/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, September 30, 2013

.

အစိုးရစည်ပင်မှ သားသတ်လိုင်စင်ကို သံဃာများက သိန်း ၂၀၀ ကျော်ဖြင့် လေလံဆွဲခဲ့ကြောင်း တိုင်းသံဃနာယက ဆရာတော် ဦးဝံသပါလ မိန့်ကြား



ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်လုံးကျွတ် အမဲ သားသတ် လိုင်စင်များကို ယခုနှစ်အတွက် သံဃာ တော်များက န၀ကမ္မငွေများဖြင့် စုဆောင်း၍ လိုင်စင်ဆွဲ ယူခဲ့ကြောင်း ဧရာဝတီတိုင်း သံဃာ့နာယက အဖွဲ့ဝင် ကျိုက်လတ် ကံကျောင်းဆရာတော် ဦးဝံသပါလက မြန်မာသံတော်ဆင့်သို့ မိန့်ကြားသည်။


ဆရာတော်က ““သိန်း ၂၀၀ ကျော်တယ်။ စည်ပင်ကို သွင်းလိုက်တယ်။ ဘေးမဲ့ပေါ့။ ဒီကျိုက်လတ်မှာ အမဲ သားမရှိဘူး။ မရှိဘူး ဆိုတာကတော့ ရှိတော့ ရှိတာ ပေါ့။ ဒိုင်လျှိုလေးတွေ ကျတော့ ငါတို့လည်း မလိုက်နိုင် ဘူးလေကွာ။

ကျေးရွာကနေ အသိပေးရင်တော့ ချက်ချင်း ဆင်းဖမ်းတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး ရိုက်စားနေရင်တော့ တို့လည်း မသိဘူး။ တစ်နှစ်ပဲ ရှိသေးတယ်။ ဒီနှစ်မှစတာ။ ငါတို့က သတ္တ၀ါတွေ ကယ်ဆယ်တာပေါ့ကွာ။ အကျဉ်းချုပ် ငါပြောမယ်။

အခြေခံလေး အကျဉ်းချုပ် ငါပြောမယ်။ ဒီဗလီကနေပြီးတော့ မနှစ်က တစ်ခုပြောမယ်၊ မနှစ်ကတုန်းက သူတို့ ဘယ်လောက်နဲ့စလဲ ဆိုတော့ ဆယ်ကောင်တော့ ကျော်တယ်။

သတ်တာ။ နောက်ဆုံးနှစ်က နှစ်ဆယ့်တစ်ကောင်။ နောက်ကျတော့ အကောင်ရေက ငါးဆယ်ကျော် လာရော။

လမ်းဘေးဈေးရောင်းတဲ့သူ တွေကလည်း တစ်ကောင်၊ နှစ်ကောင်၊ အဲလိုတွေ ဖြစ်လာတော့ ဒကာတွေ၊ ဒကာမတွေ ကလည်း လျှောက်လာတယ်။

လျှောက်လာခဲ့တဲ့ အခါကျတော့ ငါတို့ကလည်း အဲဒါကို လုပ်နိုင်၊ မလုပ်နိုင်၊ သတ္တ၀ါတွေကို ကယ်ချင် ပေမယ့် ကယ်နိုင်၊ မကယ်နိုင် ပြန်စဉ်းစားရတယ်။ နောက်ပိုင်း ညှိနှိုင်း လိုက်တဲ့ အခါကျတော့ ကယ်နိုင်တဲ့ အဆင့် ရောက်တဲ့အခါကျတော့ စည်ပင်နဲ့ စကားပြောရသေးတယ်။

အများကြီး။ စည်ပင်က မပေးချင်ဘူးဆိုတာက …သံဃာတွေကနေ ဒီလေလံကို ယူလိုက်ပြီဆိုရင် လာမယ့် နှစ်ကျရင် ကြမ်းခင်းဈေးကလည်း တက်လို့မရဘူး။ အပြိုင်အဆိုင်တွေလည်း မရှိတော့ဘူး။ သူတို့ဘတ်ဂျက် လျော့သွားပြီ။ တကယ်လို့ ပုဂ္ဂလိကတစ်ယောက်က ဆွဲတယ်ဆိုရင် ဈေးပြိုင်တက်ရင် သူ့အတွက် လာဘ်လာဘရှိတယ်။

သူတို့က ဘယ်လောက် ရာခိုင်နှုန်းလဲ မသိဘူးရတယ်။ အခုဆွဲလိုက်တဲ့ အခါကျတော့ ဒါအလှူဖြစ်တဲ့ အတွက် သူတို့အတွက် လာဘ်လာဘလည်း မရှိတော့ဘူး။ နောက်နှစ်ကို စင်ပြိုင်လည်း မရှိတော့ဘူး။ အဲလိုဖြစ်သွားပြီ။ မဆွဲခင်က လေလံရှင်တွေ ရှိပေမယ့် ဒီလေလံကို လေလံ မတင်ဘူး။

ဘုန်းကြီးတွေက စည်ပင်နဲ့ ညှိပြီးတော့ မေတ္တာရပ်ခံ လိုက်ပြီးတော့ မနှစ်က ဈေးနဲ့ ယူလိုက်တာ။ အမှန် ဆိုရင် တကယ့်မူရင်းဈေးက အဲလို သိန်းရာချီ ပေးစရာမလိုဘူး။

တကယ်ဆိုရင် နိုင်ငံတော်အဆင့် ဆွေးနွေးပြီးတဲ့ အခါကျရင် လေလံဈေးကို လျှော့ချပြီးတော့ ယူလို့ရတယ်။ အခုက သိန်း၂၃၀ ဆိုတဲ့ ပိုက်ဆံက နည်းတာ မဟုတ်ဘူး။ အရင်နှစ်က နောက်ဆုံး လေလံဈေးကလည်း အဲလောက်မမြင့်ဘူး။

