/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Monday, March 18, 2013

.

လက်ပံတောင်းနှင့်အမေစု

အခုလက်ရှိ လက်ပံတောင်းကိစ္စနဲ့ပါတ်သက်ပြီး   ဒေါ်စုအပေါ် ဝေဖန် တာတွေ တော်တော်တွေ့ ရပါတယ် ...... ကောင်းသော ဝေဖန်ခြင်း၊ မကောင်းသော ဝေဖန်ခြင်းနဲ့၊ ဆိုက်ဝါး သမားများ ဝေဖန်ခြင်း အမျိုးမျိုး ရှိကြပါတယ်...... အဓိကအားဖြင့် ဒေါ်စုဟာ လက်ပံတောင်း ကော် မရှင် ဥက္ကဌအဖြစ်နဲ့ ထိုးကြွေးခံရတယ်၊   ခေါင်းရောင်းခံရတယ်၊ အစိုးရရဲ့ အသုံးချတာ ခံရတယ်၊ အစိုးရရဲ့ အရှုပ်ထုပ်ကို ကူရှင်းပေးတယ်၊   နိုင်ငံရေး လုပ်ကြံခံရတယ် အစရှိ သဖြင့် တွေ့ရပါတယ်.....

ဒါဖြင့် သူမလိုလူတစ်ယောက်ဟာ လက်ရှိဝေဖန်နေကြသလို အစိုးရရဲ့ အသုံးချတာ ခံလိုက်ရအောင်၊ အစိုးရက ထိုးကြွေးတာ ခံလိုက်ရအောင် အတော့ကို ညံ့ဖျင်းနေသလား မေးစရာ ရှိလာပါတယ်....... ဒေါ်စုရဲ့ The Lady ဆိုတဲ့နာမည်တစ်လုံးဟာ ပေါ့ပေါ့တန်တန် ရခဲ့တာ မဟုတ်ပါဘူး..... The Lady ဆိုရင် သူမရဲ့ ထီမထင်မှု၊ ရဲဝံ့မှု၊ သတ္တိရှိမှု၊ ပြတ်သားမှု၊ ကြံ့ခိုင် မှု၊ ခေါင်းမာ မှုတွေကို လူတွေ ပြေးမြင်တာကို ကြည့်ခြင်းအားဖြင့်၎င်း၊ နှစ် ၂၀ ကျော် စစ်အစိုးရရဲ့ နှိပ်စက်မှုမျိုးစုံကို ကြံ့ကြံ့ခံ ဖြတ်ကျော်ခဲ့တဲ့ ခိုင်မာတဲ့ စိတ်ဓါတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် လက်ရှိ ဝေဖန်နေကြတဲ့ အသုံးချခံ၊ ထိုးကြွေးတာခံရတယ်ဆိုတာ ဒေါ်စုဘက်က နာသလိုလိုနဲ့ ဒေါ်စုကို သိက္ခာပိုင်းအရ ထိုးနှက်မှု သာ ဖြစ်ပါတယ်.....

အားလုံး စဉ်းစားစေချင်တာ ဒေါ်စုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အိုင်ကွန်ဖြစ်သလို၊ ကမ္ဘာက လေးစား ရတဲ့လူတစ်ယောက် ဖြစ်ပါတယ်...... လက်ရှိအစိုးရအပေါ်မှာ သူမ အရှိန်အ၀ါ အထိုက်အလျောက် လွှမ်းမိုး မှုရှိသလို လာမယ့် ၂၀၁၅ ဆိုတာဟာ ဘယ်သူမှ ဒါရယ်လို့ ကံသေကံမ ပြောလို့ မရပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပေါ်မှာ အောင်ဆန်းစုကြည်ဆိုတဲ့ နာမည်လေးလုံးရဲ့ အရှိန်အ၀ါဟာ ကြီးမားနေဦးမှာ ဖြစ်သလို၊ သူမရဲ့ မြန်မာနိုင်ငံရေးအပေါ်မှာ လွှမ်းမိုးမှုဟာ ကြီးမားနေဦးမယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါ........

