါသည်။ 

Credit : http://abbsoluteright.blogspot.com/2013/06/knpp.html

1 comment:

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။