နောင်တစ်ချိန်တွင် ဆန္ဒပြ ဆူပူကာ နိုင်ငံရေး အမည်ခံ လှုပ်ရှားသူများ အဖမ်းခံရသည့်အခါ ၈၈ ကျောင်း သား များမှ အဖေကြီး ကင်တာနားထံ တိုက်ရိုက်တိုင်ကြားပေးသွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။
ကင်တာနားဟူသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ဖြစ်ပြီး ဘင်္ဂလီကိစ္စမျာ နှင့် ၄င်း မြန်မာ နိုင် ငံ သို့ လာရောက်သည့် အချိန်များမှာ အချိန်ကိုက် ဖြစ်နေကြောင်း သိရသည်။ ထို့ပြင် ၄င်း လာရောက် စဉ် အတွင်း ပြောကြားချက်များ၌ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့် အသုံးအနှုံးများ သုံးခဲ့ သဖြင့် တိုင်း ရင်းသား ကိုယ်စားလှယ်များ အပါအ၀င် တာဝန်ရှိသူများက ကန့်ကွက်ခဲ့ရသည်။
၈၈ မျိုးဆက် ကျောင်းသားများသည် မြန်မာပြည်အနှံ့ လှည့်လည်ပြီး အစိုးရနှင့် တပ်မတော်ကို အပုပ်ချ သည့် စကားလုံးများဖြင့် ပြည်တွင်း ဆူပူမှုများ ဖြစ်အောင် ဖန်တီးလျှက် ရှိသည်။
Credit : Here

No comments:
Post a Comment
မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။