/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, December 17, 2014

.

ဦးအောင်သောင်းက ဘယ်လိုလူမျိုးလဲ? (စဆုံး)

အပိုင်း(၁)

မီဒီယာများဖြစ်ကြတဲ့ ဂျာနယ်၊ သတင်းစာ၊ Website အမျိုးမျိုးကနေ ဦးအောင်သောင်းနဲ့ ပတ်သက် ပြီးတော့ ဝေဖန်ပုတ်ခတ် တိုက်ခိုက်ရေးသားနေတာတွေ တွေ့နေရပါတယ်။ ဒါတွေကိုလည်း တစ်ကြိမ်မက အကြိမ်ကြိမ် အပ်ကြောင်းထပ်အောင် ရေးသားဖော်ပြနေတာကိုတွေ့ရပါတယ်။ အခါအခွင့်သင့်တိုင်း လည်း ရေးသားနေကြတာကိုတွေ့ရတယ်။ ဒီနေရာမှာ အာဃာတအမုန်းတရား၊ ၀ါဒရေးရာ မတိုက်ဆိုင်မှုတွေနဲ့ ရေးသားနေကြတယ်လို့ သုံးသပ်ပါတယ်။ ဒါတွေဟာ မှန်ကန်မှု မရှိပါဘူး။ အမှန်တရား ကိုဖော်ပြ ချင်တယ်ဆိုရင် ဦးအောင်သောင်းနဲ့ ဆွေးနွေးကြည့်ပါ၊ မေးမြန်း ကြည့်ပါ၊ စကားပြောကြည့်ပါ အဲဒီအခါမှာ အမှန်တရားကိုသိလာပါမယ်။ သိလာတဲ့ အမှန်တရား အတိုင်း မီဒီယာတွေမှာ ရေးသားဖော်ပြ လို့ရပါတယ်။ မည်သူပဲဖြစ်ဖြစ် ဆက်သွယ်လို့ ရပါတယ်။ ပကတိအမှန်တရားကို လိုလားသူဖြစ်တဲ့အတွက် အမှန်တရား ပေါ်ပေါက်ရေး ၀ိုင်းဝန်းဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ တစ်ကြိမ်မက အကြိမ်ကြိမ်ဆက်သွယ်၊ ဆက်ဆံဆောင်ရွက် နိုင်ပါကြောင်း ဖော်ပြအပ်ပါတယ်။


အပိုင်း(၂)


ဦးအောင်သောင်းက ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်ဟန့်တားနေတယ်လို့ စွပ်စွဲပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ပေါက်ရေး စတင်ဆောင်ရွက်ခဲ့သူများထဲမှာ ဦးအောင်သောင်းဟာ ထိပ်ဆုံးက ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်တယ်ဆိုတာ ထဲထဲဝင်ဝင်လေ့လာ ကြည့်မယ်ဆိုရင် သိနိုင်မှာဖြစ်ပါတယ်။ ဒီမိုကရေစီပေါ်ပေါက်လာပြီးတော့လည်း ဒီမိုကရေစီကို ကျင့်သုံး နိုင်ရေး ဆောင်ရွက်တဲ့အခါမှာလည်း အဓိက အခန်းကဏ္ဍကနေ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီ အရေးကိုကူးပြောင်းရေးဆောင်ရွက်တဲ့နေရာမှာ မည်သူတွေပါဝင်ပြီး မည်သူတွေမပါဘူးဆိုတာ လေ့လာ ကြည့်ရင် သိနိုင်ပါတယ်။ ဒါတွေဟာ သမိုင်းမှတ်တိုင်အဖြစ် ကျန်ရစ် နေမှာဖြစ်ပါကြောင်း ဖော်ပြ အပ်ပါတယ်။

အပိုင်း(၃)

