/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 14, 2013

.

အလုပ်များလို့အမှတ်စာရင်းမကြည့်မိပဲဆုမှားပေးတဲ့မြို့နယ် ပညာရေးမှူးကို တိုင်ကြားမည်ဟုဆို



၂၀၁၂-၂၀၁၃ ပညာသင်နှစ် တွင် လှိုင်သာယာ မြို့နယ်အထက (၄) ဆဋ္ဌမတန်း၌ သိပ္ပံဘာ သာရပ် နဲ့ ပတ်သက်၍ ပထမဆုပေးရာ တွင် မြို့နယ်ပညာရေးမှူးမှ အမှတ်စာရင်း မကြည့် ပဲဆုမှားပေး မိသည့်အတွက် အမှတ်အများဆုံး ရ ကျောင်းသားမိဘက မကျေနပ်၍ သက်ဆိုင် ရာ ပညာရေးဌာနသို့တိုင် ကြားမည်ဟု သိရပါ သည်။


၎င်းကိစ္စအား သိပ္ပံဘာသာ ရပ်တွင် အမှတ် အများဆုံးရရှိထားတဲ့ မောင်သူရမျိုးတင့်၏ မိဘများ မှ “(၁၈.၂.၂၀၁၃) ရက်နေ့က ကျွန်မနဲ့ ကျွန်မအမျိုးသားတို့ လှိုင်သာယာ အ.ထ.က (၄) ကျောင်းအုပ်ကြီးနှင့် အတူမြို့နယ် ပညာရေးမှူးရုံးကို သိပ္ပံသဘာ ပထမဆုနဲ့ ပတ်သက်ပြီး ပညာ ရေးမှူးနဲ့ ဆွေးနွေးပါတယ်ဖြစ်နိုင် ရင် ဆဋ္ဌမတန်းက သိပ္ပံစာရင်းကို ကြည့်ခွင့်ပေးပါလို့ထုတ်ပြတော့ ကျွန်မတို့ ကြည့်လိုက်တော့ ကျွန်မ သားမောင်သူရမျိုးတင့်က ၈၈ ၁/၂ မှတ်ရတယ်။ မဆုမြတ်သံစဉ်က ၈၆ မှတ်ရ တယ်။

ဒီကိစ္စကို မြို့နယ် ပညာရေးမှူးက သူအလုပ်များနေ ၍ လွဲမှားသွားကြောင်း ပထမဆု ကို မှားယွင်းစွာ ပေးမိတဲ့ ဆုကို လူမှုရေးအရ ပြန်လည်မသိမ်းလို ကြောင်း အမှန်တကယ်ရရှိတဲ့ ကျွန်မသားဟာ နစ်နာသည့် အတွက် တစ်ပတ်အတွင်း ပထမဆုတံဆိပ် ကို ဂုဏ်ပြုလွှာပေးပါမည်ဆိုတာ ကတိပေးခဲ့တယ်။ 

ဒီဆုကို (၂) လကျော်သည်တိုင်အောင်မပေး ဘူးရှင် ၂၀၁၃ ရက်နေ့က မောင်သူရမျိုးတင့်အတွက်ဆုရဆို ပြီး အကြောင်းကြားတယ်။ သူဆု ပေးတဲ့ပုံစံက ပွင့်ပွင့်လင်းလင်းမရှိ တိုးတိုးတိတ်တိတ်လာပေးတယ်။ ကျွန်မကဒီလိုတော့ မယူပါဘူးရှင် လာမည့်နှစ်ကျောင်းတွင်းပညာရည် ချွန်ဆုပေးပွဲကျမှ ထည့်ပေးပါလို့ ပြောလိုက်ရတော့တယ်။ 

ဒါနဲ့ ကျန်မကဖုန်းဆက်ပြီးမေးလိုက်ပါ တယ်။ ဆရာကြီး ပထမ၊ ဒုတိယ ကို ဘယ်လိုမှတ်တမ်းတင်မှာလဲ ရှိတော့။ မောင်သူရမျိုးဝင့်က ကိုယ်ဘယ်လိုမှတ်တမ်းတင်မှာလဲ ဆိုတော့ မောင်သူရမျိုးတင့်ကာ ပထမ ဘဲလေ။ ဒုတိယဆုရရှိခဲ့ တလေးကိုလည်း ပထမဘဲတဲ့”ဟု မိခင်ဖြစ်သူဒေါ်သန်းသန်းချိုကဆိုပါသည်။

မြို့နယ်ပညာရေးမှူးအားမေးမြန်း ရာတွင် အမှန်တကယ်မှာပေးမိ ကြောင်း အတည်ပြုပြောကြားပါ သည်။

Credit : http://www.hotnewsweekly.com/archives/20477

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။