/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 22, 2013

.

မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်း မိထ္ထီလာမြို့ မြင်ကွင်းများ။

မိတ္ထီလာ အဓိကရုဏ်း နောက်ဆုံးရသတင်း

မိတ္ထီလာမြို့မှာ အဓိကရုဏ်းတွေ ပြန်ဖြစ် မတ်လ ၂၀ ရက်နေနဲ့ ၂၁ ရက်ညနေ အထိ နှစ် ရက်ကြာ ဖြစ်ပွားပြီး အနည်းငယ်ငြိမ်သက်သွားတဲ့ မိတ္ထီလာမြို့မှာ ဒီကနေ့ မနက် ၅ နာရီကစပြီး မီးလောင် မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်လို့ RFA ကစုံစမ်းသိရပါတယ်။

ဒီမီးလောင်ကျွမ်းမှုတွေဟာ ရန်ကုန်-မန္တလေးကားလမ်းမဘေး၊အဝေးပြေးကားဝင်း အနီးက သီရိမင်္ဂလာ ရပ်ကွက်မှာ ဖြစ်ပွားနေတာလို့ မိတ္ထီလာမြို့နယ်မီးသတ်တပ်ဖွဲ့က အတည်ပြုပြောကြားပါတယ်။ "ပြည်သူ တစ်ချို့က သောင်းကျန်းနေတာပါ။ ရဲတွေလည်း ထိန်းဖို့ကြိုးစားနေတယ်"လို့ မီးသတ်တပ်ဖွဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မိထ္ထီလာမြို့ သီရိမင်္ဂလာ ရပ်ကွက်ရှိ ကားကြီးဝင်းအနီး မီးလောင် ကျွမ်းမှု ဖြစ်ပေါ်နေစဉ်။


မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မိထ္ထီလာမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ် ထားစဉ်။

မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်း မိတ္ထီလာမြို့ မြင်ကွင်းများ

မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း အတွင်းသို့ ရောက်ရှိနေသော အစ္စလာမ်ဘာသာဝင်များကို မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။