ဒီပဲယင်းကိစ္စမှာ အဓိကကြိုးကိုင်သူဟာ ဦးအောင်သောင်းပါလို့ စွပ်စွဲချက်တွေဟာ မှန်းဆ ပြောကြတာ ဖြစ်ပါတယ်။ ဒီကိစ္စမှာ ဦးအောင်သောင်း တိုက်ရိုက်ရော သွယ်ဝိုက်၍ပါ ပါဝင်ပတ်သက်မှု လုံးဝမရှိခဲ့ပါဘူး။ ဒါကို ယခင်ကလည်း ပြောကြားထားပြီးဖြစ်ပါတယ်။ ကာယကံရှင်တွေကို မေးမြန်း ကြည့်မယ်ဆိုရင် အဖြစ်မှန်ကိုသိလာမှာဖြစ်ပါတယ်။ ဦးအောင်သောင်းဟာ နိုင်ငံရေးအတွေးအခေါ် ရှိပြီး ဒီမိုကရေစီကို ကိုယ်တိုင်လိုလားသူဖြစ်တဲ့အတွက် ဒီမိုကရေစီရေးလိုလားသူများကို ဖိနှိပ် တိုက်ခိုက်မှုမျိုး လုပ်ရလောက်အောင် ညံ့ဖျင်းတဲ့စိတ်ဓာတ်မျိုး ထားရှိသူမဟုတ်ပါဘူး။ အဆင့်မနိမ့် ပါဘူး။ ဒီလို မမှန်မကန်စွပ်စွဲလို့လည်း ဦးအောင်သောင်းရဲ့ လက်ရှိအနေအထားကို ထိခိုက်သွားမှာ မဟုတ်ပါကြောင်း ဖော်ပြအပ်ပါတယ်။

အပိုင်း(၄)

ပါတီအချင်းချင်းဆက်ဆံရေး တိုးတက်ကောင်းမွန်အောင်၊ သဟဇာတဖြစ်အောင် ဦးအောင်သောင်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ အခြားပါတီများနဲ့လည်း အလွန်ရင်းနှီးသူဖြစ် ပါတယ်။ သူ့ပါတီ၊ ကိုယ့်ပါတီမခွဲခြားပဲ ဒီမိုကရေစီ ရှင်သန် ခိုင်မာရေးကို ဦးစားပေးလုပ်ဆောင် နေသူဖြစ်ပါတယ်။ ယခင် အချိန်တုန်းကတော့ ထူးခြားကန့်သတ်တဲ့ အနေအထားတွေအရ ဆောင်ရွက် ခဲ့တာဖြစ်တဲ့အတွက် မဝေဖန် လိုပါဘူး။ သို့သော် အဲဒီနောက်ပိုင်းကစလို့ ဦးအောင်သောင်းသည် ပါတီအချင်းချင်းရပ်တည်မှု ခိုင်မာရေး၊ ဆက်ဆံရေးကောင်းမွန်ရေးတို့ကို ကူညီဆောင်ရွက်လျက်ရှိပါတယ်။ ဘယ်ပါတီပဲနိုင်နိုင် အနိုင်ရသူကို အသိအမှတ်ပြု လက်ခံမှာဖြစ်ပြီး ကိုယ့်ပါတီနိုင်ရင်လည်း အခြားပါတီများဘက်က လက်ခံပေး နိုင်အောင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဝေဖန်မှုတွေနဲ့ တကယ့်ဖြစ်ရပ် ကွာခြားနေတာကို တွေနေ ရပါကြောင်း ဖော်ပြအပ်ပါတယ်။

အပိုင်း(၅)

