/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 14, 2013

.

ဒဏ်ရာရတပ်မတော်သာများနှင့် ပြည်သူများသို့ ထောက်ပံ့ငွေပေးအပ်


ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင်အတွင်း တိုက်ပွဲများ တွင်ဒဏ်ရာရရှိသော တပ်မတော် သား (၄) ဦးနှင့် လမ်းမပေါ်တွင် သွားလာနေခဲ့စဉ် သေနတ်ပစ်ခတ် ခံရသည့်အပြစ်မဲ့ပြည်သူ (၂) ဦး နှင့် နေအိမ်အတွင်းဝင်ရောက်ပစ် ခတ်ခြင်းခံရသော အပြစ်မဲ့ပြည်သူ (၃) ဦးတို့မှာ မူဆယ်ဆေးရုံတွင် ကုသလျက်ရှိရာခရိုင်အုပ်ချုပ်ရေး မှူးဦးကောင်းစံဦး၊ မြို့နယ်အုပ်ချုပ် ရေးမှူးဦးကိုကိုဇော်၊ မူဆယ် ဂရုဏာ ဖောင်ဒေးရှင်းအသင်း၊ ကာယကံ မေတ္တာ ရှင် အသင်းတို့မှ တာဝန်ရှိ သူများမှယနေ့ (၁၁.၅. ၂၀၁၃) နေ့ နေ့လယ် (၁၁း၀၀) နာရီအချိန် ကသွားရောက်၍ အားပေစကား ပြောကြားပြီး မေတ္တာဂရုဏာ ရှေ့ ထား၍ အဖွဲ့မှတပ်မတော်သား တစ်ဦးလျှင် (၄၀၀၀၀) ကျပ်စီနှင့် အရပ်သားပြည်သူတစ်ဦးလျှင် ကျပ် (၃၀၀၀၀)ကျပ်စီပေးအပ် ထောက်ပံ့ခဲ့ကြောင်း သိရှိရပါ သည်။


ဒဏ်ရာရသည့်အရပ်သားပြည် သူ(၂) ဦးမှာ မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးမှ မူဆယ် မြို့နယ် တုန်ခန်ရွာမှ တရုတ်ပြည် နယ်စပ်သွားသော ကျိန်စန်းကျော့ လွယ်အင်ရွာသွားလမ်းပေါ်တွင် သေနတ် ဒဏ်ရာကြောင့် သေဆုံး သူ (၁) ဦးနှင့်အတူ အပစ်ခံရ သောဇနီးမောင်နှံ (၂) ဦးဖြစ်ပြီး ကျန် (၃) ဦးမှာ မူဆယ်မြို့နယ်နမ့် ပန်း၊ နမ့်စွမ်းရွာအကြားရှိအမြဲ ကောင်းစိုက်ပျိုးရေးခြံတွင် ၀င်ရောက်ပစ်ခတ်ခံရသော သေဆုံး သွားသည့်အိမ်ထောင်ဦးစီးအမျိုး သား (၁) ဦးနှင့်အတူ သေနတ် ဒဏ်ရာရရှိခဲ့သည့်မိသားစုဝင်များ ဖြစ်ကြောင်း သိရှိရသည်။


၁၀.၅.၂၀၁၃ နေ့ကလည်း မူဆယ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌမိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်းမှလည်း ထောက်ပံ့ငွေ နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါ သည်။

Credit : http://www.hotnewsweekly.com/archives/20470

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။