/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, September 30, 2013

.

ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် ပတ်သတ်ပြီး ပြည်သူတစ်ဦး၏ ဆန္ဒ



၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို ပြင်ဆင်မလား၊ အသစ် ပြန်လည်ရေးဆွဲမလားဆိုတာနဲ့ ပတ်သက်ပြီး ပြည် သူတွေရဲ့ ဆန္ဒသဘောထားကိုရယူဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့  တိုင်းရင်းသား နိုင်ငံရေးပါတီ တွေက (၂၈.၉.၂၀၁၃) နေ့ တွင် ဆုံးဖြတ်ချက်ချခဲ့ တယ် လို့ သတင်းရရှိပါတယ်။


ပြည်သူတစ်ယောက်ဖြစ်တဲ့ ကျွန်တော်အနေနဲ့ ကျွန်တော်၏ ဆန္ဒသဘော ထားကို တင်ပြပါမယ်။


၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား အသစ် ပြန်လည်ရေးဆွဲမည်ကို လုံးဝ (လုံးဝ) လက်သင့် မခံပါ။

အဘယ်ကြောင့်ဆိုသော် လက်ရှိ ကျွန်တော်တို့ နိုင်ငံ၏ ပြုပြင်ပြောင်းလဲ တိုးတက်မှုများ ရပ်တန့်သွားကာ မလိုလားအပ်သော ပြည်တွင်း ပြည်ပ နိုင်ငံရေး ပယောဂများ ဝင်လာနိုင်ပြီး တိုင်းပြည်မငြိမ်မသက် ဖြစ်သွား နိုင်သောကြောင့် ဖြစ်ပါတယ်။

၂။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား အများ ဆန္ဒသဘော ထားအရ ပြင်ဆင်လိုက ပြင်ဆင်ကြပါ ၊ သိုသော် နိုင်ငံတော်လုံခြုံရေး နှင့် အမျိုးသားကာကွယ်စောင့်ရှောက်ရေး အတွက် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (က) (ခ) နှင့် (စ) တို့အား မည့်သည့် အကြောင်းကြောင့်မှ လုံးဝ ( လုံးဝ ) မပြင်ဆင်သင့် ၊ မပြင်ဆင် အပ်ပေ။

အဘယ်ကြောင့်ဆိုသော် နောင်တက်လာမည့် သမ္မတကြီး ၊ သမ္မတကြီး ကတော် (သို့မဟုတ်) သမ္မတကြီး ခင်ပွန်း ၊ သမက် (သို့မဟုတ်) ချွေးမ သည် နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ (သို့မဟုတ်) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ (သို့မဟုတ်) တိုင်းတပါး ၏ နိုင်ငံသားဖြစ်သူများ ဖြစ်ကာ ၊ သွယ်ဝှက်သော နည်းလမ်းဖြင့် ကျွန်တော် တို့ နိုင်ငံ သူ့ကျွန်ဘဝ ပြန်လည်ရောက်ရှိသွားနိုင်သောကြောင့် ဖြစ်ပါတယ်။

----- ----- ----- ----- -----
အခန်း (၃) နိုင်ငံတော် အကြီးအကဲ ၊ နိုင်ငံတော်သမ္မတ နှင့် ဒုတိယ သမ္မတ များ
----- ----- ----- ----- -----

၅၉။ နိုင်ငံတော်သမ္မတ နှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများ မှာ အောက်ပါအတိုင်းဖြစ်သည် -

(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။

(ခ) မိမိနှင့် မိမိ၏ မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာ ပိုင်နက်အတွင်း ၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။

(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော် လည်းကောင်း ခံစားရသော အခွင့်အရေးများ နှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။

ကိုဂျွန်

http://www.oppositeyes.info/2013/09/blog-post_1681.html

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။