/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 15, 2013

.

ပုဇွန်တောင် ရေကျော်ဈေး အဆင့်မြင့် ဈေးကြီးအဖြစ် ၁၄ လအတွင်း အပြီး တည်ဆောက်မည်


ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ဈေးများဌာန အောက်ရှိ ပုဇွန်တောင် မြို့နယ် ရေကျော်ဈေးကို အဆင့်မြင့် ဈေးကြီးအဖြစ် အောင်ပြည့်စုံ ကုမ္ပဏီမှ မကြာမီ ကာလအတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း အဆိုပါ ဈေးဆောက်လုပ်ရေး ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်မင်းက ပြောကြားသည်။

ပြန်လည် တည်ဆောက်မည့် အဆင့်မြင့် ဈေးကြီးမှာ ရှစ်ထပ် အဆောက်အအုံ ဖြစ်ပြီး မြေညီ ထပ်တွင်လက်ရှိ ဆိုင်ခန်း ပိုင်ရှင်များအား ပြန်လည်နေရာ ချထားပေးမည် ဖြစ်ပြီး ပထမ ထပ်တွင် စူပါမားကတ် တစ်ခု၊ ကွန်ပျူတာ သင်တန်းများ၊ အင်တာနက် အပါအဝင် လူငယ် အကျိုးပြု ဆိုင်ခန်းများ၊ ဒုတိယ ထပ်တွင် ယာဉ်အစီးရေ ၅ဝ ထားနိုင်သော ကားပါကင်များ ပါရှိပြီး ကျန်အထပ် များတွင် လူနေအခန်း ၅ဝ၊ ကျန်းမာရေး လေ့ကျင့်ကွင်း တစ်ခုနှင့် စက်လှေကား နှစ်စင်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆင့်မြင့် ဈေးကြီးကို ၁၄ လအတွင်း အပြီး ဆောက်လုပ်သွားမည် ဖြစ်ပြီး တည်ဆောက်ချိန် ကာလအတွင်း ဈေးဆိုင်ခန်း ပိုင်ရှင်များ နစ်နာမှု မရှိစေရန် သင့်လျော်သည့် နေရာတွင် ယာယီဈေး တစ်ခုတည်ဆောက် ပေးသွားမည် ဖြစ်သည်။ မြေနေရာ ရွေးချယ် မှုအား သက်ဆိုင်ရာ ဌာန ဆိုင်ရာများ၊ ဈေးသူ ဈေးသားများ၊ ရပ်ကွက်သူ ရပ်ကွက်သား များနှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိပြီး မြို့တော် အင်္ဂါရပ်နှင့် အညီ အကောင်းဆုံး တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။