ဒီနေရာမှာ ပြန်စဉ်းစားသင့်တာဟာ မြစ်ဆုံစီမံကိန်းပဲ ဖြစ်ပါတယ်...... အားလုံးသိကြတဲ့ အတိုင်း မြစ်ဆုံ စီမံကိန်းဟာ ၂၀၁၀ အစိုးရသက်တန်းအတွင်းမှာသာ ရပ်ဆိုင်းထားတာ ဖြစ်လို့ နောက်အစိုးရ တက်လာ တာနဲ့ တပြိုင်နက်တည်း CPI အနေနဲ့လည်း မြစ်ဆုံကို ပြန်စဖို့ အစပျိုးလာမှာပါပဲ...... ဒါကိုရင်ဆိုင်ရမှာ ဟာ ၂၀၁၅ မှာတက်လာမယ့် အစိုးရပါ..... ၂၀၁၅ မှာ ကြံ့ဖွံ့မဲမခိုးရင် မြန်မာနိုင်ငံရေးမှာ သြဇာအရှိဆုံး ပုဂ္ဂိုလ်ဟာ ဝေးဝေးပြေးကြည့်စရာမလိုတဲ့ ဒေါ်စုတစ်ယောက်သာ ဖြစ်လာမှာပါ....... ဒီအတွက် မြစ်ဆုံ စီမံကိန်း ပြဿနာကို သူမ မလွဲမသေ ရင်ဆိုင်ရမှာ အသေအခြာပါပဲ....... အဲ့ဒိအချိန်မှာမှ မြစ်ဆုံကိုစဖို့ ဘက်ပေါင်းစုံက ပြင်ဆင်ထားတဲ့ တရုတ်ကိုဟန့်တားဖို့ ရင်ဆိုင်ဖို့ဟာ တော်တော့ကို ခက်ခဲပါ လိမ့်မယ်.....

ဒါဆိုရင် လက်ပံတောင်း အရှုတ်ထုပ်၊ မြစ်ဆုံ အရှုတ်ထုပ်၊ ပိုက်လိုင်း အရှုတ်ထုပ်အပြင် အခြားသော အရှုတ် ထုပ်ပေါင်း များစွာဟာ ကြံ့ဖွံ့အစိုးရနဲ့သာ ဆိုင်သလား၊ မြန်မာပြည်နဲ့ သက်ဆိုင်နေသလား ခွဲခြားရှုမြင်လို့ ရပါပီ...... ရှေ့အစိုးရလက်ထက်က လုပ်ခဲ့တာ နောက်အစိုးရဟာ သူနဲ့မဆိုင်ဘူးလို့ အလွယ် တကူ ငြင်းပယ်လို့မရပါ..... ကောင်းသည် ဆိုးသည်မှန်သမျှကို ခံစားပြီး တိုင်းပြည်အတွက် အကောင်းဆုံး ဆက်လက်အကောင်အထည်ဖော်ရမှာ နောက်တက်လာတဲ့ အစိုးရတိုင်းရဲ့ တာဝန်ပဲ ဖြစ်ပါတယ်...... ဥပမာအားဖြင့် ၂၀၁၀ အစိုးရဟာ အခွံသာသာကို လက်ခံရလိုက်လို့ နိုင်ငံဖွံ့ဖြိုးရေး ဆောင်ရွက်ရာမှာ အကြပ်အတည်းတွေ တွေ့နေတာကို နမူနာ ယူနိုင်ပါတယ်...... ထို့အတူပဲ ၂၀၁၀ အစိုးရမှ ၂၀၁၅ အစိုးရကို လွှဲပေးချိန်မှာလည်း အခွံပဲဆိုရင်တော့ ၂၀၁၅ တက်လာမယ့် အစိုးရလည်း ဗိန်မသာ လိမ်မသာ အကြပ်အတည်းတွေနဲ့ အခက်အခဲများစွာထဲမှ တိုင်းပြည်ကို တိုးတက်အောင် ဆောင်ရွက်ယူရမှာပါ....... ဖွံ့ဖြိုးမှု နှောင့်နှေးလို့ နစ်နာတာဟာ ပြည်သူလူထုပဲ ဖြစ်မယ်ဆိုတာ သတိချပ်စေခြင်ပါတယ်.....

လက်ပံတောင်း အစီရင်ခံစာကို ပြန်ကြည့်မယ်ဆိုရင် အလွန့်ကို အရေးကြီးတဲ့ အချက်တွေများစွာထဲက အဓိက အချက်ဖြစ်တဲ့ ဒေသခံတွေဘ၀၊ သဘာဝ ပါတ်ဝန်းကျင် နဲ့ နိုင်ငံအကျိုးစီးပွားအရ စာချုပ်ကို ပြန်လည် ပြင်ဆင်ချုပ်ဆိုမှ လုပ်ငန်းဆက်လုပ်ဖို့ အတိအလင်း ညွှန်းဆိုထားပါတယ်...... အရှင်းလင်းဆုံး ဆိုရရင်တော့ လက်ပံတောင်း အစီရင်ခံစာရဲ့ အဓိက အသက်လို့ တင်စားနိုင်သလို နောင် တရုတ်နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ စီမံကိန်းတွေကို ပြန်လည်စိစစ်ရမှာလည်း အဓိကျတဲ့ အချက် ပဲ ဖြစ် ပါတယ်...... ဒါဆိုရင် ဒေါ်စု လက်ပံတောင်း ကော်မရှင်ကို တာဝန်ယူခြင်း အကြောင်းရင်းကို သိရှိနိုင် မှာ ဖြစ်ပါတယ်.......

