/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, December 17, 2014

.

အင်ဒိုနီးရှား မာရာဟာလင်ဖလားပြိုင်ပွဲ မြန်မာ ယူ-၂၀ ၀င်ရောက်ယှဉ်ပြိုင်မည်

မြန်မာ ယူ-၂၀ ဘောလုံးအသင်းဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် မာရာဟာလင် ဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ အတွက် ရန်ကုန်မှာ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

မြန်မာလူငယ်အသင်းဟာ အာရှ ယူ-၁၉ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ခဲ့လို့ ကမ္ဘာ့ဖလား ယူ-၂၀ ပြိုင်ပွဲဝင်ခွင့် ရရှိထားတဲ့အသင်း ဖြစ်ပါတယ်။

ဇန်န၀ါရီ ၈ ရက်မှာ စတင်မယ် မာရာဟာလင်ဖလား ပြိုင်ပွဲကို မြန်မာ ယူ-၂၀ အသင်းအပါအ၀င် အသင်း ၄ သင်း ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

မြန်မာ ယူ-၂၀ အသင်း၊ အင်ဒိုနီးရှား ယူ-၂၃ အသင်း၊ အင်ဒိုနီးရှားကလပ် အသင်းတစ်သင်းနဲ့ သြစတြေးလျ ကလပ်အသင်းတစ်သင်းတို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဂျာမန်လူမျိုးက နည်းပြချုပ်အဖြစ် တာဝန်ယူထားတဲ့ မြန်မာ ယူ-၂၀ အသင်းဟာ ဒီပွဲပြီးရင် ဂျာမနီနိုင်ငံကို သွားရောက်ပြီး လေ့ကျင့်ရင်း ခြေစမ်းပွဲတွေ ကစားဖို့စီစဉ်ထားတယ်လို့ အသင်းတာဝန်ရှိ သူတွေက ပြော ပါတယ်။

DVB

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။