/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 14, 2013

.

စက်သုံးဆီရောက်းချမှုစနစ်အားနည်းမှုကြောင့် အမှန်တကယ်အသုံးပြုသူများအချိန်ကုန်နစ်နာခြင်းများဖြစ်ပေါ်နေ


မော်တော်ယာဉ်များ မော်တော်ဆိုင်ကယ်များအား စက်သုံးဆီဝယ်ယူခွင့်စာအုပ်နှင့် ရောင်းချပေး လျက် ရှိနေသည့် စစ်ကိုင်းမြို့မှ စက်သုံးဆီအရောင်း ဆိုင် များ အနေဖြင့် အပတ်စဉ် ဆိုင်ကယ်များအား ဓာတ်ဆီရောင်း ချပေးရာတွင် ရောင်းချမှုစနစ်အား နည်းမှုများကြောင့် အမှန်တကယ် အသုံးပြုသည့် ပြည်သူများနစ်နာ မှုအချိန်ကြန့်ကြာမှုများနှင့် ကြုံ တွေ့ နေကြရကြောင်း သိရသည်။



စစ်ကိုင်းမြို့မှ စက်သုံးဆီ အရောင်းဆိုင်များသည် တရားဝင်ဆိုင်ကယ်များအား စက်သုံးဆီ ၀ယ်ယူခွင့် စာအုပ်ပြုလုပ်ပေးခဲ့ပြီး စုံ-မအက္ခရာနှင့် နေ့ရက်ခွဲကာ အပတ်စဉ်ဆိုင်ကယ်တစ်စီးလျှင် ဓာတ်ဆီတစ်ဂါလန် နှုန်းရောင်းချ ပေးခဲ့ကြောင်း ယခုအခါဓာတ်ဆီ ခွဲတမးရရှိမှုအခြေအနေများအရ တစ်လလျှင် ဆိုင်ကယ် တစ်စီးကို ၃ ဂါလန်နှုန်းရောင်းချပေးသည်ဟု ဆိုသော်လည်း လစဉ်ဒုတိယပတ် အတွင်းရောက်မှသာ စတင် ရောင်း ချပေးပြီး တတိယပတ်ရောက်ရှိ ချိန်တွင် ခွဲတမ်းကုန်သည်ဟု အကြောင်းပြကာ ရောင်းချပေးမှု ရပ်နားသွားလေ့ရှိနေကြောင်း သိရသည်။ 


ယခုအခါဓာတ်ဆီဝယ် ယူသည့်ပြည်သူများမှာ အချိန်ကြာ မြင့်စွာ တန်းစီစောင့်ဆိုင်းကာ ၀ယ်ယူနေ ကြရသဖြင့် အဆင်မပြေ မှုများ ကြုံတွေ့နေကြရပြီး၊ ဆိုင်ကယ်တစ်စီးတည်းဖြင့် စက်သုံး ဆီဝယ်ယူခွင့် စာအုပ် ၄-၅ အုပ်ကို ကိုင်၍ အကြိမ်ကြိမ်အခါခါဝင် ရောက်နေရာယူတန်းစီထုတ်ယူနေ ကြသည့် ထုတ် ရောင်းပွဲစားများ ကြောင့် အမှန်တကယ်အသုံးပြု မည့်ပြည်သူများမှာ အချိန်ကုန်ခြင်း နစ်နာခြင်းများနှင့် ကြုံတွေ့နေကြ ရကြောင်း သိရသည်။

“အရင်တုန်းက ဓာတ်ဆီထုတ် မယ်ဆိုရင် စာအုပ်နဲ့အတူ ၀ှီးတက် ပါပြခိုင်းတယ်။ ဆိုင်ကယ်နံပါတ် နဲ့ စာအုပ်ကို တိုက်ဆိုင်စစ်ဆေး ပြီး ထုတ်ပေးတယ်။ ၀ှီးတက်ကို မပြမနေရလုပ်တော့ ဖြုတ်ပြခဲ့ရ တယ်။ ဘာပဲပြောပြောအဲဒီတုန်းက စာအုပ်တွေစုယူလာပြီး ထုတ်စား တဲ့သူတွေ အတင့်မရဲခဲ့ဘူး။ အခု ကျတော့ ဆီထုတ်ရောင်းစားတဲ့ သူတွေက စာအုပ် ၄၊၅၊၆ အုပ် ကိုင်လာပြီး ဆိုင်ကယ်တစ်စီးထဲနဲ့ အကြိမ်ကြိမ် ထုတ်နေကြတယ်။ 