တိုင်းကနေပြီးတော့ တစ်ဝက်။ ဦးသိန်းအောင်ပေါ့။ ၀န်ကြီးချုပ်က ၅၀ ရာခိုင်နှုန်း လျှော့ပေးတာ။ တို့က တစ်ဝက်။ ငါတို့တစ်ဝက်က တစ်နှစ်တာ ပြည့်စုံသွားတဲ့အတွက် နောက်တစ်နှစ်တာလည်း ပြည့်စုံ လောက်တယ်။ ၇၀၊ ၈၀ လောက်ရတယ်။

ငါတို့က ၉၃ အုပ်စု အကုန်လုံး တစ်အုပ်စုကို ငါးသောင်းနဲ့ ကျွန်တော်တို့ ဘုန်းကြီးကျောင်းကို အခြေခံပြီး တော့ အလှူခံတာ။ တစ်ဦးတည်း သုံးနှစ်စာ လှူတာတွေတောင် ရှိတယ်။ သူတို့လည်း အားတက်သရော စိတ်ပါဝင်စား စွာနဲ့။ ဆိုတော့ တို့က အလုပ်လုပ်တဲ့နေရာမှာ အဆင်ပြေတာပေါ့။

တို့ကျေးရွာတွေ ဆင်းပြီးတော့ စည်းရုံးရေးတရားဟောတယ်။ လယ်တီ ဆရာတော်ဘုရားကြီးပါ ပေးရ တယ်လေ။ ကျိုက်လတ်သား မှန်ရင်ပေါ့။ အမဲသား လှူပြီးသား ဖြစ်ရမယ်။ဧရာဝတီမှာ မအူပင်ရှိမယ်။

ဖျာပုံရှိမယ်။ ဒေးဒရဲရှိမယ်။ ဘိုကလေးရှိတယ်။ ကျိုက်လတ်က နောက်ဆုံးကျ တာပေါ့။ မော်ကျွန်းရှိတယ်။ တို့ကျိုက်လတ်မှာဆိုရင်တော့ လေးမြို့နယ်လုံး ရှိတယ်။ ဖျာပုံခရိုင် လေးမြို့နယ်လုံး ရှိတယ်။ပုသိမ်တို့ ဘာတို့ကျတော့ မပါသေးဘူး။ ပုသိမ်က သိန်းထောင်ချီတယ်။ ၁,၂၀၀ လား၊ ၁,၄၀၀ လားမသိ ဘူး”” ဟု မိန့်ကြားသည်။

စုပေါင်း၍ န၀ကမ္မများ စုဆောင်းထားသော မြတ်စေတနာ သံဃာအဖွဲ့တွင် 

ဦးဇဋိလ-ပ/ဥက္ကဋ္ဌ (နန္ဒ၀န်ကျောင်း ဆရာတော်)၊
ဦးစက္ကိန္ဒ-ဒု/ဥက္ကဋ္ဌ (စခန်းကြီးကျောင်းဆရာတော်)၊
ဦးပိဏ္ဍောလ-ဒု/ဥက္ကဋ္ဌ (ရှမ်းကျောင်း ဆရာတော်)၊
ဦးဝံသပါလ-အတွင်းရေးမှူး (မင်္ဂလာကံကျောင်း ဆရာတော်)၊
ဦးနန္ဒောဘာသ (ဇေတ၀န်ကျောင်း ဆရာတော်)၊
ဦးဝိလာသ (မှန်ကျောင်းဆရာတော်)၊
ဦးကုသလ (ဇေယျာသီရိကျောင်းဆရာတော်)၊
ဦးဝိမလ (ဓမ္မပါလကျောင်း ဆရာတော်)၊
ဦးပညာတိက္ခ-ဘဏ္ဍာထိန်း (မစိုးရိမ်ကျောင်းဆရာတော်)၊
ဦးနန္ဒိကသီရိ (၄ လမ်းကျောင်းဆရာတော်)၊
ဦးနန္ဒိယ (ကံသာအေးမဟာစည် ကျောင်းဆရာတော်)၊
ဦးစန္ဒဇောတိ (ပစ္ဆိမာရုံကျောင်းဆရာတော်)၊
ဦးရေ၀တ (ဃောသိတာရုံကျောင်း ဆရာတော်)၊
ဦးပဏ္ဍ၀ (မငေးကျောင်း ဆရာတော်)၊
ဦးအာစာရသီရိ (စတုဘုမ္မိက ကျောင်းဆရာတော်)၊
ဦးနန္ဒိယသီရိ-ဘဏ္ဍာထိန်း (ပညာ ဇေယျုံကျောင်းဆရာတော်)၊
ဦးပညိန္ဒ (မြို့မကျောင်းဆရာတော်)၊
ဦးဓမ္မပီယ(ဓမ္မိကာရုံကျောင်းဆရာတော်)၊
ဦးပညာသာမိ (တဘိုးကုန်းကျောင်းဆရာတော်)၊
ဦးအာစိဏ္ဏ (မှန်ကျောင်းဆရာတော်)၊
ဦးဓမ္မသုခ (မှန်ကျောင်းဆရာတော်)၊
ဦးပညာသီရိ (ရွှေသားကျောင်း ဆရာတော်) တို့ ဖွဲ့စည်းထားကြောင်း သိရသည်။


သံတော်ဆင့်

13 comments:

  1. တရုတ် နယ်စပ် ယိုးဒယား နယ်စပ်တွေက နေ ခိုးထုတ် သတ်နေတာ လတိုင်း ဒီထက်၁၀ ဆမက ရှိတယ်။ဒါတွေကျ သတ္တဝါ မဟုတ်ဘူးလား။