ဒီတစ်ခါတော့ အပျော့ဂိုဏ်း (Soft Liner)၊ အမာဂိုဏ်း (Hard Liner)ကိစ္စပါပဲ။ ဦးအောင်သောင်းကို အမာဂိုဏ်းသားလို့ ပြောကြပါတယ်။ တကယ်ဆိုရင် မည်သူတွေဟာ အပျော့ဂိုဏ်း၊ မည်သူတွေဟာ အမာဂိုဏ်းလဲဆိုတာ စိစစ်လေ့လာကြည့်ကြဖို့လိုပါတယ်။ အခြားသူတွေ ပြောလို့ သံယောင်လိုက် မပြောသင့်ပါဘူး။ ကာယကံရှင်နဲ့ ဆက်သွယ်၊ ဆက်ဆံကြည့်ပါ။ ဦးအောင်သောင်းဟာ အသက်အရွယ်အရ ဘ၀မျိုးစုံကိုဖြတ်သန်းခဲ့ပြီးသူဖြစ်တဲ့အတွက် စစ်ရေးရော၊ နိုင်ငံရေးမှာပါ အတွေ့အကြုံများသူဖြစ်ပါတယ်။ ဖြတ်သန်းခဲ့တဲ့ ဘ၀အတွေ့အကြုံတွေကို အသုံးပြုပြီး လုပ်ငန်းတွေမှာ ဦးဆောင် ဆောင်ရွက် နေသူ ဖြစ်ပါတယ်။ ဟန်ဆောင်တတ်သူ၊ ပရိယာယ်လုပ်သူ၊ လူအထင် ကြီးအောင်ပြောတတ်သူမျိုး လားဆိုတာ လက်တွေ့ဆက်ဆံကြည့်ရင်သိလာမှာဖြစ်ပါတယ်။ ဒီလိုလေ့လာတဲ့အခါကျရင် ဦးအောင်သောင်း သည် ပွင့်လင်းသူ၊ ပြတ်ပြတ်သားသားဆောင်ရွက်တတ်သူ၊ သတ္တိရှိရှိဆောင်ရွက် တတ်သူ၊ စာပေလိုက်စားသူ၊ လေးစားထိုက်သူတစ်ယောက် ဖြစ်တယ်ဆိုတာ သိရမှာဖြစ်ပါတယ်။ ဟန်ဆောင်ပန်ဆောင်နဲ့ သိသယောင် တတ်သယောင် လုပ်တတ်သူ မဟုတ်ဘဲ အသိတရားနဲ့လက်တွေ့ကို ပေါင်းစပ်ဆောင်ရွက်တတ်သူတစ်ဦး ဖြစ်ပါကြောင်း ဖော်ပြအပ်ပါတယ်။

အပိုင်း(၆)

ဦးအောင်သောင်းဟာ ကူညီရိုင်းပင်းတတ်သူဖြစ်ပါတယ်။ လူမှုရေးနားလည်ပြီးတော့ စာနာ ထောက်ထား တတ်သူလည်းဖြစ်ပါတယ်။ ကျေးလက်မှာကြီးပြင်းလာပြီးတော့ ကြိုးပမ်းလာသူလည်း ဖြစ်ပါ တယ်။ ကျေးလက်ကို အခြေခံသူလည်းဖြစ်ပါတယ်။ ဘ၀မေ့တတ်သူမဟုတ်ပါဘူး။ ဇာတိမေ့ တတ်သူ မဟုတ်ပါဘူး။ အလုပ်လုပ်တဲ့နေရာမှာရော ပြောတဲ့နေရာမှာရော ဆင်ခြင်ထောက်ထားမှုနဲ့ ပြောခြင်း၊ ဆိုခြင်း၊ လုပ်ခြင်းရှိသူဖြစ်ပါတယ်။

အပိုင်း(၇)

အကျင့်ပျက်ခြစားမှုတွေနဲ့ပတ်သက်လို့ ဝေဖန်မှုတွေရှိပါတယ်။ တကယ့်လက်တွေ့နဲ့ လုံးဝခြား နားပြီး မမှန် ကန်ပါဘူး။ ဌာနကိုလုပ်တဲ့နေရာမှာလည်း စနစ်တကျလုပ်တာဖြစ်ပါတယ်။ မှတ်တမ်း မှတ်ရာနဲ့ စနစ်တကျ လုပ်တာပါ။ ဒီနေ့ ဦးအောင်သောင်းတာဝန်ယူခဲ့တဲ့ ၀န်ကြီးဌာနမှာ ဘာပြဿနာမှ မရှိပါဘူး။ သာမန် အသေးအဖွဲကလွဲပြီးတော့ ကြီးမားတဲ့ပြဿနာမရှိပါဘူး။ ကြီးမားတဲ့ ငွေရေးကြေးရေး လွဲမှားမှု မရှိပါဘူး။ ဘယ်ဌာနရှိတယ်ဆိုတာ စုံစမ်းကြည့်ပါ မပြောလိုပါဘူး။ ဘယ်သူဟာစနစ်တကျ လုပ်တယ်၊ ဘယ်သူဟာ ပရမ်းပတာလုပ်တယ်ဆိုတာ စဉ်းစားကြည့်ပါ။ လိမ်ညာပြီးလုပ်တာမဟုတ်ပါဘူး။ လက်တွေ့ ဖြစ်ရပ်တွေအရ ကြည့်ရင် သိနိုင်ပါကြောင်းဖော်ပြအပ်ပါတယ်။

