/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 22, 2013

.

လက်ဖက်များတွင် ဆိုးဆေးများသုံးကာ ရောင်းချလာသည်ကိုတွေ့ရှိ


မြန်မာလူမျိုးများ၏ ရိုးရာ ဓလေ့အဖြစ် စားသုံးလေ့ရှိသည့် လက်ဖက်ထဲတွင် ဆိုးဆေးများ ထည့်သွင်းရောင်းချခြင်းများရှိနေ ကြောင်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောကြားသည်။

““ဆရာတို့အနေနဲ့ အရင် တုန်းက စစ်ဆေးလို့တွေ့ရှိတာ မျှစ်တွေထဲမှာ၊ အသားငါးတွေထဲ မှာပဲ ဆိုးဆေးတွေသုံးတာကို တွေ့ရှိခဲ့တယ်။ အခုထပ်ပြီး လက်ဖက်ထဲမှာပါ ဆိုးဆေးအ၀ါ ရောင်တွေကိုပါ သုံးလာကြ တယ်။ ဘာလို့ သူကသုံးတာလဲ လက်ဖက်ဆိုတာ ပုံမှန်အတိုင်းဆိုရင် အရောင်ကသိပ်မလှဘူး။ အမည်း ရောင်။ သူတို့ဆိုးဆေးသုံးလိုက် တဲ့အခါကြတော့ လက်ဖက်က အ၀ါရောင်သန်းသွားတယ်။ အမည်းမဟုတ်တော့ဘူး။ အ၀ါ ရောင်သန်းသွားတယ်။ အဲတော့ အရောင်က လှသွားတာပေါ့။ ဒါကိုဝယ်တဲ့ သူတွေကရှိတယ်။ ဒါတွေဟာ ရှောင်ကြဉ်သင့်တယ်။ နောက်ပြီး ၀ယ်ယူရင်လည်း သေချာ လက်နဲ့ကိုင်ကြည့်ပြီးတော့ မှ ၀ယ်ယူသင့်တယ်။ နောက်တစ် ခုက လက်ဖက်တို့၊ လက်ဖက်ရည် ကြမ်းတို့ဟာ သောက်တာပဲဖြစ် ဖြစ်၊ စားတာပဲဖြစ်ဖြစ် ကင်ဆာ ရောဂါကို ကာကွယ်နိုင်တယ်။ ဒါပေမဲ့ လက်ဖက်ရည်ကြမ်းတို့၊ လက်ဖက်တို့ကို ညသိပ်ပြီးတော့ မစားသင့်ဘူး ညသိပ်ပြီးတော့ သောက်တာ ပဲဖြစ်ဖြစ်၊ စားတာပဲ ဖြစ်ဖြစ် သူရဲ့ နဂိုအာနိသင် ပြယ်သွားပြီးတော့ ကင်ဆာရော ဂါဖြစ်စေနိုင်တယ်””ဟု မတ်လ ၂၀ ရက်က ပြောကြားခဲ့သည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။