/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 14, 2013

.

သကြားစက်ဝန်ထမ်းတွေအလုပ်ထုတ်ခံရလို့ဆန္ဒပြဖို့စာတင်တာရဲမှူးက ငြင်းပယ်



နေပြည်တော်-ပျဉ်းမနားက ယုဇနကုမ္ပဏီပိုင် သကြား စက် ဝန်ထမ်းတချို့ အလုပ်ထုတ်ခံရလို့ အလုပ် သမား အဖွဲ့က ဦးစီးပြီး ဆန္ဒပြဖို့ မြို့နယ်ရဲမှူးထံ လျှောက်ထား တင်ပြတဲ့အခါ အချက် ၃ ချက်နဲ့ ငြင်းပယ် လိုက်တယ် လို့ သိရပါတယ်။


၂၀၁၃ မတ်လ ၁၂ ရက်နေ့က ယုဇနကုမ္ပဏီ သကြား စက်က ဌာနခွဲစာရေး ဦးဌေးလွင်အပါအဝင် ၀န်ထမ်း ၇ ဦးကို ကြံရာသီဒုတိယနှစ်အတွက် လမိုင်းကြံခင်း ဟောင်းအား ကြံပို့ရာသီမှာ ကြံမသွင်းနိုင်လို့ ကြွေးကျန် ဆိုပြီး အလုပ်ကထုတ်လိုက်တယ်လို့ သိရပါတယ်။ဒီကိစ္စ နဲ့ ပတ်သက်ပြီး စက်ရုံထဲမှာ ဖွဲ့စည်းထားတဲ့ စည်းလုံး ညီညွတ်သော အလုပ်သမားများ အဖွဲ့အစည်း (U L S )ကနေ တရားဝင်ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ခွင့် ကို မေ ၇ ရက်နေ့က နေပြည်တော်-ပျဉ်းမနား ရဲတပ်ဖွဲ့မှူးထံ တင်ပြလျှောက်ထားခဲ့ရာမှာ စာအမှတ် ၁၀၀၂(၁၃)၊ ၁၀၃၊ ဦး ၁ ရက်စွဲ၊ ၂၀၁၃ မေ ၁၀ စာနဲ့ ငြင်းပယ်လိုက်ကြောင်း သိရပါတယ်။ အဲဒီနေ့က ဆန္ဒ ပြဖို့ လျှောက်ထားသူ ဦးကျော်ဌေးကို ပျဉ်းမနားရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ်ယူရှင်းပြပြီး အချက် ၃ ချက်နဲ့ ငြင်း ပယ်တဲ့ အကြောင်း၊ ပုဒ်မ ၉ အရ အယူခံဝင်နိုင်တဲ့အကြောင်း ပြောတယ်လို့ သိရပါတယ်။


အဆိုပါလျှောက်ထားတာနဲ့ပတ်သက်လို့

၁။ မိတ္ထိလာပဋိပက္ခဖြစ်ရပ်များနောက်ဆက်တွဲအကျိုးဆက် ဆက်စပ်၍ တရားဥပဒေစိုးမိုးရေး ထိခိုက် နိုင်၍ လည်းကောင်း

၂။ လက်ရှိကာလတွင် မင်္ဂလာဗျူဟာဗိမာန်တွင် သံဃာတော်များ ပါဠိပထမပြန်စာမေးပွဲများ ကျင်းပရန်ရှိ နေ၍ လည်းကောင်း၊

၃။ စည်းလုံးညီညွတ်သော အလုပ်သမားအဖွဲ့ အစည်းမှ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး တာဝန်ရှိသူတို့နှင့် ဝန်ထမ်းလစာတိုးမြှင့်ရေးကိစ္စ၊ EC စာချုပ် ပြန်လည် ချုပ်ဆိုရေး၊ ဝန်ထမ်းများပြန်လည်ခန့်ထားရေးကို ညှိနှိုင်းသွားမှာဖြစ်လို့ အခုလိုငြင်းပယ်ရကြောင်း ရဲမှူးက ပြောတယ်လို့ သိရပါတယ်။ 

“မေလ ၉ ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူးဦးသန်းဆွေဝင်းအပါအ၀င် အခြားဌာန ဆိုင်ရာတွေနဲ့ ကျွန်တော် တို့ EC ၇ ဦးနဲ့တွေ့တယ်၊ မေလ ၁၃ ရက်မှာ ယုဇနကုမ္ပဏီပိုင်ရှင် ဦးဆန်နီနဲ့တွေ့ပြီး ထပ်မံညှိနှိုင်း ပေးမယ်လို့ ပြောပါတယ်”လို့ U L S က ကိုအောင်ဇော်မိုးက မြန်မာဓိကကို ပြောပါတယ်။ ဒီကနေ့ မေလ ၁၃ ရက်နေ့ အလုပ်သမားအဖွဲ့အနေနဲ့ U L S ရုံးမှာ ညှိနှိုင်းဖို့ စောင့်ဆိုင်းနေခဲ့ပြီး ညနေပိုင်းမှာ ဦးဆန်နီနဲ့ အလုပ်သမားအဖွဲ့အစည်းတို့ ဆွေးနွေးမှုပြုလုပ်နေပြီလို့ သိရပြီး ရလာဒ်ကိုတော့ မသိရသေးကြောင်း မြို့ခံ အလုပ်သမားတစ်ဦးက မြန်မာဓိက သို့ပြောပါတယ်။ U L S အဖွဲ့မှာ အလုပ်သမားအဖွဲ့ဝင် ၅၅၅ ဦး ရှိပြီး ယုဇနကုမ္ပဏီဟာ ယခင် အမှတ် ၂ သကြားစက်ကို ၂၀၁၂ သြဂုတ်လမှာ လွှဲပြောင်း ရယူလုပ်ကိုင် လာတာ လို့ သိရပါတယ်။

ဝေမိုး-မြန်မာဓိက

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။