/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 6, 2013

.

နိုင်ငံရေးတိုးတက်မူ့ အတွက် DKBA ဆွေးနွေးပွဲပြုလုပ်မည်



နိုင်ငံရေးဖြစ်စဉ်များမှာ သိသာမြင်သာသည့် တိုးတက်မှုရရှိရေး အဖြေရှာရန် DKBA ဆွေးနွေးပွဲ ကို ဇွန်လ (၁၅)ရက်တွင် ကရင်ပြည်နယ် ဆုံးဆည်း မြိုင်၌ကျင်းပမည်ဖြစ်ကြောင်း DKBA တာဝန်ရှိသူ တစ်ဦး ထံမှ သိရသည်။


ယင်းဆွေးနွေးပွဲကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၊ နိုင်ငံရေးပါတီများ၊ ဒီမိုကရေစီအင်အားစုများ၊ အစိုးရအဖွဲ့အစည်းများမှ မည်သူမဆို တက်ရောက် နိုင် ကြောင်း သိရသည်။

“လက်နက်ကိုင်အင်အားစုများရဲ့ လိုလားချက်နဲ့ နိုင်ငံရေးရည်မှန်း ချက်ကွဲပြားလာလို့ဒီမိုကရေစီရေးလှုပ်ရှား မှုများ၊တိုင်းရင်းသားမှ တန်းတူ အခွင့်အရေးရရှိနိုင်ရန်ကြိုးပမ်းမှုများ မှေးမှိန်ပျောက်ကွယ်မယ့် အလား အလာရှိတယ်လို့ထင်မြင်ယူဆတဲ့အတွက် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီ ရေးနဲ့တိုင်းရင်းသား အရေးကြိုး ပမ်းဆောင်ရွက်နေတဲ့အင် အားစုများ၊ တစ်သီးပုဂ္ဂလ လုပ်စားသူများ၊ လက်နက်ကိုင်အဖွဲ့ အစည်းများ တွေ့ဆုံ ဆွေးနွေးပွဲ တိုင်ပင်အဖြေရှာသွားမည်ဖြစ်ကြောင်း”သိရသည်။

၂၀၁၁ တွင် DKBA နှင့် အစိုးရ အပစ်အခတ်ရပ်စဲပြီးနောက် ဧပြီလ ၂၇ ရက်၊ ၂၈ ရက်တွင် လှိုင်းဘွဲ့မြို့နှင့် မြိုင် ကြီးငူဒေသရှိ ကျေးရွာ အချို့၌ DKBA အဖွဲ့နှင့်မဟာမိတ်ဖွဲ့ထားသောဗိုလ်ပိအဖွဲ့နှင့် နယ်ကြားစောင့် တပ်များ ကြားတိုက်ပွဲ များ ဖြစ်ခဲ့ကြောင်း သိရသည်။

Hot News Weekly

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။