/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, May 7, 2013

.

ရှမ်းပြည်နယ်တွင် တိုက်ပွဲများအဆုံးသတ်ရေး ကြိုးစားမည်ဟု သမ္မတကတိပြု

ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်၌ ပြန်လည် ဖြစ် ပွားနေသည့် တိုက်ပွဲများအဆုံးသတ်ရေး အတွက် ကြိုးစားသွားမည်ဟု နိုင်ငံတော်သမ္မတက ကတိပြု ပြောကြားလိုက်သည်။

နိုင်ငံတော်သမ္မတက နိုင်ငံရေးပါတီများနှင့် ယနေ့ တွေ့ဆုံစဉ် အထက်ပါအတိုင်း ကတိပြုပြောကြား ခဲ့ခြင်းဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကပြောသည်။


နိုင်ငံတော်သမ္မတက တိုက်ပွဲများ ဆက်လက်မဖြစ်စေရေးအတွက် ဆောင်ရွက်ရာတွင် ၎င်းတစ်ဦးတည်း လုပ်ရုံဖြင့် မပြီးကြောင်းပြောကြားခဲ့ ပြီး အားလုံးပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ဦးခွန်ထွန်းဦး က ပြောသည်။

နေပြည်တော်တွင် မေလ ၅ ရက်က ပြုလုပ်သည့်နိုင်ငံရေးပါတီ အချို့နှင့်တွေ့ဆုံပွဲအတွင်း သမ္မတက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်များကြား ငြိမ်းချမ်းရေးေ ဆွးနွေးမှု များ အောင်မြင်မှုအချို့ရခဲ့ပြီး နောက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သောကြောင့် ဒေသခံများက နယ်ြေ မငြိမ်းချမ်းမှုပျက်ပြားမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။

“လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့က ပြဿနာဖြစ်နေတာ။ ခံရတာကကြားကပြည်သူ။ တပ်တစ်ခုထဲ တင်မရဘူး။ အခြားလက်နက်ကိုင်တွေကလဲ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မှာ။ တစ်ချို့ နေရာတွေမှာ ကတပ်ကြောင့် မဟုတ်ဘဲ အခြားလက်နက်ကိုင်တွေကြောင့် ထွက်ပေးရတာလဲရှိတယ်”ဟု သီပေါ မြို့နယ်မှ အမည် မဖော် လိုသူဒေသခံ တစ်ဦးကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရတပ်နှင့် (SSPP\SSA) တို့ ဧပြီလ နောက်ဆုံးပတ်နှင့် မေလ ဆန်းများ အတွင်းက တိုက်ပွဲအချို့ပြန်လည်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

SSPP\SSA နှင့်အစိုးရတို့ကြား ၂၀၁၁ခုနှစ် ဇန်န၀ါရီလတွင် အပစ် အခတ်ရပ်စဲရေးသဘော တူလက် မှတ်ရေးထိုးခဲ့ကြသော်လည်း နှစ် ဘက်လက်နက်ကိုင်အဖွဲ့များကြား ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲ အချို့ ဖြစ်ပေါ်ခဲ့သည်။

ရှမ်းပြည်နယ်အတွင်း အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့်အစိုးရ တပ်ဖွဲ့ဝင်များ ကြား ဖြစ်ပွား ခဲ့သောတိုက်ပွဲများကြောင့် နေရပ်ကိုစွန့်ခွာထွက်ပြေးနေရသော ဒုက္ခသည်များရာချီရှိနေသည်။

FROM-7DAY NEWS JOURNAL

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။