/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 15, 2013

.

မြန်မာဘာသာဖြင့် အသုံးပြုနိုင်တော့မည့် HTC ဖုန်း စတင်မိတ်ဆက်

ကမ္ဘာ့အဆင့်မီ မိုဘိုင်းပစ္စည်းများ ထုတ်လုပ်လျက်ရှိသော HTC ကုမ္ပဏီနှင့် KMD တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် HTC Concept Store နှင့် Service Centre ကို ၁၄-၁-၂၀၁၃ ရက်က ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ KMD အရောင်းပြခန်း၌ ကျင်းပခဲ့သည်။

အဓိက မိတ်ဆက်ပြသခဲ့သည့် HTC Smart Phone အမျိုးအစားသည် စက်လည်ပတ်မှု စနစ်တစ်ခုလုံးအား မြန်မာစာစနစ်ဖြင့် ပြုလုပ်ထားခြင်းကြောင့် မြန်မာစာဖြင့် အသုံးပြုလိုသူများ အတွက် များစွာအဆင်ပြေမည် ဖြစ်ကြောင်း သိရသည်။

HTC Concept Store အနေဖြင့် ဖုန်းများကို ပြသရောင်းချသော အရောင်းဆိုင်မျိုး မဟုတ်ဘဲ HTC ၏ နောက်ဆုံးထွက်ရှိလာသည့် ကမ္ဘာ့ Innovative အဖြစ်ဆုံး နည်းပညာများကို ဝယ်ယူစရာမလိုဘဲ ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ ကိုယ်တိုင် စမ်းသပ်နိုင်ရန်အတွက် စီစဉ်ထားသော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းအပြင် HTC Smart Phone များ၏ သာလွန်ကောင်းမွန်သည့် Feature များကို လေ့လာသင်ယူနိုင်စေရန်အတွက် User Experience Training များကိုလည်း အခမဲ့ တက်ရောက်နိုင်ရန် စီစဉ်ပေးသွားမည့်အပြင် အခြားမြို့ကြီးများ၌ လည်း HTC Concept Store အများအပြား ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ထို့နောက် HTC မှ ထုတ်လုပ်သော မော်ဒယ်ခြောက်မျိုး ဖြစ်သည့် Desire C, Desire VC, Desire X, One X, One X+ နှင့် Butterfly မော်ဒယ်များကို မိတ်ဆက်ပေးခဲ့ပြီး Butterfly မော်ဒယ်သည် နိုင်ငံအတော်များများ၌ မရရှိနိုင်သေးဘဲ မြန်မာနိုင်ငံ၌ ပထမဦးဆုံး ဖြန့်ဖြူးခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။