/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Wednesday, December 17, 2014

.

သမ္မတအိမ်တော်သတင်းထောက် ထားရှိတော့မည်

နိုင်ငံတော်သမ္မတအိမ် တော်က သတင်းထုတ်ပြန်ရေး တစ်ပတ်လျှင်တစ်ကြိမ် ပြုလုပ်မည်ဖြစ်ပြီး အိမ်တော် သတင်းရ ယူလိုသည့် သတင်းဌာနများ အနေဖြင့် သတင်းထောက်လုပ်သက် ငါးနှစ်အထက်ရှိ အကြီး တန်းသတင်း ထောက်များ လျှောက်ထားနိုင် ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကပြောသည်။

မြန်မာသမ္မတ အိမ်တော် သတင်းထောက် ထားခြင်းသည် အမေရိကန်သမ္မတအိမ်ဖြူတော် ၏ White House Press Corp ကို နမူနာယူခြင်းဖြစ်ပြီး အိမ်ဖြူ တော်တွင် အယ်ဒီတာအဖွဲ့ဝင်ကို သာ ပေး ၀င် သော်လည်း မြန်မာနိုင်ငံ အခြေအနေနှင့် ကိုက်ညီစေရန် သတင်းထောက်လုပ်သက် ငါးနှစ်နှင့် ရာထူး တာဝန်ကို အကြီးတန်းသတင်းထောက်ဟု သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘သမ္မတအိမ်တော်မှာ ပုံမှန် သတင်းယူမယ့် သတင်းထောက် တစ်ဦးအနေနဲ့ သင့်တင့်တဲ့ သတင်းအတွေ့ အကြုံ၊ ကျွမ်းကျင်မှုတော့ရှိသင့်တယ်။ နောက်ပြီး စိတ်ချရတဲ့လုံခြုံရေးဆန်းစစ်မှုလည်းရှိရမယ်လို့ ကျွန်တော် တို့ ယုံကြည်ပါတယ်’’ဟု ၎င်းကပြောသည်။

အမေရိကန်အိမ်ဖြူတော် တွင်လည်း အိမ်ဖြူတော်သတင်း ထောက်များအား ၀ါရင့်လုပ်သက်ရှိ သတင်း ထောက်များကိုသာ ထားရှိပြီး ယခုလုပ်သက်ငါးနှစ် သတ်မှတ်ချက်ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အပါအ၀င် စာနယ်ဇင်းအဖွဲ့အစည်းများက သဘောတူခဲ့ကြောင်း ကောင်စီ ယာယီအတွင်းရေးမှူး ဦးကျော် မင်းဆွေကပြောသည်။

‘‘သမ္မတအိမ်တော်က တစ် ပတ်တစ်ကြိမ်လောက် ပုံမှန် သတင်းထုတ်ပြန်မယ်။ အိမ်တော် ထဲက သတင်းစာ ရှင်းလင်းပွဲတွေ ကို တက်ဖို့ မီဒီယာတစ်တိုက်ကို တစ်ယောက်ပဲ ခွင့်ပြုမယ်။ ဒီတော့အိမ်တော်ပုံမှန် သတင်းထောက် ထားမှာဖြစ်တယ်။ အိမ်တော် သတင်းထောက်ဖြစ်ဖို့ အကြမ်း ဖျင်းသတ်မှတ်ထားတာက သတင်းလုပ်ငန်း အတွေ့အကြုံ ငါးနှစ်ရှိရမယ်။ တကယ်လို့ သတ် မှတ်ချက်မပြည့်မီရင် တိုက်က အယ်ဒီတာရဲ့ တာဝန်ယူမှုနဲ့ ခြွင်း ချက်ထားပြီး သမ္မတရုံးကိုတင်ပြ နိုင်တယ်။ သမ္မတရုံးက စဉ်းစားစိ စစ်မှာဖြစ်တယ်လို့ သိရပါတယ်’’ ဟု စာနယ်ဇင်းကောင်စီယာယီ အတွင်းရေးမှူး ဦးကျော်မင်းဆွေ ကပြော သည်။

ဒီဇင်ဘာ ၁၆ ရက်က ရန် ကုန်မြို့တွင် သမ္မတပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာဆရာများ သမဂ္ဂ၊ မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း၊ မြန်မာ ဂျာနယ်လစ် ကွန်ရက်တို့နှင့် တွေ့ဆုံပွဲ၌ သမ္မတ အိမ်တော်သတင်းထောက်ထား ရန် ဆွေးနွေးခဲ့ခြင်းဖြစ် သည်။

‘‘သတင်းထောက်လုပ်သက် ငါးနှစ်ဆိုတာ အများစုက သဘောတူတယ်။ သမ္မတရုံးသွားပြီး ကိုးရိုး ကားရားလုပ်ရင် တစ်ယောက်၊ နှစ်ယောက်က လုပ်လိုက်ပေမယ့် အကုန်လုံးခြုံပြီး အထင်လွဲခံမှာ ဖြစ်တယ်။ သမ္မတအိမ်တော်ကို ပုံမှန်ဝင်ထွက်သွားနေလို့လည်း ဒီလူက ဘက်လိုက်မှုမရှိဘဲ သတင်းတွေတင်ပြ၊ မပြဆိုတာကို သက်ဆိုင်ရာမီဒီယာတိုက်အသီး သီးနဲ့ သတင်းထောက်ကိုယ်တိုင် က ချိန်ညှိရ မှာဖြစ်တယ်’’ဟု ဦး ကျော်မင်းဆွေကပြောသည်။

နိုင်ငံတော်အဆင့်သတင်းများ ရေးသားရမည်ဖြစ်၍ သတင်းထောက်လုပ်သက် ငါးနှစ်ရှိအကြီးတန်း သတင်းထောက်ဟု သတ်မှတ်ခြင်းအပေါ် နားလည်နိုင်ကြောင်း BBC မြန်မာပိုင်းဌာန သတင်းထောက် ကိုနေလင်းကပြောသည်။ သို့သော်ရေရှည် တွင် သတင်းများဘက်လိုက်မှု ကင်းကင်းနှင့် ရေးသားဖော်ပြရန် မှာ သတင်းဌာနနှင့် သတင်းထောက် များ၏ အရည်အသွေးပေါ် မူ တည်ကြောင်း ၎င်းကပြောသည်။

အိမ်တော်သတင်းထောက် များထားရှိရေးကို ၂၀၁၅ ဇန်န၀ါရီတွင် စတင်ပြင်ဆင်မှုပြုလုပ်မည် ဖြစ်ကြောင်း ဦးရဲထွဋ်ကပြောသည်။

7Day DAILY

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။