ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်း ကြောင်းမှာ သည်း မခံနိုင်တာတွေ၊ ခွင့် မလွှတ်နိုင်တာတွေ၊ မစွန့်လွှတ်နိုင် တာ တွေ၊ မမေ့ပျောက်နိုင်တာတွေ အားကြီး လွန်း လို့ ပြည်ထောင်စုမြန်မာနိုင် ငံတော်ကြီး ဟာ သွေးချောင်းစီးပြီးတော့ ထပ် တလဲလဲပစ်ကြ၊ ခတ်ကြ၊ သတ်ကြ၊ ဖြတ် ကြ၊ ဖမ်းဆီးကြ၊ နှိပ်စက်ကြနဲ့ ဒီလိုတွေ ဖြစ်လာခဲ့တာ။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ရဲ့သက်တမ်းဟာ လွတ်လပ်ရေးရပြီးခါစ ကတည်းက အခုထိပြန်ကြည့်ရင် နှစ် ၆၀ ကျော်ကျော် ရှိလာခဲ့ပြီ။ အနှစ် ၆၀ ကာလပတ်လုံး ဒီလိုပဲ တစ်ယောက်နဲ့ တစ်ယောက် သည်းမခံနိုင်ကြတာတွေ၊ ခွင့်မလွှတ်နိုင်ကြတာတွေ၊ မစွန့်လွှတ်နိုင် ကြတာတွေ တစ်ယောက်ရဲ့အပြစ်ကို တစ်ယောက်က မမေ့ပျောက်နိုင်ကြတာ တွေ၊ အဲဒါတွေကြောင့် အခုထိ စည်းလုံး ညီညာမှုနဲ့ ငြိမ်းချမ်းသာယာရေး ပျက် ပြားပြီး လက်တွဲဆောင်ရွက်ခြင်း၊ Peace ရယ်၊ Harmony ရယ်၊ Co-existence ရယ်၊ ဒီကနေ့ထိ မရသေးဘူး။
ရှေးဦးစွာ ငါပြောချင်တာကတော့လက်ပန်းတောင်း တစ်ပတ်လည်က လူတွေရော၊ တစ်နိုင်ငံ လုံးက လူတွေရော၊ လူမျိုးမရွေး ဘာသာ မရွေး၊ တိုင်းရင်းသား အားလုံး၊ လူမျိုးစု နိုင်ငံ သားတွေဟာ မြန်မာ့မြေပုံပေါ်မှာ မွေးတဲ့သူတွေ၊ မြန်မာပြည်ထဲမှာပဲနေနေ၊ အပြင်ဘက်မှာပဲနေနေ၊ အကုန် လုံးဟာ အချင်းချင်း အပြန်အလှန်ခွင့်လွှတ်ကြပါ လို့။
တစ်ယောက်ကိုတစ်ယောက်၊ နောက် တစ်ခုကတော့ သည်းခံကြပါ၊ သည်းခံ တယ်ဆိုတာ အဓိကကတော့ ဒေါသကို ထိန်းချုပ်တာပဲ။ တစ်ယောက်က တစ် ယောက် အမှားအယွင်းရှိရင်လည်း ခွင့် လွှတ်ကြပါ။ ပုထုဇဉ်တွေဟာ မှားတတ် တာရှိတယ်။ ကြီးကြီးကျယ်ကျယ် မှားရင် ခွင့်မလွှတ်နိုင်ပေမဲ့ အနည်းငယ်မျှမှားတာ တွေအကုန်လုံး ခွင့်လွှတ်ကြပါ။ နောက် တစ်ခုကစွန့်လွှတ်ခြင်းဆိုတာလည်းအရေး ကြီးတယ်။
အဲဒီအခြေခံမူ သုံးချက်ကွာ၊ ငါကတော့ သဘောကျထားတာ။ နိုင်ငံ တော်မှာ လူတွေဟာ အဲဒီလို ကျင့်သုံးနိုင် ခြင်းမရှိကြတဲ့အတွက်ကြောင့် ရန်ဖြစ်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ပစ်ကြ၊ ခတ်ကြနဲ့ နှစ် (၆၀)ကျော်ပြီး ဆူးခင်းတဲ့ ခရီးကြမ်း ကြီးကို တို့နိုင်ငံသားတွေ ဗမာတွေ၊ ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ကယား၊ ရခိုင်၊ ရှမ်း လူမျိုးစု တစ်ရာကျော်ဟာ ဆူးခင်းတဲ့ ခရီးကြမ်းကြီးကို လျှောက်လှမ်းခဲ့တာ ကြာလှပြီပဲ။
