/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 15, 2013

.

ဦူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ၏ တရားပွဲ ပြန်လည်ကျင်းပခွင့်ရ

မြန်မာနိုင်ငံတွင် တရားပွဲ ဟောပြောခွင့် ပိတ်ပင်ခြင်းခံထားရသည့် ဘဒ္ဒန္တဦူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)၏ တရားပွဲများ ပြန် လည် ကျင်းပခွင့်ရရှိပြီဖြစ်ကြောင်းသိရသည်။

ပထမဆုံးတရားပြန်လည် ဟောပြောခွင့်ရရှိသည့် တရားပွဲအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ၀ိနယ ဓမ္မစာဖြေ စာပြန်ပွဲတော်ကြီး ဓမ္မသဘင်ကို ဇန်န၀ါရီလ ၂၉ ရက်မှ   ဖေဖော်ဝါရီလ ၉ ရက်ထိ ၁၂ ည တိုင်တိုင် ဆင်ယင်ကျင်းပ မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ တရားပွဲကို(၂၉.၁.၂၀၁၃) မှ (၃၁.၁.၂၀၁၃) ထိ (၃)ညတိုင်တိုင် ပုသိမ်မြို့ နိဂြောဓာ လမ်း၊ မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်ဓမ္မသဘင်တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး (၂၉.၁. ၂၀၁၃)တွင် ကံလှကျောင်းတိုက်၌ ဟင်္သာတခရိုင်မှ မဇ္ဇိမ ကြယ်စင်အဖွဲ့နှင့် လူမှုရေးအဖွဲ့ များ၊ မအူပင်ခရိုင် နာရေးကူညီမှုအသင်းနှင့်လူမှုရေးအဖွဲ့ များ၊ ပုသိမ်ခရိုင် မြင့်မြတ်အလင်းအဖွဲ့ နှင့် လူမှုရေးအဖွဲ့များ၊ ဖျာပုံ ခရိုင်တရားအလှူတော်အဖွဲ့ နှင့် လူမှုရေးအဖွဲ့ များကသြ၀ါဒခံယူကာ တိုင်းအတွင်း တရားပွဲ ပင့်ဆောင် လျှောက်ထားပွဲများကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။