    ReplyDelete
  2. မရှိတာထက် မသိတာကပိုပြီးခက်နေတယ်။ မြန်မာပြည်မှာ
    ခွကျနေတာက ကိုယ့်အလုပ် ကိုယ် မလုပ်ကြတာဘဲ။
    ရင်လေးစရာဘဲ။ ဒီတိုင်းဆို မြန်မာပြည်ဟာ ရှေ့ကိုရောက်မှာကို မဟုတ်တော့ဘူး။ စိတ်ပျက်စရာ အကောင်းဆုံးက ဥပဒေအရ
    တားမြစ်ထားတဲ့ နှစ်လုံး သုံးလုံး ဘောလုံး ဖဲ ဂျင်စတဲ့ လောင်းကစားတွေ မူးယစ်ဆေးတွေ နောက်ပြီး
    မိန်းခလေးတွေနဲ့ ပြည့်ကြပ်နေတဲ့ မဟုတ်တာ လုပ်စားနေတဲ့
    ktv night club massage တည်းခိုခန်းတွေ
    တခါ ဘာသာရေးအရ ပစ်ညတ်ထား
    တဲ့ အရက် ဘီယာ စတဲ့ဟာတွေဟာ မြို့ တိုင်းရွာတိုင်းမှာ
    ပျော်ရွှင်စွာ အောင်ပွဲခံနေစဉ်မှာ ဥပဒေအရ တားမြစ်ထားခြင်း
    မရှိတဲ့ အမဲသားစားခြင်းဟာ ဒီဘုန်းကြီးတွေ အမြင်မှာတော့
    နိုင်ငံတော်ပုန်ကန်မှုထက် အပြစ် ပိုကြီးလေးနေလေလား မသိ
    မူးယစ်ဆေး ကင်းစင်နယ်မြေထက် အမဲသားကင်းစင်
    နယ်မြေက သူတို့ အတွက် ပိုပြီး အရေးကြီးနေကြသလား
    မသိ။ အစွန်းကတော့ ရောက်မှန်းမသိ တဖြေးဖြေး ပိုပိုရောက်လာပြီ။
    သတိကြီးကြီး ထားကြပါ။ ဒီလို ပုံစံတွေနဲ့တော့
    နိုင်ငံခြားက လာရောက် မြှုတ်နှံမဲ့ စိုက်ပျိုး မွေးမြူရေးတွေ
    ဆိုတာ မေ့ထားလို့ ရပြီ။
    ဘုန်းကြီးတွေမှာ တခြားလုပ်စရာ
    မရှိတော့ဘူးလား။
    ဘုန်းကြီးတွေ သားသတ်လိုင်စင်ဆွဲပြီး ဘာလုပ်ကြမလို့လဲ။
    ဒီလိုလုပ်လို့ ဘာကျေးဇူးတွေ ရလာမလဲ။
    ကိုယ့်အတွက်လဲ အကျိုးမရှိ သူများအတွက်လဲ အကျိုးမရှိ။
    ဗုဒ္ဓဘာသာမှာ အမဲသားမစားရလို့ မတားထားပါဘူး။
    လယ်တီဆရာတော်ဘုရားကြီးရဲ့ ပုဂ္ဂလိက အမြင်ပါ။
    စည်ပင်လဲ သူ့အလုပ်သူ မလုပ်ရ။
    ဘုန်းကြီးတွေ တောင်းတဲ့ လိုင်စင်မပေးပြန်ရင်လဲ ဒုက္ခ။ ပေးလိုက်ပြန်တော့လဲ ရလာတဲ့ အခွန်ကနဲလို့ မလုံမလောက်
    နဂိုက ကိုက budgetနည်းရတဲ့ အထဲ။
    လိုင်စင်အတွက်သုံးလိုက်ရတဲ့ငွေတွေ နှမြောစရာ။တကယ့်ကျယ်ကျယ်
    တွေးတတ်ရင်အဲ့ဒီ့ငွေတွေကို
    တကယ်လိုအပ်နေတဲ့နေရာတွေမှာသုံးသင့်တယ်။
    စာသင်ကျောင်းတွေ ဆေးခန်းဆေးရုံတွေ ဘကကျောင်းတွေ
    ကုန်ကုန်ပြောရင် လယ်ထွန်ဖို့နွားမရှိတဲ့ လယ်သမားတွေအတွက် လုပ်ပေါ့
    တခါ အဲဒီမြို့ တွေမှာ ဘုန်းကြီးတွေ လိုင်စင်ရှိတော့
    နွားတွေအကုန် ချမ်းသာရာရောက်ရောလား။
    နောက်ပြီး လယ်သမားတွေကို မေးကြည့်ပါ။
    သူတို့ရဲ့ ခိုင်းနွားတွေ အိုတဲ့အခါ နို့စားနွားမတွေ နို့မထွက်တော့
    တဲ့အခါ (အသားစားဖို့ သီးသန့်မွေးမြူတာတွေလဲ ရှိတယ်)
    အဲဒီနွားတွေကို ဘာလုပ်မလဲမေးကြည့်ကြပါ။
    ဒီတိုင်းဘေးမဲ့လွှတ်မလား။ အဲ့ဒီ့နွားတွေကို ပြန်ရောင်းချပြီး
    ရတဲ့ငွေကို လိုတာထပ်စိုက်ပြီး နွားတွေ ပြန်ဝယ်မလား ဆိုတာ
    ဒီလောက် ကျပ်တည်းနေတဲ့ အခါကြီးမှာ လယ်သမားတွေဟာ
