/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 18, 2013

.

၈၈ နိုင်ငံရေးပါတီထောင်မည်

၈၈ မျိုးဆက်ကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီတခု ဒီနှစ်ထဲ ထွက်ပေါ်လာဖို့ ရှိတယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးက ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ပြည်ပရောက် မြန်မာတွေ မျက်မှောက် မြန်မာ့ နိုင်ငံရေး အပြောင်းအလဲထဲ ပါဝင်ဖို့နဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေအတွက် အရေးပါတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးဌာနက မူဝါဒရေးရာ အကြံပေးတွေနဲ့ တွေ့ဖို့ အမေရိကန် ပြည်ထောင်စုမှာ ရောက်နေတဲ့ ကိုဌေးကြွယ်က ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင် တဦးလည်းဖြစ်တဲ့ ကိုဌေးကြွယ်က အမေရိကန်ပြည်ထောင်စု၊ မြို့တော် ၀ါရှင်တန်မှာ ရောက်နေတဲ့ မြန်မာတွေနဲ့ မျက်မှောက်နိုင်ငံရေးတွေ ကို ဆွေးနွေးတဲ့အခါ လက်ပံတောင်းတောင်အရေး ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရ ပါတယ်။

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။