/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 18, 2013

.

၂ဝ၁၃ ခုနှစ် သင်္ကြန်ရက်များအတွင်း ရေပေးဝေရေးအစီအစဉ်



၂ဝ၁၃ ခုနှစ် မဟာသင်္ကြန်ရက်များအတွင်း ပြည်သူများရေပြတ်လပ်မှုမရှိစေရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က စီစဉ်ထားရှိရာ ဧပြီလ ၁၃ ရက်(သင်္ကြန်အကြိုနေ့)၊ ဧပြီလ ၁၄ ရက်(သင်္ကြန်အကျနေ့)၊ ဧပြီ လ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)၊ ဧပြီလ ၁၆ ရက် (သင်္ကြန်အတက်နေ့) တို့တွင် အောက်ပါအတိုင်း ရေပေးဝေမည်ဖြစ်ပါသည်။

(က) ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်းနှင့် ဒဂုံမြို့နယ်များသို့ နံနက် ၇ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ်၊ ညနေ ၃ နာရီမှ ၆ နာရီထိတစ်ကြိမ်၊ နှစ်ကြိမ်ခွဲ၍ ရေပေးဝေမည်ဖြစ်ပါသည်။

(ခ) အလုံ၊ ကြည့်မြင်တိုင်နှင့် စမ်းချောင်းမြို့နယ်တို့အား နံနက် ၇ နာရီမှ ၁ဝ နာရီအထိ ရေပေးဝေ သွားမည်ဖြစ်ပါသည်။


(ဂ) တာမွေ၊ မင်္ဂလာတာင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သာကေ တ၊ ဒေါပုံ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်များသို့ မူလရေပေးဝေချိန်အတိုင်း ပေးဝေမည်ဖြစ်ပါသည်။

ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့)တွင် မြို့နယ်များအားလုံးသို့ ယခင်ပုံမှန်ရေပေးဝေချိန် အတိုင်း ပြန် လည်ပေးဝေ သွားမည် ဖြစ်သည်။

သတ်မှတ်ရေပေးဝေချိန်အတွင်း ရေပိုက်များ အရေးပေါ်ပြင်ဆင်ရန် လိုအပ်ပါက သက်ဆိုင် ရာ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ချထားသည့် (ရေ/သန့်) ဝန်ထမ်းများထံ အကူ အညီ တောင်းခံနိုင်ပြီး အရေးတကြီးအကူအညီ လိုအပ်ပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)၊ တယ်လီဖုန်း (ဝ၁-၂၄၉၆၅၅၊ ဝ၁-၂၄၃၅၅ဝ၊ ဝ၁-၃၈၂၉၈၉၊ ဝ၁-၃၈၂၉၉ဝ၊ ဝ၁-၆၆ဝ၃၄ဝ တို့ကို ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။

Credit : YCDC

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။