    သူတို့နွားတွေကို အကုန်ဘေးမဲ့ ပေးလိမ့်မယ်လို့ ထင်တယ်ဆိုရင်
    အဲဒီ့ လူရဲ့ ဦးဏှောက်ကိုပြန်စစ်ကြည့်သင့်တယ်။
    လယ်သမားတွေဟာ သူတို့ရဲ့ နွားအိုတွေ ပြန်ရောင်းချင်တယ်
    ဆိုရင် အဲဒီမှာ ဒုက္ခရောက်ပြီ။ ဘာလို့ နွားအိုတွေကို သားသတ်
    သမားဘဲပြန်ဝယ်ချင်မှာလေ။ ခက်တာက သားသတ်လိုင်စင်က
    ဘုန်းကြီးတွေလက်ထဲရောက်နေတော့ ဝယ်မှာမဟုတ်ဘူး
    ဆိုတော့ သားသတ်လိုင်စင်နဲ့ တကယ်လုပ်ကိုင်နေတဲ့မြို့ တွေဆီ
    ခိုးပြီး
    သွားရောင်းရင်ရောင်း ဒါမှမဟုတ် တိုးတိုးသားပေါ့။
    (ကျွဲနွားတွေကို နယ်ကျော်သယ်ခွင့် မပြုပါ ) အဲဒီတော့
    အဲဒီ့ လယ်သမား နွားရှင်တွေအတွက် ရလဒ်က
    ဈေးနှိမ်ခံရခြင်းပါ။
    ဒီတော့ ဘုန်းကြီးလက်ထဲ သားသတ်လိုင်စင်ရှိတဲ့ မြို့တွေဟာ
    မိအေး နှစ်ခါမကနာရတာချည်းပါ။ နွားရှင်တွေ အတွက် ဈေးနှိမ် ခံရသလို စည်ပင်အတွက်လည်း ရသင့်တဲ့
    လိုင်စင် အခွန်ခ နည်းသွားရသလို မွေးမြူရေးသမားတွေလဲ
    လာရောက်အခြေမစိုက်တော့ဘူး။ အမဲသားစားချင်သူတွေ
    အတွက်လဲ ရွှေထက်ရှားဝယ်စားကြရတော့မယ်။
    ဘုန်းကြီးတွေကို တခုမေးချင်တယ်။ လယ်တီဆရာတော်က
    ဘာကြောင့် အမဲသားမစားစေချင်သလဲ ဆိုတာတော့
    အားလုံးသိပါတယ်။ဒါပေမဲ့ နို့အတွက်နဲ့ အသားစားဖို့
    သီးသန့် မွေးမြူထားတဲ့နွားတွေကို ဘယ်လို ယူဆမလဲ။
    လယ်တီဆရာတော်ရဲ့ အမဲသားမစားဖို့ကိုတော့ လိုက်နာပြီး
    ဘုရားဟောထဲမှာပါတဲ့ ဝိနည်းတော်တွေအချို့ ဥပမာ
    ဝတ္ထု(ငွေ)မကိုင်ရ ဆိုတာ တင်းတင်းကျပ်ကျပ် လိုက်နာခြင်း
    မရှိတာက ပိုပြီးအံ့သြဖွယ်ပင်။
    သားသတ်လိုင်စင်ရယူထားသည့် အရှင်သူမြတ်များဘုရား
    မည်သူမှအကျိုးမရှိသည့် လုပ်ရပ် များ (သာသနာအတွက်လဲ
    အကျိုးမရှိ) အဘက်ဘက်မှ
    နစ်နာစေသည့်လုပ်ရပ်များ ကို မိမိအမြင်ဆန္ဒ တခုတည်း
    အသားပေးလုပ်ဆောင်ခြင်းများကို ရပ်တန့်သင့်ပြီ ဖြစ်ကြောင်း
    လျောက်ထားအပ်ပါသည်။ ဖျာပုံခရိုင်နှင့် မအူပင် စသည့်
    ဧရာဝတီတိုင်းတွင် ဗုဒ္ဓဘာသာ ဗမာ လူမျိုးတမျိုးတည်း
    နေထိုင်အခြေကျနေခြင်း မဟုတ်ကြောင်း သိစေအပ်ပါသည်။
    ငါဆိုတဲ့ တဦးတည်း ဆန္ဒနဲ့ မျက်လုံးပိတ်ပြီး အတွေးတိမ်တိမ်နဲ့
    လုပ်ဆောင်ချက်များကို ရပ်တန့် ပစ်ပါတော့ ဘုရာ့။
    ရင်နာနာနဲ့ဘဲ လက်ရှိပကတိ ဖြစ်ရပ်အမှန်တရား တခုကို
    ဖေါ်ထုပ်ခဲ့ပါဦးမယ်။ မြန်မာပြည်တွင် အမဲသားစားသော
    ဗမာအပါအဝင်တိုင်းရင်းသားလူမျိုးများနှင့် အမဲသားစားသော
    အစ္စလာမ်ဘာသာဝင်တို့၏ အချိုး ကို နှိုင်းယှဉ်ကြည့်လျှင်
    အမဲသားစားသော ဗမာတိုင်းရင်းသားလူမျိုးများအတွက်
    အမဲသားဖြစ်စေရန် အတွက် နွားတွေကို ပိုပြီး သတ်ပေးနေရ
    တယ်ဆိုတာ သတိမမူဂူမမြင် သူ့ ပြောချင်ဇောကြောင့်
    ကိုယ့် မလုံမှာ စိုးသည့်အတွက် အသိရှိစေရန်သတိပေးခဲ့ပါသည်