ဒီကနေ့ အဲဒီခရီးကြမ်းကြီးဟာ ဆုံး တော့မယ်။ အဲဒါကြောင့် ရွှေမြန်မာတို့က ရွှေတံခါးကြီးကို ခုဖွင့်ခါနီး အနေအထား မှာ အကုန်လုံးရောက်နေကြပြီ။ ရွှေတံခါး ကြီးကိုဖွင့်ဖို့ အနေအထား ရောက်တာ ဟာ မစုခေါင်းဆောင်တဲ့ NLD အဖွဲ့ ၀င်တွေအားလုံးနဲ့ သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့စစ်ဗိုလ်ချုပ်၊ ဗိုလ်ချုပ် လူထွက်တွေ လက်တွဲနိုင်ကြလို့ ဖြစ်တာ။ အဲဒီလို လက်တွဲတာကို စွဲစွဲမြဲမြဲ ဆက်တွဲ နိုင်ဖို့ရာ သိပ်အရေးကြီးတယ်။
အဲဒီလို ဤနှစ်ဦးသားလက်မတွဲနိုင်ဘူး ဆိုလို့ရှိရင် ဆူးခင်းတဲ့လမ်းကြမ်းကြီးပေါ်မှာပဲလျှောက် ကြရဦးမှာပဲ။ အနည်းကလေးမျှသော အကြောင်းကိစ္စရဲ့အခြေခံကိုအကြောင်း ပြုပြီးတော့ ရန်ဖြစ်ကြမယ်၊ ခွင့်မလွှတ် နိုင်ကြမယ်၊ သည်းမခံနိုင် ကြမယ်၊ ရန် တွေ့ကြမယ်၊တိုက်ခိုက်ကြမယ်၊ ဖော်ထုတ် ကြမယ်၊ အဲဒါတွေ စွဲနေကြဦးမယ်ဆိုရင် ဒီဆူးခင်းသော လမ်းကြောင်းပေါ်ကို အကုန်လုံးပြန်လျှောက်ကြရမှာ။ ပြီးတော့ ရွှေတံခါးကြီးကလည်း ပိတ်သွားမှာ။ ဒါ့ ကြောင့်ရှေးဦးစွာငါပြောချင်တာကတော့ ဒီသုံးချက်ပါ။ အားလုံးသည်းခံကြစမ်းပါ။ နောက်တစ်ခုကတော့ တစ်ယောက်တစ် ယောက် ခွင့်လွှတ်ကြစမ်းပါ။ နောက် တစ်ခုက စွန့်လွှတ်ခြင်း ဆိုတာကလည်း အရေးကြီးပါတယ်။ စွန့်လွှတ်ပုံ အမျိုး မျိုးတော့ ရှိတယ်။ နိုင်ငံတော်ရဲ့ လွတ် လပ်ရေးအတွက်အောင်ဆန်းတစ်ယောက် နဲ့ အပေါင်းပါ၊ ခေါင်းဆောင် ကြီးတွေ အများကြီးပဲ။ အသက်တွေ စွန့်လွှတ်သွား ကြတာပဲ။ အဲဒီတော့ အောင်ဆန်းသေပြီး တဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေးရ၊ လွတ် လပ်ရေးရပြီး နှစ်ပေါင်း(၆၀)လောက်ခရီး မှာ နိုင်ငံတော်တစ်ခုလုံးရဲ့ ဒီဆူးခင်းသော လမ်းကြမ်းကြီးကိုပန်းခင်းသော လမ်းအဖြစ် ပြောင်းပေးနိုင် မယ့်ခေါင်းဆောင်ဟာ တို့ တိုင်းပြည်မှာမတွေ့ခဲ့ရဘူး။
