/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 18, 2013

.

ဟင်္သာတ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး၏ လက်အောက်ဝန်းထမ်းမျာကို မတရားဖိနှိပ်ခိုင်းစေမှု


ဟင်္သာတ ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းဇော်၏ လက်အောက်ဝန်ထမ်း များအားလုံးကို မတရားဖိနှိပ် ခိုင်းစေမှုကို အထက်လူကြီးများ သိစေရန်နှင့် မှန်မှန်ကန်ကန် လာစစ်တဲ့ အဖွဲ့ကို လွှတ်ပေးပါ။

ကိုယ်ကျောင်း သိက္ခာ ကျမှာစိုးလို့ မတိုင်ချင်သော်လည်း ဒေါ်ဝင်းဝင်းဇော်သည် ဆရာ။ ဆရာမများနှင့် ၀န်ထမ်းများအပေါ် အမြင်မကြည် လင်ရင်တစ်မျိုး ဆက်ဆံတယ်။နိမ့်ချ ပြောဆိုဆက်ဆံတယ်။ ရိုင်းပြစွာ လူလယ်ခေါင်မှာပြောဆိုဆက်ဆံတယ်။

တာဝန်ချိန်ထက် တစ်နာရီစောပြီး ကျောင်းကိုလာရတယ်။ အလှည့်ကျ ဆရာ ဆရာမများနှင့် ရုံးဝန်ထမ်းများ အား သူ၏သမီး ကျောင်ကြိုပို့ လုပ်ငန်းအား အလှည့်ကျလုပ်ပေးရတယ်။ သူအိမ်က ပန်းကန်က အစ ဆေးပေးရတယ်။

ရုံတက်ချိန် မနက် 93း0 မှ ည 43း0 ပြီးဆုံးသော်လည်း ကျောင်းအလုပ်မဟုတ်ဘဲ သူအိမ်အလုပ်တွေ သူခိုင်းတာတွေကို မပြီးမချင်း လုပ်နေရပြီး ညနေ 6း00 နာရီကျော်မှ ပြန်ရတယ်။ ၂၀၁၂ ခုနှစ်က သိပ္ပံနှင့် နည်းပညာဌာနသို့ တရားဝင်တိုင်ကြားခဲကသော်လည်း၊ လာစစ်တဲ့အဖွဲ့ထဲက အဓိကလူတွေ ဖြစ်သော ဒေါ်ခင်မှတ် (စီမံ) နှင့် ဒေါ်နွယ်နတို့နှစ်ဦးကို တန်းဘိုးကြီးပစ္စည်းများ ပေးပြီး လာဘ် ထိုးသောကြောင့် ဒီအတိုင်းဘဲ ပြီးသွားခဲ့ပါတယ်။တိုင်းကြားတဲ့ အကြောင်းအရာတွေအားလုံး မှန် ကန်နေသော်လည်း မည်သိုမျှအရေးယူဆောင်ရွက်ခြင်းမရှိပါဘူး ။ကျောင်းအုပ်ကြီး ဒေါက်တာ ဒေါ် ၀င်းဝင်းဇော်၏ ဆရာ။ဆရာမများ နှင့်ဝန်ထမ်းအပေါ် မတရား ခိုင်းနေတဲ့အတွက်ကြောင့် အထက်က တာဝန် ရှိသူများသိစေရန် တင်ပြလိုက်ပါတယ် ။

Credit : Here

3 comments:

  1. ရွှေစမ်းချောင်းကဒေါ် Bc လည်း သူအချုပ်ကိုင်ခံထား
    ရတဲ့ကောင်လေးတွေလည်း တဒုက္ခ သူ့ ပြောသလို
    မလုပ်ရင် နှိပ်ကွပ်တော့ အကျယ်ချုပ်ကျသလိုပေါ့
    တချို့ဆို အိမ်တောင်လိုက်အိပ်နေရတယ်
    ရုံးမှာလည်း မကြည်တဲ့သူဆိုရင် သူဂွင်ဆင်သမျှခံနေ
    ကြရတယ် အထက်လူကြီးတွေဆို ယုံကြည်အောင်
    ရှင်းပြတတ်တယ် အခြားလူကြီးတွေကလည်း မဆိုင်သလို
    ဘေးရှောင်နေတော့ ဝန်ထမ်းတွေကြိတ်ပြီးခံနေရတယ်
    ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိဖြစ်နေရတယ်ဗျာ
    သူ့ဘေးကပ်ပြီး ချွန်တွန်းငမဲမကလည်း ခံဝန်တွေ အပြစ်
    တွေနဲ့ တိုင်းရုံးကနှင်ချလိုက်လို့ ရောက်လာသူ ကဲ တွေး
    ကြည့်ကြပါဗျာ ဝန်ထမ်းတွေရဲ့ဘဝကို။

    ReplyDelete
  2. Dr. ခေါ်ဝင်းဝင်းဇော် က ရန်ကုန် ကွန်ပျူတာတက္ကသိုလ်မှာ ကတည်းက ဘယ်ကျောင်းသား ကျောင်းသူနဲ.မှ အဆင်မပြေတာပါ

    ReplyDelete
  3. ဆရာကောင်းတွေရအောင် ဆုတောင်းကြပါ ။
    အမှိုက်ကစ ပြဿမီးလောင် သည်အထိ မဖြစ်ပါစေနဲ့။

    ReplyDelete

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။