    ReplyDelete
  3. မင်းပြောလိုက်ပုံက မေတ္တာ ဂရုဏာ
    တရားတွေဘယ်နားရောက်သွားမှန်း
    မသိတော့ဘူး အေနွားကိုသက်ရင်
    အဲဒိကောင်သေပီ နွားပြန်ဖြစ်မှာသေချာပဲ
    နွားကလူဖြစ်ပီ မင်းနွားဖြစ် မင်းကိုပြန်
    သက် အဲဒိလိုနဲ့ သံသရာလယ်နေတာ
    သူတပါး အသက် သက်တယ်ဆိုတာ
    မကောင်ဘူး ဒါကျောင့်တားမြစ်ထာ
    အသားစားချင်ရင် ကိုယ့်အသားကိုယ်
    ပြန်လီးစားပေါ့ကွာ မင်းမှတ်ထားဘို့က
    ကုလားပြည်မဟုပ်ဘူး

    ReplyDelete
    Replies
    1. မင်းက တကယ့်အရူးဘဲ။
      မဆန်းပါဘူး။ မငိးတို့လို အရူးတွေ
      ရှိနေလို့ လုပ်ချင်တိုင်းလုပ်လို့
      တင့်တယ်နေတာ။ မေတ္တာ
      ဂရုဏာ ဆိုတာ ဘာကိုပြော
      တာလဲ။
      မင်းက သက်သတ်လွတ်သမား
      လား။နောက်ပြီး နွားတမျိုးတည်း
      အသက်ရှိတာမဟုတ်ဘူး။
      သတ္တဝါ မှန်သမျှ အသက်ရှိတယ်
      နောက်ဆုံး ကုန်ကုန်ပြောရရင်
      အပင်တွေမှာတောင် အသက်
      ရှိတယ်။
      တကယ့်ဆန္ဒရှိရင် နွားတင်မက
      ဝက် ကြက် ဘဲ ဆိတ်သတ် လိုင်စင်တွေ ပြီး မြစ်ချောင်း အင်းအိုင် လိုင်စင်တွေ
      ပင်လယ်ပြင်ငါးဖမ်းခွင့် လိုင်စင်တွေ
      အကုန်ရအောင် ယူလိုက်ပါလား
      မင်းမှတ်ထား လူဆိုတာ
      အသားစားသတ္တဝါထဲမှာပါတယ်
      လူတွေဖွိ့ဖြိုးမှုအတွက်လိုအပ်တဲ့
      protein ဟာ အသားထဲမှာ ဖေါဖေါ
      သီသီ ရနိုင်တယ်။မြန်မာတွေ
      အားထားစားတဲ့ ငါးပိရည်စားရင်တောင် သက်သတ်
      မလွတ်ဘူး။မင်း ချီးဦးဏှောက်
      လောက်နဲ့ ဝင်မပြောပါနဲ့
      အသားစားခြင်း မစားခြင်းဟာ
      လူတဦးတယောက်ရဲ့ ဆန္ဒနဲ့ဘဲဆိုင်တယ်။ အသားဖြစ်ဖို့
      သတ်ရမယ်။သတ်တဲ့ အတွက်
      သားသတ်သူဟာ သူ့ဆန္ဒနဲ့ သူဘဲ
      မင်းဝင်ပူပေးစရာမရှိဘူး
      မင်းစကားအရပြောရင်
      အဲဒီအသားတွေကို မင်းတို့
      စားရင် အားပေးမှုမြောက်တယ်
      ဒါဆို မင်းလဲခံရမှာဘဲ။
      မင်းရဲ့ အတွေးတွေ date အောက်
      နွားကိုချစ်ပါတယ် သနားပါတယ်
      ဆိုတဲ့ သူတွေ နွားကိုအစာတောင်
      ကျွေးဘူးရဲ့လားမသိ
      အဲဒါကြောင့် ငါပြောတာ
      ကိုယ့်အလုပ် ကိုယ်လုပ်ကြပါလို့
      တခုပြောရဦးမယ်
      ဘုန်းကြီးတွေတောင် သက်သတ်
      လွတ်သမားတွေ မဟုတ်ကြဘူး
      မင်းသိဖို့ပြောပြရဦးမယ်
      အရာရာတိုင်းဟာ သူ့ဟာသူ
      အစီစဉ်တကျ ဖြစ်ပျက်နေတာ
      ချည်းဘဲ။ သူ့အလုပ်နဲ့ သူချည်းဘဲ
      သူတောင်းစားကတောင်းစားမယ်
      သုဘရာဇာက သင်္ချိုင်းကုန်းမှာရှိမယ်။
      ခဝါသည်က အဝတ်လျှော်မယ်
      သားသတ်သမားက အသက်သတ်မယ်။ လယ်သမားက
      စပါးစိုက်မယ်။ မုဆိုးက အမဲလိုက်မယ်။
      မင်းဆိုတာ
      အုပ်ချုပ်မယ်။ဘုန်းကြီးတွေလဲ
      သူ့အလုပ်သူ လုပ်မယ်။
      အဲဒီ့အစီအစဉ်တွေကို ပြောင်းလဲ
      ပေးရအောင် မင်းက ဘာကောင်
      မို့လို့လဲ။
      လူတိုင်းလူတိုင်း ကိုယ့်ဟာကိုယ်
      သိကြပါ။

      Delete
  4. နွားကို ကိုးကွယ်တာ ဟိန္ဒူအယူဝါဒပါ။
    ဟိန္ဒူအယူမှာ ဂေါတမ ဟာ ဘုရားစစ်
    စစ်မဟုတ်ဘူး။သူတို့ ကိုးကွယ်နေတဲ့
    နတ်ပေါင်းများစွာထဲက နတ်ဘုရား
    တပါးသာဖြစ်ပါတယ်။
    အရင်ကဆိုရင် ဂေါတမ ပုံတော်ဟာ
    သူတို့ နတ်ကွန်းထဲမှာတောင် နေရာ
    မရရှာဘူး။ အခုလို ဘာသာရေးကိစ္စ
    တွေဖြစ်မှ ဂေါတမ ပုံတော်ကို ရှေ့ တင်လာ
    ကြတာ။ ဒါတောင် ရှေ့ ဆုံးရဲ့ နောက်တန်း
    မှာပါ။ လက်အများကြီးရှိတဲ့ ကာလီမ
    ဟာ သူတို့ရဲ့ အဓိက နတ်ဘုရားမ တပါး
    ပေါ့။