ရွှေတံခါးကြီး ကို ဖွင့်ပေးနိုင်မယ့် ပုဂ်္ဂိုလ်ဟာ ဒီကနေ့ တွေ့ပြီ၊ အောင်ဆန်းမရှိတဲ့နောက်ပိုင်း မှာ အောင်ဆန်းသမီးတစ်ယောက် ပေါ်လာ တာဟာ ဒို့အတွက်တော့ အဲဒါ အတော် ကံကောင်းတယ်။ နောက်ပြီးတော့ တပ်မ တော်ကြီးအတွက်လည်း သိပ်ကံကောင်း တယ်။ မစုတစ်ယောက်ဟာဒီပဲယင်းကိစ္စ ကြီးတစ်ခုလုံးကို လုံးဝမျက်နှာလွှဲပြီးတော့ ခွင့်လွှတ်ထားတာ။ ဘာအစအနမှ ပြန် မဖော်ဘူးဆိုရင် လက်ပံတောင်းတောင် က ကိစ္စတွေလည်းပဲ အကုန်လုံးက အဲဒီ လိုပဲ။ ““သြော်- မစုတောင် ဒီလောက်ကြီး ခွင့်လွှတ်နိုင်ရင်တို့တစ်တွေလည်းခွင့်လွှတ် ကျေနပ်ကြဖို့ ကိစ္စဟာ ဒါနှလုံးသားထဲ မှာအကုန်လုံး စွဲစွဲမြဲမြဲထား။ ဒီမူဝါဒသုံးခု ပေါ့လေ။ ငါတွေးထားတာ အားလုံးရှိဖို့ ကောင်းတယ်။ အဲဒါကြောင့် Union Of Myanmar ကို United Myanmar ဖြစ်အောင်၊Development of Myanmar ဖြစ်အောင်။Golden Myanmar ဖြစ် အောင် ကြိုးစားကြ။ အနည်းငယ်မျှသော အကျိုးအမြတ်ကို စွန့်လွှတ်မှ ကြီးကျယ် တဲ့အကျိုးအမြတ် ဆိုတာကိုရရှိနိုင်မှာ””ဖြစ် တယ်။ အဲဒီအချက် သုံးချက်ကိုတော့ ငါ အလေးအနက်ထားပြီး ပြောချင်ပါတယ်။
ဒို့ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ သမိုင်းကို တိုတိုလေးပြန်ကြည့်၊ ငါအခု ပုဂံမှာအနားယူနေတာ၊ မင်းလာမေးတော့ ငါကလည်းပဲ ဒါပြောချင်စိတ် ပေါက်နေ တာ၊ ဘာကြောင့်လဲဆိုတော့ စိတ်ထဲမှာ ပင်ပန်းလွန်းလို့ကွာ။ တိုင်းပြည်အတွက် ဒီလောက်စွန့်လွှတ်တဲ့ သူတစ်ယောက်ကို ၀ိုင်းရန်တွေ့ကြတဲ့ ကိစ်္စကတော့ အတော် စိတ်ဆင်းရဲစရာ ကောင်းတယ်။ ဒီမယ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ပထမ ဆုံးစည်းလုံးခဲ့တာအနော်ရထာမို့လားကွ။ အနော်ရထာဟာ အေဒီ (၁၁) ရာစုဆို တော့ ဒို့နိုင်ငံတော်ရဲ့စည်းလုံး ညီညွတ်မှု ဟာ အင်္ဂလိပ်အမေရိကန်တို့ ထက် သက် တမ်းရှည်ပြီကွ။နှစ်ပေါင်း (၉၀၀)ကျော်ပြီ။ အဲဒီ အနော်ရထာ စည်းလုံးညီညွတ်မှုနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ တည်ထောင်ထားခဲ့တဲ့ United Myanmar ကို ဖျက်ဆီးပစ်ကြတာကတော့ မင်းပုဂံသမိုင်းမှာ ပြန်ဖတ်၊ တိုတိုလေး၊ အကျယ်တ၀င့် သိချင်ရင်တော့ နောက် ပြန်ဖတ်၊ ငါပြောမယ်၊ သီဟပတေ့ဆိုတဲ့ ဘုရင်နဲ့ နရသူဆိုတဲ့မင်းပဲ။ အဲဒီမင်းနှစ်ပါး အကြောင်း အကျယ်မပြောဘူးကွာ။ ပုဂံ သမိုင်းမှာ အဲဒီမင်းနှစ်ပါးကို ဘယ်လိုရေး ထားသလဲဆိုတာ နာမည်လေးပဲ ပြော မယ်။ သီဟပတေ့မင်းကို ဘာခေါ်လဲဆို တော့ တရုတ်ပြေးမင်းလို့ခေါ်တယ်။နရသူ ကိုတော့ ကုလားကျ မင်းလို့ ခေါ်တယ်။ အဲဒါဟာ ဒို့နိုင်ငံသူ နိုင်ငံ သားတွေ သိပ် သတိထားရမယ့် အချက်ပဲ။
