/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 22, 2013

.

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍

နေ့လည် ၁ နာရီ ၅ မိနစ်

မိထ္တီလာမြို့ပေါ် အိမ်များတွင် ပိတ်မိနေသူများကို ကယ်တင်ရန် စတင်ကြိုးပမ်း

မိတ္ထီလာမြို့၊ ပြည်သာယာရပ်ကွက်အတွင်း နေအိမ်များတွင် ပိတ်မိနေသောသူများကို ကယ်တင်ရန် စတင်နေပြီဖြစ်ကြောင်း မိတ္ထီလာမြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောသည်။

“ နေအိမ်တွေမှာ ပိတ်မိနေတာတွေ ရှိတယ်။ အဲဒါကို အခု လုံခြုံရေးတပ်ဖွဲ့တွေက ကယ်တင်ဖို့ အစီစဉ်တွေ စနေပြီ။ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ကြည့်ပြီး ရှာကြမှာ ” ဟု ၄င်းက ဆိုသည်။

ယနေ့နောက်ဆုံးအခြေအနေအရ ဓါး၊ တုတ်၊ လက်နက်ကိုင်များကို လုံခြုံရေး ရဲတပ်ဖွဲ့မှ လိုက်လံ သိမ်းဆည်း နေပြီး ပစ္စည်းများ သယ်ယူကြသူများကို ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။