အပိုင်း(၈)

ဦးအောင်သောင်းဟာ စက်မှုမှာအများကြီးကြာပါတယ်။ ၁၉ နှစ်လောက်ရှိပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေ မြောက်များစွာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံအတွက် မြေယာသိမ်းတာ တွေ ရှိပါတယ်။ ဘာပြဿနာမှမရှိပါဘူး။ ထိုက်ထိုက်တန်တန်နဲ့ ကျေကျေလည်လည်ဖြစ်အောင် ပြေလည်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ကိုယ်တိုင်က တောင်သူလယ်သမားသားသမီးဖြစ်တဲ့ အတွက် စာနာ ထောက်ထားမှုတွေနဲ့ ဆောင်ရွက်ခဲ့တာပါ။ ယနေ့ထိ ဘာပြဿနာမှမရှိပါဘူး။ ရှိခဲ့ ရင်လည်း မတော် မတရားနဲ့ နိုင်ထက်စီးနင်းလုပ်ခဲ့တာမဟုတ်ပါဘူး။

အပိုင်း(၉) ဦးအောင်သောင်းက ကိုယ်လုပ်တဲ့တာဝန်ကို ကိုယ်ယူပါတယ်။ ဘယ်သူ့ကိုမှလွှဲမချပါဘူး။ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့်လို့ လွှဲမချပါဘူး။ အမိန့်အရလုပ်ရလို့ဖြစ်တယ်၊ ခိုင်းလို့လုပ်ရတာဖြစ် တယ်လို့ ဘယ်တော့မှမပြောဘူး။ ဘယ်သူ့မှလည်း ကျေးဇူးမကန်းဘူး။ သစ္စာလည်းမဖောက်ဘူး။ အချင်းချင်းအပေါ်မှာလည်း သစ္စာမဖောက်ဘူး။ အထက်လူကြီးရော၊ ငယ်သားအပေါ်မှာရော သစ္စာ မဖောက်ပါဘူး။ ငယ်သားရဲ့ကျေးဇူးကိုနားလည်တယ်။ အထက်လူကြီးရဲ့ကျေးဇူးကိုလည်း နားလည် တယ်။ ဇာတိရပ်ရွာရဲ့ကျေးဇူးကိုလည်း နားလည်ပြီးတော့ ဆောင်ရွက်နေသူဖြစ်ပါတယ်။ ဦးအောင်သောင်း ကို ချစ်ခင်တဲ့သူ လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ၊ မိတ်ဆွေတွေ များစွာရှိ ပါတယ်။ ထိုလူများကိုမေးကြည့်ပါ။ ဦးအောင်သောင်းကို အများကြီးကြည်ညိုပါတယ်။ ဦးအောင်သောင်းကို အများကြီးကူညီပါတယ်။ ဦးအောင်သောင်းဖြစ်ချင်တာတွေအားလုံးကို ကူညီပေးတဲ့သူတွေ၊ တာဝန်ယူတဲ့ သူတွေချည်းပါပဲ။ သူတို့ရဲ့ကူညီမှု၊ ပံ့ပိုးမှုတွေနဲ့ ဦးအောင်သောင်းဟာ ရပ်တည်နေတာဖြစ်ပါတယ်။

ဒီနေ့ ပြည်သူလူထုအကျိုးပြုလုပ်ငန်းများ၊ စည်းရုံးရေးအောင်မြင်အောင်လုပ်တဲ့နေရာမှာ သူတို့ရဲ့အကူအညီ များနဲ့ ဖြစ်ပါတယ်။ ကိုယ့်ကိုကူညီသူများရဲ့ ပစ္စည်းဥစ္စာ၊ ငွေကြေးကို အလကားမဖြစ်စေရဘူး။ အလွဲသုံး စားမလုပ်ဘူး။ ကိုယ်ကျိုးမသုံးဘူး။ မန္တလေးတိုင်းအတွင်းမှာသုံးစွဲထားတာတွေကို စရင်းဇယားနဲ့ရှိတယ်။ ကြည့်နိုင်ပါတယ်။ စုံစမ်းနိုင်ပါတယ်။ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ မြို့နယ်ပေါင်း ၃၆ မြို့နယ်မှာ ရောက်တဲ့ မြို့တိုင်းကို မေးကြည့်နိုင်ပါတယ်။ မေးကြည့်ပါ။ တောင်သာမြို့နယ်မှာ ကျေးရွာပေါင်း ၂၄၃ ရွာရှိပါတယ်။ ဦးအောင်သောင်းမရောက်ဖူးတဲ့ရွာမရှိပါဘူး။ တစ်ချို့ရွာတွေဆိုရင် ၅ ခေါက် ၆ ခေါက် ရောက်ပါတယ်။ မကူညီဖူးတဲ့ရွာမရှိပါဘူး။ ဖွံ့ဖြိုးရေးလုပ်မပေးတဲ့ရွာမရှိပါဘူး။ အလုပ်ခန့်ပေးတာ၊ ကျောင်းထားပေးတာ၊ ဆေးကုပေးတာ၊ ရေတွင်းတူးပေးတာ၊ လမ်းဖောက်ပေးတာတွေ ဦးအောင်သောင်းအစီအစဉ်နဲ့လုပ်ပေးတာ အများကြီးရှိပါတယ်။ လက်တွေ့ဆင်းကြည့်လိုက်ပါ။

ဦးအောင်သောင်းရဲ့ မန္တလေးတိုင်းနယ်မြေမှာ ပြည်သူလူထုအများစုက အပြတ်အသတ်ထောက်ခံ ပါတယ်။ အထူးသဖြင့် တောင်သာမြို့နယ်ဖြစ်ပါတယ်။ ဦးအောင်သောင်းကို ရာနှုန်းပြည့်ထောက်ခံတဲ့ ရွာပေါင်းဆိုရင် ၁၁၀ လောက်ရှိပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲအများဆုံးရသူတစ်ဦးထဲမှာ ပါဝင်ပါ တယ်။ ညစ်ပတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လာဘ်လာဘပေးခြင်း၊ မဟုတ်မမှန်သောနည်းလမ်းဖြင့် ဆောင်ရွက် ထားခြင်း တစ်ခုမှမရှိပါဘူး။ ဦးအောင်သောင်းဟာ စာတွေ့၊ လက်တွေ့ရှိတယ်။ ဘ၀အတွေ့ အကြုံရှိတယ်။ စစ်ရေးအတွေ့အကြုံများစွာရှိတယ်။ နိုင်ငံရေးအတွေ့အကြုံရှိတယ်။ စာဖတ်ပြီးတော့ သီအိုရီအရ ကိုယ်မလုပ်ဖူးတာတွေကို ပြောနေတဲ့သူမဟုတ်ဘူး။

ဦးအောင်သောင်းဟာ စိတ်ရှည်တယ်။ ကြိုးစားတယ်။ သည်းခံတယ်။ ဒေါသမဖြစ်ဘူး။ အလွန် စိတ်ရှည်သူ အဖြစ် နာမည်ကြီးတယ်။ ဆက်ဆံကြည့်ရင်၊ ပေါင်းသင်းကြည့်ရင် တစ်ခါတရံမဟုတ်ဘဲနဲ့ အမြဲတမ်း ဆက်ဆံကြည့်ရင် သိနိုင်ပါကြောင်း ဖော်ပြအပ်ပါတယ်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။