/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 6, 2013

.

စတုထ္ထအကြိမ် ပြည်သူ့ ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားကျင်းပမည်



မြန်မာနိုင်ငံအတွင်း လူမူအဖွဲ့ အစည်းများအတွက် လိုအပ်သည့် လုပ်ငန်းများအား ကိုယ်ကျိုးစွန့် အနစ်နာခံ ကာ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြ သူများ၊ အဖွဲ့ အစည်းများအား ပြည်ပရောက်မြန်မာ မိသားစုများမှ စု စည်းညီညွတ်မူအား စုပေါင်း ဂုဏ်ပြုသည့် ပြည်သူ့ ဂုဏ်ရည်ဆု (Citizen of Burma Award) အား စတုထ္ထ အကြိမ်မြောက် အဖြစ် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဇွန်လ ၁၀ ရက်နေ့ (တနင်္လာနေ့ )တွင်ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့ဂုဏ်ရည်အသင်း စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်” ကို ရွေးချယ်ခဲ့သည်။ ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်များအဖြစ် မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေးကွန်ရက်မှ ဦးနေမျိုးဇင်၊ “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” လူမှုကွန်ရက် လှုပ်ရှားမှုများမှ ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ သောက်ရေသန့်နည်းပညာ ဖြန့်ဝေသူ ဦးသန်းနိုင် တို့အား ရွေးချယ်ခဲ့သည်။

Hot News Weekly

1 comment:

  1. Why you guys are still using Burma instead of Myanmar?

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။