    ReplyDelete
  5. မင်းတို့နေ့တိုင်း စားနေတဲ့ ဆန်စပါး ကို နွားမပါဘဲမင်းတို့ ပထွေးနဲ့ စိုက်လို့ရမလား တိရိစ္ဆာန် လောက်မှ ကျေးဇူးမသိ တဲ့ ခွေး အဲခွေးကနဲနဲသိတယ်

    ReplyDelete
    Replies
    1. အဲဒီလို ဆိုလဲ မင်းရဲ့အိမ်ဦးခန်းမှာ
      နွားတကောင်တင်ထားပြီး
      ဆီဦးထောပတ် နဲ့ ပူဇော်ထားပြီး
      နေ့တိုင်းထိုင်ကတော့နေလေ။
      နွားဆိုတဲ့ အဟိတ် တိရိစ္ဆာန်
      တကောင်ကိုမှ ကိုးကွယ်ချင်ကြ
      တဲ့ကောင်တွေ။ နွားဟာနွားဘဲ
      လူလိုမတွေးနိုင်ဘူး။
      မင်းတို့တွေဘဲ အမျိုးမျိုးတွေးနေ
      ကြ။ ကျေးဇူးသိတတ်ချင်ရင်လဲ
      မင်းတို့ဘဲ။ အသုံးမကျတဲ့သူကို
      နွားနဲ့ခိုင်းနှိုင်းကြရင်လဲ မင်းတို့ဘဲ
      သူသိတာက အစာချကျွေး
      ရင်စားမယ်။ တံဘိုးတတ်ရင်ဆွဲ
      မယ်။ လူကခိုင်းရတာကွ။
      လူမခိုင်းရင် မင်းနွားက သူ့ဟာသူ
      ထလုပ်မလား။ ဒါများကြီးကြီးကျယ်ကျယ်ပြော
      နေလိုက်တာ နွားက သူကိုယ်တိုင်
      ထပြီး စပါးတွေစိုက် စပါးကြိတ်
      ပြီး မင်းကို ထမင်းနေ့တိုင်းခေါ်
      ကျွေးနေတာကြနေတာဘဲ။
      နောင်ဆို စက်မှုလယ်ယာတွေ
      ထွန်းကားလာရင်(ခုတောင်ရှိနေပါ
      ပြီ)လယ်တွေကို စက်နဲ့ ထွန်တော့
      မှာ။အဲဒီအခါကျရင် နွားကို အသားနဲ့နို့ အတွက်ဘဲ မွေးကြတော့မှာ။ အဲဒီကာလကို
      မျှော်ပြီး မင်းတို့စိတ်တွေကို
      အခုထဲက ပြင်ထားကြတော့။
      စပါးစိုက်ဖို့ လယ်သမားဟာ
      နွားနဲ့ ဖက်ရုန်းရတာကွ။
      ဘယ်နှယ် လူအစား နွားကိုသနား
      ရတယ်လို့။ အသက်သခင်
      ကျေးဇူးရှင် လယ်သမားကြီးများလို့
      တနေ့ မင်းဘယ်နှစ်ခေါက်
      ရွတ်ဘူးလဲ။
      ကုန်ကုန်ပြောမယ်ကွာ ဘယ်သူတွေဘာဘဲလုပ်လုပ်
      ကိုယ်တိုင်လယ်သမား မဟုတ်လို့
      ကတော့ ကိုယ်စားရမယ့်ဆန်ကို
      ဘယ်သူမှအလကားလာမပေးဘူး
      ဝယ်စားရတယ်ကွ။မင်းရဲ့ကျေးဇူး
      ရှင်နွားက လာပေးမလား။
      လူလိုတွေးစမ်းပါကွာ။

      Delete
  6. နွားသက်သမားကနွားမသက်နဲလို့ပြေားရင်ပြေားတဲ့သူက သူ့ရန်သူပဲ ဘိန်းစားကိုဘိန်းမစားရလိုတာမြစ်တဲ့သူက သူ့ရန်သူပဲ့ ဒီတော့နွားသက်တဲ့ကောင်တွေက ပြေားတာမဆန်းပါဘူး

