/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, March 22, 2013

.

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍

မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်

မိတ္ထီလာမြို့ ဈေးကုန်း ဘုန်းတော်ကြီးကျောင်းတွင် ပိတ်မိနေသော AFP, Messenger, RFA အစရှိသည့် သတင်းထောက်(၉)ဦးအား မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ အစီအစဉ်ဖြင့် ဆွဲထုတ်ပေးခဲ့ပြီး ခရိုင်ရုံးတွင် အချို့ ဆက်လက် နေထိုင်ကာ သတင်းရယူမည် ဖြစ်ပြီး အချို့မှာ ရန်ကုန်သို့ ပြန်လာမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။