/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 18, 2013

.

ယာဉ်ထိန်းတပ်သား တစ်ဦးကို ဖိုးလပြည့် ပါးရိုက်သည် ဆိုတာနှင့် ပတ်သက်၍


ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူး။ ဘာလို့လည်း ဆိုတော့ ကိုယ်လည်း မမြင် ကိုယ် လည်း မသိလို့ပါ။ ဒီသတင်းကို ဖော်ပြတဲ့ သစ်ထူးလွင်ဆိုတာကလည်း ဂျာနယ်များက ၀ိုင်းမေးသည့် အ တွက် သမ္မတကြီး ငိုသည် ဆိုတဲ့ အပုပ်ချ သတင်းမျိုးကို ဖော်ပြခဲ့ဖူးသည်။ ထို့ပြင် ပြည်တွင်း အင်တာနက် သုံးသူများ အရွံရှာဆုံး Eleven နှင့် အဓိက အဆက်အသွယ် ရှိသူ ဖြစ်ကာ ၄င်းဘယ်သူမှန်း သိသူလည်း မရှိပေ။

ဥပမာ။ ယခင်လူများအပေါ် မကျေနပ်စိတ်ဖြင့် တွေ့ကရာ နာမည်များ ဖော်ပြကာ ဖြစ်စဉ်လုပ် ရေးမည် ဆို က ရေးနိုင်သည်။ ယာဉ်ထိန်း မိတ်ဆွေများသို့ မေးမြန်းကြည့်ရာ ဖိုးလပြည့်မှ ယာဉ်ထိန်းများသုံးသည့် စ ကားပြော စက် ကုတ်နံပါတ်ဖြင့် စက်တစ်လုံး ကိုင်ကာ သူ့လမ်းကို ရှင်းပေးရန် ပြောသည်မှာ မဖြစ်နို င်ကြောင်း၊ သူတို့တွင်လည်း ဖိုးလပြည့်နှင့် ပတ်သက်ပြီး မီးပွိုင့်မီးကို စိမ်းပေးရန် မည်သည့် အခါမှ အမိန့် မရ ဖူးကြောင်း၊ သတင်းပါ မီးပွိုင့်မှ တပ်သား စံသိန်းထွေး ဆိုသူကို မကြားဖူးကြောင်း တို့ကို ဖြေသည်။

 အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်ထိန်း ရုံးချုပ်မှ ယာဉ်ထိန်း တပ်ကြပ်ကြီး ထွန်းအောင်သန်း ကို မေးမြန်း ထားခြင်း ဖြစ်သည်။ တကက ထွန်းအောင်သန်းမှ တက္ကသိုလ် ရိပ်သာလမ်းနှင့် အင်းယားလမ်း မီး ပွိုင့် တွင် တာဝန်ကျနေသော တကက ၀င်းထွန်းသန်း၊ တက စန်းမောင်၊ ယာဉ်ထိန်း တပ်သား အေးဝင်း တို့ ကို မေးမြန်းကာ အခြေအနေအား ပြောပြခဲ့ခြင်း ဖြစ်သည်။ (ဒါကတော့ တွေ့ရာနာမည်ထည့်ပြီး ရေးလို့ ရ တယ် ဆိုတာကို ရေးပြတာပါ)

ကာကွယ်ပေးခြင်း မဟုတ်။ အရပ်အတင်း တစ်ခုဖတ်ပြီး ပေါက်ကရ ပြောချင်သူများကို သိစေရန် သာ ဖြစ်ပေ သည်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။