    ReplyDelete
    Replies
    1. hero hero တမျိုးပြီး တမျိုး မရိုးရအောင်
      တိုးတိုးပြီး တုံးနေတာဘဲ။ သားသတ်(နွားသတ်)တယ်
      ဆိုတာ သက်မွေးဝမ်းကြောင်းကွ။ ဘိန်းစားနဲ့
      မတူဘူး။ဒါကိုတောင်မသိရအောင် ညံ့ လှချည်လား။
      ခုငါတို့ဆီမှာလူတွေ ဘာဖြစ်နေလဲဆိုတော့
      တိရိစ္ဆာန် အသက်တွေဆိုရင်သာ မသတ်ရဲတာ။
      လူ လူချင်းကျတော့ ရိုက်ဖို့ နှက်ဖို့ ဆော်ဖို့တီးဖို့
      ချောက်(ဂျောက်)ချဖို့ ခြေထိုးခံဖို့ အနိုင်ကျင့်ဖို့
      ဘဝပျက်အောင်လုပ်ဖို့ စော်ကားဖို့ အားနည်းသူကို
      ဖိနှိပ်ဖို့ ပြောရရင် ကိုယ်နဲ့စိတ်သဘောချင်း
      မသက်ဆိုင်လိုက်တာနဲ့ ရန်သူလိုသဘောထားဖို့
      ဘာကိုမှဝန်မလေးဘူး။
      တိရိစ္ဆာန်တွေကျတော့ ပုရွက်ဆိတ်ကလေးကို
      သတ်ရင်တောင် ငရဲကြီးမယ်ထင်ကြတယ်။
      မဖြစ်သင့်တဲ့နေရာမှာ တလွဲဆံပင် ကောင်းနေကြတာ။
      ပြီး အဲဒီလူတွေဟာ ကိုယ်စားမဲ့အသားကို
      သတ်ပေးတဲ့သူတွေကို ယုတ်ညံ့တယ်ထင်ကြတယ်။
      တကယ်ဆို
      သားသတ်သမားတွေကိုတောင် ကျေးဇူးတင်ရဦးမယ်။
      ဘာဖြစ်လို့လဲဆိုတော့
      အဲလို လူမျိုးချည်းဘဲသာရှိနေရင်
      ငါတို့တွေ ကိုယ်စားမဲ့ အသားအတွက်
      ကိုယ် ကိုယ်တိုင်သတ်ကြရတော့မှာ။
      မင်းမှာ တခြားပြောစရာမရှိတော့ဘူးလား။

      Delete
    2. ဒီလိုပြေားမယ်လေ မင်းနဲ့နွားနဲဘယ်သူကလူ့အကျိုးပြုနေသလဲဆိုတာဥပမာမေးခွန်းလေးတွေနဲမေးကြည့်မယ်ဖြေကြည့်ပေါ့ ။
      မင်းမှာရှိတဲ့အားနဲလူတွေရဲ့ကောင်းကျိုးပြုဖူးလား?
      နွားကသူမှာရှိတဲ့အားနဲလယ်ယာတွေထွန်ကုန်တွေဆွဲနေတယ်။
      မင်းရဲ့အ သွေး အသားတွေနဲလူတွေရဲ့အကျိုးပြုပြီးလား?
      နွားကမိဖမဲ့က လေးတွေကိုသူတို့ရဲ့နိုနဲအကျိုးပြုနေတယ်။
      မင်းက မင်းရဲ့ဘိုဘေ တွေဆွေမျိုးတွေကိုဘာတွေအလုပ်အ ကျွေးပြုခဲ့ဘူးလဲ?
      နွားကမင်းရဲ့အမျိုးအ ဆွေတွေကိုတနည်း၂နဲတော့ပြုဖူးလိမ်မယ်။
      မင်းက နွားတွေကိုရေနဲ့အစာကောင်းတဲ့စိတ်နဲကျွေးဖူးလာ?သူကိုအသားတိုးအောင်ယောင် တန်းဝင်အောင်တော့ကျွေဖူးမယ်ထင် တယ်။
      နွားက မင်းကိုအသားကျွေးတယ် သူနိုကိုလဲမင်းသောက်ဖူးတယ်။
      မင်းကနိုင် ငံ့တာဝန်ဘာတွေထန်းဆောင်ပြီပြိလဲ?
      နွားက နိုင် ငံ့လယ်ယာတာဝန်တွေထန်ဆောင်နေတယ်။
      ငါကသားသက်ဆန့်ကျင်နေတဲ့လူမဟုတ်သလိုအားပေးနေတဲ့လူလဲမဟုတ်ဘူး တစ်ခုတော့ရှိတယ်လူတွေကိုအကျိုပြုနေတဲသတ္တဝါတွေကိုငါဘယ်တော့မှမသက်ဘူးဒီလိုအသားမျိုးလဲမစားချင် ဘူး ။ နွားသက်လို့နွားသက်သမားလို့ပြေားတာအဲဒါနာစရာလား ဒါအမှန်တရားပဲ။

