/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 14, 2013

.

ဆိုင်ကလုန်း MAHASEN လမ်းကြောင်း တောင်ဘက်အနည်းငယ်ရွေ့


Photo: ဆိုင်ကလုန်းမုန်တိုင်း MAHASEN လမ်းကြောင်း မြောက်ဘက်သို့ ထပ်မံရွေ့ 
By mmweather.ygn, on May 14th, 2013
http://blog.mmweather.com/2013/05/14/cyclone-mahasen-track-updated-02/

ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် ယနေ့ နံနက် မြန်မာစံတော်ချိန် ဝဝ၃ဝ နာရီမှ စတင်၍ မြောက်ဘက်သို့  ဦးတည်ရွေ့ လျားပြီး မြန်မာ စံတော်ချိန် နံနက် ၀၆၃ဝ နာရီတွင် အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့  အရှေ့ ဘက် မိုင် ၃၄ဝ ခန့် ၊ မြန်မာနိုင်ငံ ကျောက်ဖြူမြို့  အနောက်တောင်ဘက် မိုင် ၆၇ဝ ခန့် ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် ၇၃၅ မိုင်ခန့် အကွာ ဘင်္ဂလား အော်ပင်လယ်ပြင်သို့  ရောက်ရှိ ဗဟိုပြု နေပါသည်။

ဆိုင်ကလုန်း MAHASEN ၏ ဗဟို ဖိအားနှင့် လေတိုက်နှုန်းတို့  ပြောင်းလဲလာခြင်း မရှိသေးကြောင်း တွေ့ ရသော်လည်း လမ်းကြောင်း အနေအထား မြောက်ဘက် သို့  ရောက်ရှိသွားကာ (ပုံ – ၁) မုန်တိုင်း ဗဟိုသည် မေလ ၁၇ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း၊ Barisal Division ၏ မြစ်ဝဒေသ (စစ်တကောင်းမြို့ အနောက်ဘက် မိုင် ၇ဝ ခန့် (ပုံ – ၂) တွင် ကြည့်ပါ) ကို ဖြတ်ကျော် ဝင်ရောက်ပြီး၊  အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မြောက်ပိုင်းမှ တစ်ဆင့် မဏိပူရပြည်နယ်သို့  ကုန်းတွင်း မုန်တိုင်းအဖြစ် ဆက်လက် ရွေ့လျားမည် ဖြစ်ကြောင်း JTWC Warning #15 (မြန်မာစံတော်ချိန် နံနက် ဝ၃၃ဝ နာရီ)တွင် ဖေါ်ပြထား ပါသည်။

မုန်တိုင်း အရှေ့ မြောက်ဘက်သို့  ချိုးကွေ့ နိုင်မည်ဖြစ်ကြောင်း ခန့် မှန်းချက်များ ရှိနေသဖြင့် အရှေ့ မြောက်ဘက်သို့  ချိုးကွေ့ ပြီးသည့် အခါ ပြောင်းလဲ လာဦးမည့် ဆိုင်ကလုန်းမုန်တိုင်း MAHASEN ၏ လမ်းကြောင်း အခြေအနေကို ထပ်မံ တင်ပြပေးပါမည်။

ဆိုင်ကလုန်းမုန်တိုင်း 01B MAHASEN
14 May 2013 0000Z
Location: 13.7 85.3
Winds: 50 knots
Central Pressure: 985 hPa

မေလ ၁၄ ရက် မြန်မာစံတော်ချိန် ၁၅၃ဝ နာရီတွင် JTWC မှ အချက်အလက်များအရ ဆိုင်ကလုန်း မုန်တိုင်း MAHASEN သည် အိန္ဒိယနိုင်ငံ ကိုလ် ကတ္တားမြို့ တောင်-အနောက်တောင်ဘက် မိုင် ၆ဝဝ ခန့်၊ ချင်နိုင်းမြို့ အရှေ့-အရှေ့မြောက်ဘက် ၃၈၅ မိုင်ခန့်၊ မြန်မာနိုင်ငံ ပုသိမ်မြို့ အနောက်-အနောက်တောင်ဘက် မိုင် ၆၂ဝ ခန့်၊ ကျောက်ဖြူ မြို့ အနောက်တောင်ဘက် ၆၂၅ မိုင်ခန့်၊ စစ်တွေ မြို့ အနောက်တောင်ဘက် မိုင် ၆၂ဝ ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် ၆၈၅ မိုင်ခန့် အကွာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း ပင်လယ်ပြင်၌ ဗဟိုပြုနေပါသည်။


ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် မြန်မာစံတော်ချိန်နံနက် ဝ၆၃ဝ နာရီမှ စတင်၍ အရှေ့မြောက် ဘက်သို့ ချိုးကွေ့ပြီး တစ်နာရီ ၇ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားလျှက်ရှိပါသည်။

မြန်မာစံတော်ချိန် ၁၅၃ဝ နာရီတွင် မုန်တိုင်းအရွယ်အစား အချင်း ၁၂၅ မိုင်ခန့် ရှိပြီး ဗဟိုဖိအား အနည်းငယ်ပြန်လည်တက်လာကာ ဗဟိုလေတိုက်နှုန်း တစ်နာရီ ၄၅ နော်တီကယ်မိုင်(တစ်နာရီ ၅၁.၈ မိုင်ခန့်) ရှိနေပါသည်။ မုန်တိုင်းဗဟိုတွင် လှိုင်းအမြင့် ၂၁ ပေအထိ ရှိနိုင်ကြောင်း JTWC မှ အချက်အလက်များတွင် ဖေါ်ပြထားပါသည်။ MAHASEN သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားရင် ပိုမိုအင်အားကောင်းလာမည်ဖြစ်ပြီး၊ မေလ ၁၄ ရက် မြန်မာစံတော်ချိန် ၂၄၃ဝ နာရီတွင် အချင်း မိုင ၁၄ဝ၊ ဗဟိုလေတိုက်နှုန်း ၅၅ နော်တီကယ်မိုင်(တစ်နာရီ မိုင် ၆ဝ ကျော်)သို့ လည်းကောင်း၊ မေလ ၁၅ ရက် နေ့လည် ၁၂၃ဝ နာရီတွင် အချင်းမိုင် ၁၈ဝ၊ လေတိုက်နှုန်း ၆၅ နော်တီကယ်မိုင်(တစ်နာရီ ၇၅ မိုင်ခန့်)သို့ လည်းကောင်း၊ မေလ ၁၆ ရက် ၁၂၃ဝ နာရီတွင် အချင်းမိုင် ၂ဝ၅ မိုင်ခန့်၊ လေတိုက်နှုန်း ၇ဝ နော်တီကယ်မိုင်(တစ်နာရီ မိုင် ၈ဝ နှုန်း)သို့လည်းကောင်း အသီးသီးတိုးလာမည်ဟု ခန့်မှန်းထားပါသည်။

မုန်တိုင်းလမ်းကြောင်းမှာ မူလခန့်မှန်းလမ်းကြောင်း၏ တောင်ဘက်သို့ အနည်းငယ်ကျဆင်းလာပြီး၊ မေလ ၁၇ ရက် နေ့လည် ၁၂၃ဝ နာရီ မတိုင်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ပေါ်မှ ဖြတ်ကျော်၍ ကုန်းတွင်းသို့ ဝင်ရောက်မည် ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်နိုင်မည့် လမ်းကြောင်းသည် မြန်မာနိုင်ငံ မောင်တောမြို့ အနောက်မြောက်ဘက် ၁ဝ၆ မိုင်ခန့်၊ စစ်တွေမြို့ အနောက်မြောက်ဘက် ၁၆၅ မိုင်ခန့် ကွာဝေးပါသည်။ မုန်တိုင်း ကုန်းတွင်းသို့ ဖြတ်ကျော် ဝင်ရောက်ပြီး နောက် အားပျော့ကာ ကုန်းတွင်းမုန်တိုင်းအဖြစ် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်၊ မဏိပူရပြည်တို့မှတစ်ဆင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ထမံသီမြို့ မြောက် ဘက်အထိ ရောက်ရှိကာ ထမံသီမြို့ မြောက်ဘက်ရောက်ရှိချိန်(TAU-96)တွင် လေတိုက်နှုန်း ၂ဝ နော်တီ ကယ်မိုင်(တစ်နာရီ ၂၃ မိုင်ခန့်) ရှိနိုင်ကြောင်း သိရှိရပါသည်။ 

Credit : https://www.facebook.com/mmweather?fref=ts

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။