/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 18, 2013

.

ISchool (မြန်မာ)မှ အခမဲ့ အိုင်တီနည်းပညာသင်တန်းကို ဖွင့်လှစ်ပေးသွားမည်

အဖွဲ့အစည်းအသီးသီးရှိ ပြည်သူ့ဆက်ဆံရေး ဌာနများ (Public Relation Department) နှင့် သတင်း အချက်အလက်နည်းပညာဌာနများ (InformationTechnology Department) အတွက် သတင်းအချက် အလက် နည်းပညာနှင့် လူမှုကွန်ရက်မီဒီယာများသုံးစွဲရာတွင် ပိုမိုထိရောက်စွာ အသုံးချနိုင်ရန်ရည်ရွယ်၍ ISchool (မြန်မာ)မှ အခမဲ့ အိုင်တီနည်းပညာသင်တန်းကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သင်တန်းတွင် Introduction to Computer Technology (ICT) ၊ Introduction to Internet and Websites ၊ Digital Security ၊ Social Media (Gmail, Facebook and Youtube) ၊ Blogging (BlogSpot) နှင့်Digital Security တို့ကိုသင်ကြားပေးသွားမည်ဖြစ်ပြီး အင်တာနက် လုံခြုံရေးတိုးမြှင့် ၍ သုံးစွဲနည်း၊ ပိုမိုထိရောက်စွာသုံးစွဲနည်း ၊ ကွန်ပျူတာသုံးစွဲရာတွင် လုံခြုံရေးတိုးမြှင့်၍သုံးစွဲနည်း၊ ပိုမို ထိရောက်စွာ သုံးစွဲနည်းတို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သင်တန်းကာလမှာ ၂၀၁၃ မတ်လ(၂၈) မှ ဧပြီလ(၃)ရက်ထိ (၇)ရက်ကြာမြှင့်မည်ဖြစ်ပြီး သင်တန်းချိန်မှာ မနက် (၉)နာရီမှ ညနေ(၅)နာရီအထိ ဖြစ်ကြောင်း ၊ သင်တန်းတက်ရောက်လိုသူများသည် အင်္ဂလိပ်စာနှင့် ကွန်ပျူတာအား အခြေခံအဆင့်တတ်မြောက်ထားရန် လိုအပ်ပြီး ပြည်နယ်နှင့်တိုင်းများမှ လာရောက်သင် ကြား လိုသူများအတွက် နေရာထိုင်ခင်း (နေစရာအခန်း) စီစဉ်ပေးမည်ဖြစ်ပြီး ခရီးစရိတ်များကိုမူ ကျခံကုန် ကျပေးမည်မဟုတ်ကြောင်း ၊ သင်တန်းကာလအတွင်း တွင် နေ့လည်စာကို ISchoolမှ တာဝန်ယူပေး မည် ဖြစ်ပြီး ညနေစာကိုမူ မိမိဘာသာ တာဝန်ယူဖြေရှင်းရမည်ဖြစ်ကြောင်းထို့ပြင် တက်ရောက် ခွင့်ရွေးခြယ်ပုံ မှာ သင်တန်းပြီးဆုံးပါက မူလမိခင်အဖွဲ့အစည်းများတွင် ပြန်လည်တာဝန် ထမ်းဆောင်မည့် သူများ၊ ဒေသခံ နယ်မြေများအားပြန်လည်အကျိုးပြုမည့်သူများကို ဦးစားပေးရွေးခြယ်သွားမည်ဖြစ်ကြောင်း တက်ရောက် သင်ကြား လိုသူများသည်လျှောက်လွှာပုံစံများနှင့် လူမှုကွန်ရက်မီဒီယာစစ်တမ်း (Social Media Survey) တို့ကို ပြည့်စုံစွာရေးဖြည့်၍ မတ်လ(၂၄)ရက်နေ့နောက်ဆုံး ထားကာ ischool.mm@gmail.com နှင့် maungyewin@gmail.com သို့ ပေးပို့လျှောက်ထားနိုင်ကြောင်း ၊ သင်တန်းနှင့်ပါတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက-ကိုရဲဝင်း၊ သင်တန်းညှိနှိုင်းရေးတာဝန်ခံ၊ ဖုန်း-၀၉၇၃၀၃၇၀၇၇၊ အီးမေး(လ်) လိပ်စာ - maungyewin@gmail.com သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်

သတင်း - NLA
Popular Myanmar News Journal

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။