ဒေါ်စုနဲ့ ပါတ်သက်လို့ ရဲဝံ့တယ်၊ ကြံ့ခိုင်တယ်၊ တည်ကြည်တယ်၊ ပြတ်သားတယ်၊ ဘွဲ့တံဆိပ်တွေ အများကြီးရထားတယ် ဒါပေမယ့် တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိအောင် သူမ ဘာလုပ်ခဲ့တာ ရှိသလဲလို့ မေးလာရင် ဖြေဖို့ ခက်ခဲခဲ့ပါတယ်...... ထို့အတူ မြန်မာနိုင်ငံရေး ကျွမ်းကျင်သူ အနောက်နိုင် ငံသားများ အပါအ၀င် အများစုဟာ ဒေါ်စုရဲ့ တကယ့်လက်တွေ့ စီမံခန့်ခွဲမှုပိုင်းနဲ့ ပါတ်သက်လို့ အမြင်၊ အကြားသာရှိပြီး လက်တွေ့မရှိတဲ့အတွက် မှန်းဆလို့ ခက်ခဲကြောင်း ၀န်ခံထားတာတွေ ရှိပါတယ်...... ဒီအတွက် လက်ပံတောင်း ကော်မရှင်မှာ ဥက္ကဌအဖြစ် ဒေါ်စုပါဝင်ခဲ့ခြင်းဟာ မိမိအရည်အချင်းကို ထုတ်ဖော်ပြနိုင်ဖို့လို့ ကျွန်တော် တစိုက်မတ်မတ် ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်......

အတည်မပြုနိုင်သော သတင်းများအရလည်း ဒေါ်စုကိုယ်တိုင် လိုလိုချင်ချင်နဲ့ ဒီရာထူးကို လက်ခံခဲ့တယ်လို့ ဆိုပါတယ်..... မည်သို့ပင်ဖြစ်စေ ယနေ့ အချိန်အခါမှာတော့ ဒေါ်စုဟာ သူမရဲ့ ထွန်းပြောင်တဲ့ အရည်အချင်းကို ကမ္ဘာသိအောင် ပြဆိုနိုင်ခဲ့ပြီ ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ အနာဂါတ် မှာ ဖြစ်ပေါ်လာမယ့် တရုတ်နဲ့ပါတ်သက်တဲ့ စီမံကိန်းများကို ပြန်လည် သုံးသပ်ရမှာ လွန်စွာမှ အသုံးဝင်တဲ့ Guide Line တစ်ခုကို ချပြနိုင်ခဲ့တဲ့ သမိုင်းမှတ်တိုင်တစ်ခုပါ စိုက်ထူလိုက်တာ ဖြစ်ပါတယ်..... ကော်မရှင်ရဲ့ အစီရင်ခံစာမှာ အစိုးရ အာဏာပိုင်များဘက်က ပံ့ပိုးမှု ၁၀၀ ရာနှုန်းပြည့် လက်ခံရရှိတယ်လို့ ဆိုပါတယ်...... ဒါကိုကြည့်ခြင်းအားဖြင့် ဒီကိစ္စတွေဟာ ဒေါ်စုအပေါ် နိုင်ငံရေး လုပ်ကြံမှု ဟုတ်သလား မဟုတ်သလား ခွဲခြားနိုင်မှာ ဖြစ်ပါတယ်......

သို့ဖြစ်တဲ့အတွက် လက်ပံတောင်း ကော်မရှင် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒေါ်စုရဲ့ အစီရင်ခံစာဟာ လက်ရှိအစိုးရ အသုံးချခံပြီး အရှုပ်ထုပ်ကို ရှင်းပေးတာလား၊ နိုင်ငံရေး လုပ်ကြံခံရခြင်း လား၊ နိုင်ငံအတွက် ကောင်းမွန်တဲ့ Guide Line တစ်ခုကို ချပေးပြီး နောင်အလား တူ ပြဿနာမျိုးများအတွက် အကောင်းဆုံး အဖြေကို ပေးလိုက်ခြင်းလား ကွဲကွဲပြားပြား ခွဲခြားမြင်နိုင် မှာ ဖြစ်ပါတယ်ဆိုတာ တင်ပြလိုက်ပါတယ်......

Credit : Here

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။