တန်းစီတဲ့အခါ နေရာတွေကြိုဦး ထားကြတယ်။ အမှန်တကယ်အသုံး ပြုသူတွေအတွက်ကျတော့ ဆီ ထုတ်ဖို့အတွက် နေပူထဲ၊ မိုးရွာထဲ နာရီဝက်လောက်အချိန်ကုန်ခံ၊ တန်းစီစောင့်ဆိုင်းပြီး ၀ယ်နေကြ ရတယ်။ အမှန်တကယ်သုံးတဲ့သူ တွေက ကိုယ်ကုန်သလောက် လာထုတ်တယ်။ ကိုယ်လိုအပ်လို့ တတိယ အပတ်ကုန်မှာ ဆီလာထုတ် တော့ ခွဲတမ်းကုန်ပြီဆိုပြီး အရောင်းရပ်သွားတယ်။ အခုကျ တော့ ၀ှီးတက်တို့ ဆိုင်ကယ်နံပါတ် နဲ့ စာအုပ်တိုက်စစ်တာတွေ မလုပ် တော့ဘဲ ဆိုင်ကယ်တစ်စီးထဲနဲ့ စာအုပ် ၄၊ ၅၊ ၆ အုပ်ကိုင်ပြီးနေ့စဉ် အကြိမ်ကြိမ်အခါခါထုတ်နေသူတွေ ကို စီစစ်မှုမလုပ်ဘဲ ထုတ်ပေးနေ တယ်။ 

နေ့စဉ်ဒီလူတွေပဲ ဒီလို အခါခါထုတ်နေတာသိရက်နဲ့ မစီစစ်ဘဲ ထုတ်ပေးနေတာမဖြစ် သင့်ဘူး။ အမှန် တကယ်ဝယ်ယူ အသုံးပြုနေကြရတဲ့ပြည်သူတွေ နစ်နာနေတယ်။ အမှန်တကယ် အသုံးပြုတဲ့ ပြည်သူတွေ လာထုတ် ချိန်မှာ ခွဲတမ်းကုန်လို့အရောင်း ပိတ်ပြီဆိုတော့ အပြင်ပေါက်ဈေး နဲ့ ရောင်းနေတဲ့ဆီကို ၀ယ်ထည့် ကြရတယ်။ 

ထုတ်ရောင်းပွဲစားတွေ ကြောင့် အမှန်တကယ်အသုံးပြု တဲ့သူတွေ နစ်နာနေလို့ ဆိုင်မန် နေဂျာဆီသွားပြီး ၀ှီးတက်၊ ဆိုင် ကယ်နံပါတ်၊ စာအုပ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးစိစစ်ပြီး ရောင်း ပေးပါဦးလို့ သွားရောက် တွေ့ဆုံ ပြီး အကြံပြုတော့ စစ်ဆေးခွင့်မရှိ ပါဘူး။ စက်သုံးဆီဝယ်ယူခွင့် စာအုပ်နောက်ကျောပါစည်းကမ်း အတိုင်ုးရောင်းတာပါတဲ့ 

ဒါဆိုရင် အရင်က ဆီထုတ်ရင်သူတို့နဲ့ မဆိုင်တဲ့ ၀ှီးတက်ကို ဘာလို့ အတင်းဖြုတ်ပြခိုင်းခဲ့တာလဲ။ အခု ဒီလဆိုရင် လဆန်း ၁၀ ရက်နေ့မှ ဓာတ်ဆီစရောင်းတယ်။ ပြီးခဲ့တဲ့ လက ၂၃ ရက်နေ့မှာ ခွဲတမ်းပြတ် ပြီဆိုပြီး ဆီအရောင်းဖြတ်ခဲ့တယ်။ အမှန်တကယ်အသုံးပြုတဲ့ပြည်သူ တွေ အချိန်ကြန့်ကြာမှု နစ်နာမှု မရှိအောင်ထုတ်ရောင်းပွဲစားတွေ အတင့်ရဲနေတာကို စိစစ်သင့်ပြီ” ဟု ဓာတ်ဆီထုတ်ယူနေသည့် ဆိုင်ကယ် ပိုင်ရှင်တစ်ဦးကပြော သည်။

Credit : http://www.hotnewsweekly.com/archives/20463

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။