/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 14, 2013

.

၈၈မျိုးဆက်ရုံးသို့ တရုတ်နှင့် အမေရိကန် သံအမတ်ကြီးများ လာရောက်



၁၃၊ ၅၊၂ဝ၁၃ နေ့၊ နေ့လည် ၁း၃ဝ တွင် အမေရိကန် ပြည်ထောင်စုသံရုံးမှ သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချဲလ်နှင့်အဖွဲ့သည် ၈၈မျိုးဆက်ရုံးသို့ ရောက်ရှိ လာပြီး၊ ၈၈မျိုးဆက်ခေါင်းဆောင် များဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီတို့နှင့် တွေ့ဆုံ၍ ၈၈ မျိုးဆက်ခေါင်းဆောင်တို့၏ အမေရိကန်ခရီးစဉ်နှင့် ပတ်သက်၍ ၎င်းတို့အကူအညီပေးရမည့် ကိစ္စများ ကိုလည်းကောင်း ၊ နိုင်ငံရေး အကျဉ်းသားများ ကျန်ရှိနေသေးသည့်ကိစ္စနှင့် ကျင့်ထုံးဥပဒေပုဒ်မ(၄၀၁)အရ ထောင်ကျကြွေးကျန်ကိစ္စများကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိအပြောင်းအလဲကာလတွင် လူမှုအခြေပြုအဖွဲ့အစည်းများ ပိုမိုအားကောင်း လာစေရေး အတွက် အမေရိကန်အစိုးရအနေဖြင့် အကူအညီ ပေးရန်အသင့်ရှိနေမှုများကိုလည်းကောင်း ပြောဆိုဆွေး နွေး ခဲ့ကြသည်။


ထို့နောက် နေ့လည် ၂း၃ဝ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr.Yang Houlan နှင့်အဖွဲ့သည် ၈၈မျိုးဆက်ရုံးခန်းသို့ရောက်ရှိလာပြီး၊ ၈၈မျိုးဆက်ခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီတို့နှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး တစ်ဦးအနေဖြင့် ၈၈မျိုးဆက်တို့နှင့် ပထမဆုံးအကြိမ်တွေ့ဆုံမှုပင်ဖြစ်သည်။ 

ထိုသို့တွေ့ဆုံရာတွင် အစိုးရချင်း ဆက်ဆံရေးကောင်းမွန်မှုနည်းတူ၊ ပြည်သူချင်းဆက်ဆံရေး၏ အရေး ပါမှုကိုလည်းကောင်း၊ နယ်နိမိတ်ချင်းထိစပ်မှုများသောကြောင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကိုလည်းကောင်း၊ အပြောင်းအလဲကာလတွင် နိုင်ငံသားတို့၏အခွင့်အရေးနှင့် လူမှုအဖွဲ့အစည်း ဆိုင်ရာကဏ္ဍများ မြှင့်တင်ရေးတို့ကိုလည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။






Credit : http://www.dawnmanhon.com/2013/05/blog-post_7227.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။