/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 18, 2013

.

ရန်ကုန် ၉ မြို့နယ် အမည်ပေါက် လျှောက်ထားခြင်း ၀န်ဆောင်မှုလုပ်ငန်း အွန်လိုင်းဖြင့် ၀န်ဆောင်မည်

မြို့ပြစီမံကိန်း နှင့် မြေယာစီမံခန့်ခွဲမှု ဌာနက မတ်လ ၈ ရက်နေမှ စတင်ပြီး မြို့နယ် ၉ မြို့နယ် အမည်ပေါက် လျှောက်ထားခြင်း ၀န်ဆောင်မှု လုပ်ငန်းကို အွန်လိုင်းဖြင့် ဆက်သွယ် ဆောင် ရွက် နိုင်ကြောင်း သိရသည်။ အဆိုပါ ၉ မြို့နယ်မှာ ကျောက်တံတား ၊ စမ်းချောင်း ၊ ကမာရွတ် ၊ တောင်ဥက္ကလာ ၊ မြောက်ဥက္ကလာ ၊ လှိုင် ၊ ပန်းဘဲတန်း ၊ လသာ နှင့် ဗဟန်း မြို့နယ်တို့ ဖြစ်ပြီး ယင်း မြို့နယ် အတွင်း နေထိုင်သော ပြည်သူများသည် www.ycdc.com.mm ၀က်ဘ်ဆိုဒ် မှတစ်ဆင့် ဆက်သွယ် အသုံးပြု နိုင်ကြောင်း သိရသည်။

ထိုကဲ့သို့ ဆက်သွယ် အသုံးပြု နိုင်သော ၀န်ဆောင်မှု လုပ်ငန်းများသည် အမည်ပေါက် လျှောက်ထားခြင်း တွင် မိမိတို့ ပိုင်ဆိုင်သော မြေပေါ်တွင် အဆောက်အအုံ အသစ် ဆောက်ခြင်း ၊ အကြီးစား ၊ အသေး စား ပြင်ဆင်ခြင်း ၊ မိမိပိုင်မြေအား ခြံခတ်ခြင်း ၊ ပိုင်ဆိုင်မှု အထောက်အထား များဖြင့် ဘဏ်ချေးငွေ ဆောင် ရွက်ခြင်း စသည့် နောက်ဆက်တွဲ အကျိုးဆက် များကို ရရှိမည် ဖြစ်ကြောင်း သိရသည်။

မြို့ပြစီမံကိန်း နှင့် မြေယာစီမံခန့်ခွဲမှု ဌာနသည် ပြည်သူများ အခက်အခဲမရှိ စေရေး အတွက် အွန်လိုင်းစနစ် ကျင့်သုံးမည် ဖြစ်သော်လည်း မူလ ဆောင်ရွက် ပေးလျက်ရှိသော အိမ်တိုင်ရာရောက် စနစ်ကိုလည်း ဆက်လက် လုပ်ဆောင် ပေးလျက် ရှိကြောင်း သိရှိရသည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။