/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 7, 2013

.

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ရိုဟင်ဂျာဒုက္ခသည်များအရေး အင်တာဗျူး

“ဘင်္ဂလားဒေ့ရှ်နိုင်ငံ (Bangladesh) ဘက်သို့ ထွက်ပြေး လာနေကြသော မြန်မာနိုင်ငံမှ ထောင် ပေါင်း များစွာသော ရိုဟင်ဂျာလူမျိုးများ၏ အကြမ်း ဖက်မှုခံနေရမှုကို အဆုံးသတ်ရေး အဖြေ မှာ မြန်မာ အစိုးရတွင်သာ ရှိပါသည်”ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံ ခြားရေးဝန်ကြီး ဒီပုမိုနီ (Dipu Moni) က Arab News နှင့် ပြုလုပ်သော အင်တာဗျူး၌ ပြောကြား လိုက်သည်။


“ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ရိုဟင်ဂျာလူမျိုးများ၏ အတိဒုက္ခကို ကမ္ဘာ့ကုလသမဂ္ဂနှင့် အိုအိုင်စီအဖွဲ့သို့ တင်ပြပြီးဖြစ်ကြောင်း၊သို့သော် ဤအရေးမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်သောကြောင့် မြန်မာ ကသာ လျှင် ဖြေရှင်းနိုင်မှာဖြစ်ကြောင်း”တို့ကိုလည်း သူမက ပြောကြားသွားသည်။

“လွန်ခဲ့သော ဆယ်စုနှစ် သုံးခုအရင်ကပင် အဆက်မပြတ် ဖြစ်ပေါ်နေသော အကြမ်းဖက်ခံရမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်လာရာ နိုင်ငံအတွက် ဘဏ္ဍာရေး ဝန်ထုတ်ဝန်ပိုးကြီးတစ်ခု ဖြစ်ရသည်”ဟုလည်း ဒီပုမိုနီက ပြောသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ ပဋိညာဉ်ကို လက်မှတ်ရေးထိုး ထားခြင်း မရှိသော်လည်း မြန်မာ့ဒုက္ခသည်များအရေးကို လူသားခြင်းစာနာသော ရှုထောင့်မှ ကြည့်ရှုဆောင် ရွက်ကြောင်း”လည်း သူမက ဆိုသည်။

“ရိုဟင်ဂျာဒုက္ခသည်များအား မြန်မာနိုင်ငံ၌ ပြန်လည်နေရာချထားရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ကူညီရန် အသင့်ရှိသည်”ဟု ဆိုသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။