      Delete
    3. မောင်ရင်နဲ့ စကားပြောရတာ တော်တော်ခက်နေတယ်။
      သားသတ်သမားဟာ သားသတ်သမားဘဲပေါ့။
      ဘာနာစရာရှိမလဲ။ ပြီး အမဲသားစားခြင်း မစားခြင်းဟာလဲ
      လွတ်လပ်ခွင့်လေ။ ဒါကို လက်ဝါးကြီးအုပ်ထားတာ သင့်တော်
      ပါ့မလား။ အပေါ်က ဆွေးနွေးနေတာက ငါမလုပ်လို့ မင်းမလုပ်ရ
      ဘူးဆိုတဲ့ ကိစ္စ။ နွားအပေါ် မင်းခံယူထားသလိုမျိုး ဆိုရင်
      မင်းဟာ နွားလိုကောင်ဘဲလို့ ပြောရင် မင်း စိတ်ဆိုးမယ်လို့
      ငါ မထင်ဘူး။ အဲဒီတော့ hero ဟာ နွားဘဲဆိုရင် ချီးကျူးတယ်
      လို့ မင်းမှတ်ယူမယ်မဟုတ်လား။ နောက်ပြီး နွားတွေကို
      ဂုဏ်ပြုတဲ့ အနေနဲ့ မင်းနာမည်ကိုပြောင်းလိုက်။
      နွားhero လို့။
      ကွမ်းယာဆေးလိပ်သည်တွေ။တောင်းစားတဲ့သူတွေ။
      ဘိန်းစား အရက်သမားတွေ။အဲဒီလူတွေကို
      မင်းလိုက်မေး။ ခင်ဗျားတို့ တိုင်းပြည်အတွက်ဘာအကျိုးပြု
      ဘူးသလဲလို့။ ခင်ဗျားတို့ နွားထက် အဆင့်နိမ့်တဲ့သူတွေလို့
      မင်းပြောရဲမလား။ hero ဟာ လူလား နွားလား ပြန်သုံးသပ်ပါဦး
      လူတွေကို အကျိုးပြုတဲ့ သတ္တဝါတွေပြပါဆိုရင် တီကောင်တောင်
      ပါသေးတယ်။ နွားဟာ လယ်ယာလုပ်ငန်းမှာ လောလောဆယ်မှာ
      အသုံးဝင်နေတာမှန်တယ်။ ဒါပေမဲ့ နွားကို ငါ့အနေနဲ့ကတော့
      လုပ်ငန်းလည်း ခိုင်းလို့ရတယ်။ အသားနဲ့နို့ လည်း ထွက်တဲ့
      သတ္တဝါ လို့ဘဲမြင်တယ်။ နွားတကောင်လုံး အသုံးဝင်ပုံကို
      ဘယ်သူရေးခဲ့တာလဲ။ နွားကို လယ်ထဲခိုင်းလို့ရအောင်
      ဖန်တည်းခဲ့တာ လူကွ။ ငါကတော့ လူကို လူလိုမြင်တယ်။
      တချို့ က လူကို လူလိုမမြင် နွားကိုလူလိုမြင်ပြီး လူအချင်းချင်း
      စော်တီးကြဖို့ ဖန်တီးနေကြတယ်။ မေတ္တာ ဂရုဏာတွေကို
      နွားတွေ အပေါ်မှာတောင် ထားတတ်ကြရင် လူအချင်းချင်း
      ပေါ်မှာ ပိုလို့တောင် ထားကြရမှာပေါ့။ ခုတော့ သူ့ကိုယ်သူတောင်
      နွားမှန်းမသိရှာတဲ့ နွားတွေကို အကြောင်းပြပြီး လူအချင်းချင်း
      ပြသနာတွေ ဖန်တီးကြပြန်ဦးမယ်။
      ဗုဒ္ဓလမ်းစဉ်ဟာအဲဒီလို လူတွေကြောင့် အစွန်းရောက်မှန်းမသိ
      ရောက်ကြရတော့မည်။

      Delete
    4. youပြေားတယ်လူကိုလူလို့မြင် တယ်ဆိုရင် လူလိုနှိုင်းပြီးheroကိုပြေားလေ
      you အ ပြေားကမညီဘူးဖြစ်နေတယ်

      Delete
  7. ဘုန်းတော်ကြီးတွေ အုပ်ချုပ်ရေးပိုင်း ဝင်ဝင်ရှုပ်နေကြတာ
    တော်တော် အရုပ်ဆိုးတယ်။ လက်ရှိကာလဟာ ကိုလိုနီ
    ခေတ်လဲမဟုတ် လက်နက်နဲ့ အုပ်ချုပ်တဲ့စစ်အာဏာရှင်ခေတ်
    လဲမဟုတ်တော့ဘူး။ ဒီအချိန်ဟာ လူတိုင်းလူတိုင်း ကိုယ့်အလုပ်ကို
    ကိုယ်အထူး ဝီရိယထားပြီးလုပ်ကြရတော့မယ်အချိန်ပါ။
    ခုလဲကြည့် ခုလ့ကြည့် သားသတ်လိုင်စင်ဝင်ဆွဲတယ်။
    လေလံစနစ်နဲ့ ဝင်ဆွဲတယ်ဆိုရင်တော်သေးတယ်(တကယ်တော့ ဒါဟာ
    ဘုန်းကြီးအလုပ်မဟုတ်ပါဘူး။ ပြီး စည်ပင် ကို ဝင်ရှုပ်တာ)
    ခုတော့ စည်ပင်ကိုဝင်ညှိ ဘုန်းကြီးတို့ ဒါဘဲတတ်နိုင်တယ်ပြော
    နွားတွေအသက် ကယ်ကြရအောင်လို့ပြော။ ဒါကို စည်ပင်က
    မပေးရင် ဘာဖြစ်မလဲ,? မီဒီယာ ကနေဖွမှာပေါ့။
    ဘုန်းကြီးတွေက ဗလီမှာသတ်နေတဲ့နွားတွေ အသက်ကယ်ရအောင်
    စည်ပင်မှာ သားသတ်လိုင်စင်လျောက်တာ စည်ပင်က မပေးဘူး
    လို့ ခုခေတ်စားနေတဲ့ ဗျူးတွေမှာပြောလိုက်ရင် စည်ပင်က
    လူတွေ ဘာဖြစ်သွားမလဲ။ မူဆလင်နဲ့ ပေါင်းပြီးဗုဒ္ဓဘာသာကို
    စော်ကားတဲ့ သူတွေ ဖြစ်ကုန်တော့မှာပေါ့။
    တကယ်တော့ ဒီကိစ္စမှာ ဘုန်းကြီးတွေဟာ
    ဘာသာရေးနဲ့ ဘာမှမဆိုင်တဲ့ လုပ်ရပ်တခုကို သူတို့ရဲ့
    အရှိန်အဝါကိုအသုံးပြုပြီး အနိုင်ကျင့်လိုက်တာဘဲ။
    လူ့စည်း ဘီလူးစည်းဆိုတာ ထားသင့်ပါပြီ။
    ဒီလိုသာဆက်သွားနေရင်တော့ ခက်တော့မယ်။
    တော်တော်ကြာ ငါတို့ရွေးတဲ့လူကိုဘဲ အမတ်လောင်းစါရင်းထဲ
    ထည့်ရမယ်ဆိုပြီး ဖြစ်လာကြရင်
    အကုန် ခွ(ဂွ)ကျကုန်တော့မယ်။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။