/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 15, 2013

.

မြန်မာတစ်နိုင်ငံလုံး အအေးလွန်ကဲမှု ဇန်နဝါရီ နောက်ဆုံးပတ်တွင် ထပ်မံဖြစ်ပေါ်မည်

မြန်မာတစ်နိုင်ငံလုံးတွင် အအေးလွန်ကဲမှု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ထပ်မံဖြစ်ပေါ်နိုင်ဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားလိုက်သည်။ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံး အတိုင်းအတာနှင့် အအေးပိုခြင်းများ ခံစားလာရရာ ယင်းမှာအအေးလှိုင်း ဖြတ်သန်းခြင်းကြောင့် မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း လေအေးပျံ့နှံ့ ဝင်ရောက်မှုကြောင့် ဖြစ်ပြီး ယင်းဖြစ်စဉ်မျိုး နောင်ဆယ်ရက်ခန့်အကြာတွင် ထပ်မံဖြစ်ပွားနိုင်ခြင်းကို ရည်ရွယ်၍ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အခု အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အအေးလှိုင်းဖြတ်နေတော့ အဲဒီက လေအေးတွေက မြန်မာနိုင်ငံကို ပျံ့နှံ့ဝင်ရောက်လာတာကြောင့် အအေးပိုလာတာပါ။ ဒီလိုမျိုး လေအေးတွေ ဝင်ရောက်မှုက ဆယ်ရက်တစ်ကြိမ် ပြန်ဝင်တဲ့ ပုံစံမျိုးလဲရှိတဲ့အတွက် အခုအအေးပေါ့လာပေမယ့် နောင်ဆယ်ရက်ကြာရင် တစ်ကြိမ် ပြန်အေးလာမယ့် သဘောရှိပါတယ်” ဟု ဦးချစ်ကျော်က ထပ်မံပြောသည်။

ယင်းကဲ့သို့ မြန်မာတစ်ပြည်လုံး အတိုင်းအတာနှင့် အအေးပိုလာခြင်းကို ဇန်နဝါရီလ ၉ ရက်မှ စတင်ခံစားရခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၃၊ ၁၄ တွင် တဖြည်းဖြည်းချင်း ပြန်လည်အအေးလျော့လာကာ ဆောင်းတွင်းကာလ ပုံမှန်ည အပူချိန်များအတိုင်း မကြာမီ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။