တရုတ်ပြေး မင်းနဲ့ ကုလားကျမင်း၊ အဲဒီမင်းနှစ်ပါးတို့ ကြောင့် အနော်ရထာ စည်းညီညွတ်စွာ တည်ထောင် ခဲ့တဲ့ ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီးဟာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးခဲ့တယ်။ ကုလားကျမင်း ဆိုတာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ပတိက္ခယမင်း သမီးကို လက်ထပ်ခဲ့တဲ့ ဘုရင်ကွ၊ အဲဒါ ကုလားသတ်လို့သေတာပဲ။ အဲဒါကြောင့် မို့ ““တိုင်းပြည်မှာနော် အဲဒီလို တရုတ်က တစ်မျိုး၊ကုလားကတစ်မျိုး၊ အဘက်ဘက် က ခြိမ်းခြောက် နေတဲ့အချိန်မှာ ဒီလို ရထားတဲ့ ရှားရှား ပါးပါးရထားတဲ့ခေါင်း ဆောင်ကောင်းတစ်ယောက်ကို ဒို့တစ် တွေက အားမပေး ဘူးဆိုရင် အင်္ဂလိပ်ကျ မင်းဆိုတဲ့ သီပေါမင်းဆိုတာလည်း ရှိသေး တယ်ကွ။ အဲဒီ သမိုင်းတွေကို အားလုံး ဆက်လက်ပြီးတော့ စဉ်းစားကြ။
အဲဒီ တော့ ဒီအချိန်မှာရှေးရှေးက အသက်စွန့် ကာသွားကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီး တွေရဲ့ လွတ်လပ်ရေးနဲ့ နိုင်ငံတော်ရဲ့ ဒီအမွေအနှစ်တွေကို ညီညွတ်ခြင်းဖြင့် ဒို့ တစ်တွေဟာ ထိန်း သိမ်းစောင့်ရှောက်ကြ ရမှာဖြစ်တယ်။
ညီညွတ်ခြင်းဆိုတဲ့ ကိစ်္စက လည်း သည်းမခံနိုင်ရင်မညီညွတ်ဘူးကွ၊ ခွင့်မလွှတ်နိုင်ရင်မညီညွတ်ဘူးကွ၊ မစွန့် လွှတ်နိုင်ရင် မညီညွှတ်ဘူးကွနော်။ မေ့ ပျောက်ခြင်းမရှိရင်လည်းမညီညွတ်ဘူးကွ။ အဲဒါကြောင့် Tolerance, Forgiveness, Sacrificed, Forgetness. အဲဒီအထဲမှာ ထပ်ပြောရရင် self-forge-tencess ကိုယ် ကျိုး၊ ကိုယ့်စီးပွားကို မေ့ပျောက်ခြင်းဆို တဲ့ အဲဒီအခြေခံမူလေးနဲ့ Union of Myanmar ဆိုတဲ့ နိုင်ငံတော်ကိုဆက် လက်၍ထိန်းသိမ်းစောင့်ရှောက် နိုင်ကြ စို့လို့ငါအလေးအနက်ပြောချင်တယ်ကွာ။
““သီတဂူ စန်းလပမာချမ်းမြသာယာ ရှိကြပါစေ””
ဒေါက်တာအရှင်ဉာဏိဿရ
(Ph.D,D.Litt)အဂ္ဂမဟာပဏ္ဍိတ
သီတဂူကမ်္ဘာ့ဗုဒ်္ဓတက်္ကသိုလ်
အဓိပတိဆရာတော်
Credit : Here

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။