/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 22, 2013

.

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍

ဆယ်တန်းကျောင်းသား ၃၇၅ ဦး လာရောက်ဖြေဆိုခြင်း မရှိခဲ့
==================================

မိတ္ထီလာမြို့တွင် ၂၀၁၃ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် စာစစ်ဌာန(၈)ခု ထားရှိထား ပြီး ဘောဂဗေဒ ဘာသာရပ် ဖြေဆိုသည့်နေ့တွင် ဖြေဆိုရန် စာရင်းရှိဦးရေ(၃၃၃၉)ဦး ရှိသော်လည်း(၂၉၆၄) ဦး လာရောက်ဖြေဆိုခဲ့ပြီး (၃၇၅)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း သိရှိရသည်။

''အချို့ကျောင်းသားတွေက ကိုယ့်အိမ်မီးရှို့ခံရတဲ့အထဲမှာပါသွားလို့ စာမေးပွဲသွားမဖြေကြတဲ့ သူတွေလည်း ရှိပါတယ်။ စာစစ်ဌာနတွေကတော့ ဘာမှမဖြစ်ပါဘူး ။ကျောင်းသားတွေကို နီးစပ်ရာ စာစစ် ဌာနတွေမှာ ဖြေဆိုခွင့်ပြုခဲ့တာကလွဲလို့ ဘာမှမဖြစ်ခဲ့ပါဘူး'' ဟု မိတ္ထီလာမြို့နေ ဒေသခံတစ်ဦးက ဆိုသည်။

မနေ့ကတော့ မိတ္ထီလာမြို့မှာ ပထ၀ီဘာသာရပ် ဖြေဆိုမယ့်သူမရှိပါဘူး။ ဒီနေ့ ဘောဂဗေဒဘာသာ ရပ် ဖြေဆိုတဲ့နေ့မှာတော့ ကျောင်းသားတွေ စိတ်အနှောင့်အယှက် မဖြစ်စေဖို့နဲ့ သွားရေးလာရေး အဆင်ပြေစေဖို့ ကိုယ်နဲ့နီးစပ်တဲ့ စာစစ်ဌာနမှာ ဖြေဆိုခွင့်ပေးခဲ့ပါတယ်''ဟု အ.ထ.က(၁) မိတ္ထီလာမြို့မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။