/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Thursday, June 6, 2013

.

စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတိပေးကြေညာချက်

လက်ပံတောင်းတောင် အရေး ကို ဗြောင် စိန်ခေါ်လေပြီ ။
***************************************

(၄-၆-၂၀၁၃)

လက်ပံတောင်းတောင် သပိတ်စခန်းများ ညဘက် အိပ်နေကြချိန် အကြမ်းဖက် ဖြိုခွဲစဉ် သံဃာတော်များ မီးလောင်ဒဏ်ရာ (သေရာပါ) ရစေသော ကိစ္စ ကို မူ တရားဥပဒေနှင့် အညီ ၊ တရားဥပဒေကို လေးစား လိုက်နာသောအားဖြင့် တစ်မျိုး ၊ ဥပဒေနှင့် အညီ စစ်ဆေးစီရင်မှု ၊ အစရှိသဖြင့်  လေသံ ( လုံးဝ ) မ ဟသော ...

စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ ကြေငြာချက် ။

ကြေငြာချက်တွင် -

အကယ်၍ လာရောက်ရင်ဆိုင် ဖြေရှင်းခြင်းမပြုပဲ ဆက်လက်ရှောင်တိမ်း ခိုအောင်းနေပါက တရားစီရင်ရေး မဏ္ဍိုင် တည့်မှတ် မှန်ကန်စေရေးကို အလေးထားပြီး အင်အားသုံး၍ ကျေးရွာအတွင်း ဝင်ရောက် ရှာဖွေ ဖမ်းဆီးမည်ဖြစ်ပါသည်။ ထိုသို့ ဖမ်းဆီးသည့်အခါ ပြန်လည်တုန့်ပြန် အန္တရာယ်ပြုခြင်း ၊ ဝရမ်းထုတ်ဆင့် တရားခံပြေး ကြေငြာထားသူအား အကာအကွယ်ပေးခြင်း ၊ ဖုံးကွယ်ပေးခြင်း ထွက်ပြေး လွတ်မြောက်နိုင်အောင် ကူညီပေးခြင်းများ ရှိခဲ့ပါကလည်း ဥပဒေနှင့် အညီ ဆောင်ရွက် အရေးယူ သွားမည် ဖြစ်ပါသည်။ 

တရားဥပဒေကို လေးစားလိုက်နာသောအားဖြင့် ဥပဒေနှင့်အညီ စစ်ဆေးစီရင်မှု ကို ဥပဒေနှင့် အညီ ရင်ဆိုင်ပါရန် အသိပေး သတိပေးသည် ။

ဟု ဖော်ပြပါရှိလေသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။