/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 22, 2013

.

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်နေသူတစ်ဦးထံမှ သေနပ်၊ကျည်ဆံ၊ လက်ကိုင်ဖုန်းတို့နှင့်အတူ ဖမ်းဆီးရရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်နေသူတစ်ဦးထံမှ သေနပ်၊ကျည်ဆံ၊ လက်ကိုင်ဖုန်းတို့နှင့်အတူ မောင် တော မြို့နယ်မြောက်ပိုင်း၊ နယ်မြေ (၂) အပိုင် မင်္ဂလာညွှန့်စံပြကျေးရွာရှိ ရဲစခန်းနီးတွင် ဖမ်းဆီးရရှိ
-------------------------------------------------------------

မတ်လ ၁၉ ရက်နေ့ ညဆယ်နာရီခန့်က မောင်တောမြို့နယ်၊ မြောက်ပိုင်း၊နယ်မြေ(၂)အပိုင်၊ သက်ကိုင်း ညာကျေးရွာအနီးတွင် တံရားခံပြေးနှစ်ဦးကို ဖမ်းဆီးမိခဲ့ပြီး၊ ၂၀ ရက်နေ့ နံနက် ကိုးနာရီခန့်တွင် တမန်းသားကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာဘက် ကမ်း၊ သုဿာန်အနီး တွင် ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရရှိခဲ့ပြီး နောက် ထပ်မံပြီး မင်္ဂလာညွှန့်စံပြကျေးရွာအနီးရှိ လမ်းမပေါ်မှ တဆင့် ရဲစခန်းအနီးသို့ ချဉ်းကပ်လာသော ဘင်္ဂလီတစ်ဦးအား မသင်္ကာသဖြင့်စစ်ဆေးရာ ထိုဘင်္ဂလီ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်နေသူဖြစ်ကြောင်းသိရသည်။

ယင်းဘင်္ဂလီ၏ လက်ထဲတွင် မြန်မာငွေ ၃ သိန်းခန့် တန်ဖိုးရှိသော ပြောင်းရှည်ပီစတို တစ်လက်နှင့် တစ်တောင့်လျင် မြန်မာငွေ ၈ ထောင်ခန့်တန်ဖိုးရှိသော ကျည်ဆံ ၆ တောင့်၊ ဘင်္ဂလားဒေ့ရှ်တာကာငွေ ၂ သောင်း ခန့် တန်ဖိုးရှိ အဆင့်မြင့် လက်ကိုင်ဖုန်းတစ်လုံး ၊ တို့ကို တွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးက ကြိမ်ချောင်းရဲစခန်းသို့ပို့ဆောင်ကာ ယင်းမှတစ်ဆင့် နစကဌာနချုပ်(ကျီးကန်းပြင်)သို့ ပို့ဆောင်လိုက် သည်ဟု သိရသည်။ ၂၀ ရက်နေ့သတင်းများအရ အဆိုပါဖမ်းဆီးမိသူများကို ကျီးကန်းပြင်ထောင် တွင် ယာယီထောင်ချထားလိုက်ပြီဖြစ်ကြောင်းသိရသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။