မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ နိုင်ငံပိုင်ရုပ်သံများမှ မတ် ၂၁ ရက် ည ၈ နာရီ သတင်းများတွင် တရားဝင် ထုတ်လွှင့်သွားသည်။
ထုတ်ပြန်ချက်အပြည့်အစုံမှာ -
"မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက သာမန်ဈေးအရောင်းအ၀ယ် အချင်းများရာမှ ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး မကျေနပ်သူများက အဆောက်အဦများနှင့် ဈေးဆိုင်ခန်းတစ်ချို့ ဖျက်ဆီးမှု ဖြစ်ပွားခဲ့သဖြင့် ရပ်ရွာတည်ငြိမ်အေးချမ်းမှု မပျက်ပြားစေရေးအတွက် မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးက မတ် ၂၀ ရက် ည ၈ နာရီမှ စတင်ပြီး မိတ္ထီလာမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန် တားဆီးထားကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် မိတ္ထီလာမြို့ မြို့မအရှေ့ပြင်ဈေးရှိ ရွှေဆိုင် တစ်ဆိုင်သို့ မိတ္ထီလာမြို့၊ ပြွန်ကောက်ကျေးရွာအနီး ဦးခင်မောင်ဝင်း ဇနီးမအေးနိုင်နှင့် မညိုသန်းတို့ သုံးဦး က ရွှေဆံကုပ်တစ်ခုအား ရောင်းချရန် သွားရောက်ရာ ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦးခေါ် အာရှစ်၊ ဇနီးမညွန့်ရီအေး၊ ဆိုင်လုပ်သား ညီညီခေါ် ၀င်းအောင်တို့က ရွှေဆံကုပ်ကို ငွေကျပ် တစ်သိန်းငါးထောင်ပေး မည်ဟု ဈေးညှိနှိုင်း သဘောတူပြီး မှတ်ကျောက်တင်ရန် ဈေးအတွင်းသို့ ယူသွားခဲ့ကြောင်း၊ ဈေး အတွင်းမှ ပြန်ရောက်ချိန်တွင် ရွှေဆံကုပ်မှာ ပဲ့နေပြီး ဆိုင်ရှင်တို့က ငွေကျပ် ငါးသောင်းသာ ပေးတော့ မည်ဟု ပြောဆိုရာ ဆိုင်ရှင်မိသားစုနှင့် ရွှေဆံကုပ်ရောင်းချသူ မိသားစုများ အချင်းများကြပြီး ကိုယ်ထိ လက်ရောက် ရိုက်နှက်မှုများ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဦးခင်မောင်ဝင်းမှာ ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ မျက်နှာ ဖူးရောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိတ္ထီလာ အမှတ် (၂) ရဲစခန်း မှာ (ပ) ၇၄/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၀၉(၁၄)/၃၂၅/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ပြီး ဆိုင်ရှင်ဦးထွန်းထွန်းဦး အပါအ၀င် သုံးဦးအား ဖမ်းဆီးထိန်းသိမ်းထားရှိခဲ့ကြောင်း သိရ ပါတယ်။
အဲဒီနောက် မွန်းလွဲတစ်နာရီကျော်ခန့်မှာ အခင်းဖြစ်ပွားရာ ရွှေဆိုင်အနီးသို့ အထက်ပါဖြစ်စဉ်အပေါ် မကျေနပ်သူ လူအုပ်စုများ ရောက်ရှိလာပြီး ယင်းအုပ်စုမှ လူအချို့က ဈေးဆိုင် ၆ ဆိုင်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ အဲဒီနောက် ဈေးအနောက်ဘက်ရှိ ဘာသာရေးအဆောက်အအုံ တစ်လုံးအား ဖျက်ဆီးခြင်း၊ အနီးရှိ ဆိုင်ကယ်လေးစင်းအား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ အဲဒီနောက် ညပိုင်း အထိ လူအုပ်စုများက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အဆောက်အဦများ၊ ဈေးဆိုင်ခန်းများနှင့် ဆိုင်ကယ်များကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါလူအုပ်စုတို့ရဲ့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဖျက်ဆီးမှုတို့ကြောင့် ဈေးအရှေ့ပြင်ရပ်ကွက်ရှိ အခင်းစတင်ဖြစ်ပွား တဲ ရွှေဆိုင်တစ်ဆိုင်၊ ဘာသာရေး အဆောက်အအုံတစ်လုံးနှင့် ဂျစ်ကားတစ်စီး၊ အောင်ဇေယျာရပ်ကွက်ရှိ သုံးဘီးဆိုင်ကယ်နှစ်စီးနှင့် ဆိုင်ကယ်တစ်စီး၊ တော်ဝင်နန်းလမ်းဆုံအနီးရှိ ဆိုင်ခန်းများနှင့် အခြားအဆောက်အဦ ၁ လုံး၊ သီရိမင်္ဂလာ ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံး အဆောက်အဦတစ်လုံး၊ ရန်ကြီးအောင်ရပ်ကွက်ရှိ ကားပစ္စည်းဆိုင်နှင့် အဆောက်အဦအချို့၊ ပြည်သာယာရပ်ကွက်ရှိ အဆောက် အဦအချို့၊ ရတနာမာန်အောင်ရပ်ကွက်ရှိ အဆောက်အဦအချို့နှင့် ၁၀ ဘီးကားတစ်စီး ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။
ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် ယနေ့ မွန်းလွဲ ၁ နာရီအထိ ရရှိတဲ့ သတင်းများအရ သံဃာ ၁ ပါး ပျံလွန်တော်မူကာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ကြောင်း၊ ၃၉ ဦး စိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့တဲ့အတွက် မိတ္ထီလာဆေးရုံမှာ အတွင်းလူနာ၊ အပြင်လူနာများအဖြစ် ဆေးဝါး ကုသပေးခဲ့ကြောင်း သိရပါတယ်။ သို့ဖြစ်ပါ၍ မတ်လ ၂၀ ရက် ည ၈ နာရီမှ စတင်ပြီး မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးက မိမိမြို့ပေါ်ရှိ ရပ်ကွက် ၁၄ ရပ်ကွက်အတွင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို ကျင့်သုံး၍ တားမြစ်မိန့်ပိတ်ပင်ထားကြောင်း သိရပါတယ်။
အများပြည်သူရဲ့ လိုအင်ဆန္ဒနဲ့အညီ တည်ငြိမ်အေးချမ်းမှု ရှိစေရေးအတွက် မြို့နယ်ရပ်ရွာ အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုတို့ကို ဖောက်ဖျက်ပြီး ဆူပူအကြမ်းဖက်ခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့ကြသူများအား တရားဥပဒေအရ ထိထိရောက်ရောက် ဖော်ထုတ် အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိပါသည်" ဟု ထုတ်ပြန်သွားခဲ့သည်။
Credit : Here

အထက်ကဖော်ပြထားသောသီတင်းမှားနေပါတယ်ေ၇ွှဆိုင်အချင်းများမှုမှစတင်ခဲ့သည်မှာမှန်သော်လည်းယင်းပြသနာကြောင့်ဘာသာေ၇းအဆောက်အအုံနဲ့လူနေအိမ်များ ဆိုင်ခန်းများဖျက်စီးခံ၇ချင်းမဟုတ်ပါ ထိုပြသနာဖြစ်ပွားမှုနဲ့မည်သို့မျှမပတ်သတ်သော ၀မ်းတွင်းမြို့နယ်မှမိတ္ထီလာမြို့သို့ဈေးဝယ်လာသောဦးဇင်းတပါးအားမိတ္ထီလာမြို့လည်တနေ၇ာတွင်ကုလားများကထိုဦးဇင်းအားအက်ဆစ်နဲ့ပက်မီး၇ှိ့ကာသတ်သောကြောင့်မြို့ပေါ်၇ှိဗမာများကမခံနိုင်သောကြောင့်သာဖြစ်ပါတယ်သေဆုံးသူဦးေ၇မှာလည်းယခုဖော်ပြထားသလိုငါးဦးမကပါ ၇န်ကုန်မန္တလေးအဝေးပြေးလမ်းဟောင်းလမ်းပေါ်တွင်ပင်သုံးလောင်း၇ှိပါတယ် တော်ဝင်နန်းစားသောက်ဆိုင်ေ၇ှ့လ်းမပေါ်ကအလောင်းဆို၇င်သုံး၇က်ကြာတဲ့အထိမည်သူမှကောက်ဖယ်ခြင်းမ၇ှိသောကြောင့်ခေါင်းငေါက်တောက်နဲ့လမ်းပေါ်တွင်ဒီတိုင်းကျန်နေတာပါမယုံ၇င်လာကြည့်ပါအခုထိမီးကျွင်းပြာကျန်နေသေးပါတယ်ယခင်၇က်ကဆို၇င်ခွေးတောင်လာမစားတဲ့ကုလားဘာဘီကျူးပါ
ReplyDelete