/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 6, 2013

.

မန္တလေး - ဗန်းမော် လူစီးသီးသန့်ရေယာဉ်လိုင်းခရီးစဉ် စတင်ပြေးဆွဲ

မန္တလေးမြို့ ၊ မဟာအောင်မြေ မြို့နယ် ၊ ဂေါဝိန် ဆိပ်ကမ်းတွင် ဇွန်လ ၄ ရက်နေ့ နံနက် ၇ နာရီ၌ မန္တလေး - ဗန်းမော် လူစီးသီးသန့် ရေယာဉ်လိုင်း ခရီးစဉ် စတင် ပြေးဆွဲလျက် ရှိကြောင်း သိရသည်။


အဆိုပါ ရေယာဉ်လိုင်း ခရီးစဉ်ကို အင်မိုင်ခ ရေကြောင်း ပို့ဆောင်ရေး မှ ပြည်တွင်း ရေကြောင်း ဦးစီးဌာန ပိုင် ရေယာဉ်များကို ငှားရမ်း ခရီးသွား ပြည်သူများ အတွက် ဘေးအန္တရာယ် ကင်းရှင်း၍ မြန်ဆန် ချောမွေ့ သော ခရီးစဉ် အဖြစ် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ မန္တလေး - ဗန်းမော် ခရီးစဉ်ကို အပတ်စဉ် မန္တလေး မှ ( အင်္ဂါ ၊ သောကြာ ၊ တနင်္ဂနွေ ) နှင့် ဗန်းမော် မှ ( အင်္ဂါ ၊ ကြာသပတေး ၊ တနင်္ဂနွေ ) နေ့များတွင် နံနက် ၇ နာရီ၌ စတင် ပြေးဆွဲမည် ဖြစ်ပြီး ခရီးစဉ်မှာ မန္တလေး ၊ ကျောက်မြောင်း ၊ တကောင်း ၊ ထီးချိုင့် ၊ ကသာ ၊ ရွှေကူး နှင့် ဗန်းမော် တို့ဖြစ်ပြီး လက်မှတ် နှုန်းထား များမှာ မန္တလေး - ဗန်းမော် ခရီးစဉ် အတွက် ကျပ် ၂၀၀၀၀ သတ်မှတ် ထားပြီး ခရီးစဉ် ခန့်မှန်း ကြာချိန်မှာ ၃၃ နာရီ ကြာမြင့်ကြောင်း သိရသည်။

အင်မိုင်ခ ရေကြောင်း ပို့ဆောင်ရေးမှ ခရီးသွား ပြည်သူများ အတွက် သက်တောင့် သက်သာဖြင့် လုံခြုံ စိတ်ချစွာ စီးနင်းနိုင်ရန် သင်္ဘောကြီး များတွင် လေအေးပေးစက် လုံလောက်စွာ တပ်ဆင် ထားခြင်း ၊ လူစီး ထိုင်ခုံ အောက်တိုင်းတွင် Safety Dress အဖြစ် Light Jacket များ ထားရှိပေးခြင်း ၊ ဆေးသေတ္တာများ ထားရှိခြင်း ၊ သင်္ဘောစီးစဉ် နံနက်ခင်းတိုင်း တွင် လဘက်ရည် - ကော်ဖီ အခမဲ့ တိုက်ခြင်း ၊ စားသောက် ဖွယ်ရာများ သပ်ရပ် သန့်ရှင်းစွာဖြင့် ၀ယ်ယူ သုံးဆောင် နိုင်ခြင်း ၊ သွားတိုက်တံ ၊ သွားတိုက်ဆေး ၊ ဆပ်ပြာ ၊ စနိုးတာဝါ ၊ ရေသန့်ဗူး များကို တစ်ဦးချင်းစီ အခမဲ့ ဝေခြင်းများ ဆောင်ရွက် ပေးထားသည်ဟု သိရသည်။ ခရီးစဉ်မှာ ဧရာဝတီ မြစ်ကြောင်းပေါ် မူတည်၍ ဇွန်လမှ အောက်တိုဘာလ အထိ ပြေးဆွဲမည်ဟု အင်မိုင်ခ ရေကြောင်း ပို့ဆောင်ရေး မန္တလေးမြို့ တာဝန်ခံ ၏ ပြောကြားချက် အရ သိရှိရသည်။

Credit : http://pyichit-thar.blogspot.com/2013/06/blog-post_8443.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။