/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 3, 2014

.

ကမ္ဘာ့ အကြီးဆုံး အိမ်သုံးTVများ စတင် ရောင်းချရန် Samsung စီစဉ်နေ


1545978_237657526404041_1649556357_n

Samsung ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး အိမ်သုံး TV များကို ရောင်းချသွားရန် အသင့်ဖြစ်နေပြီဟု သိရှိ ရသည်။ လက်မ(၁၁၀) အရွယ်အစားရှိ TVများကို U-HDTV နည်းပညာဖြင့် ဖန်တီးထားပြီး သာမန် HD TVများထက် ပုံရိပ်ပြတ်သားမှု အရည်အသွေးကို (၄)ဆ မြှင့်တင်ထားသည်။ ဈေးနှုန်းအားဖြင့်လည်း မနည်း လှဘဲ ယင်းTV တစ်လုံးလျှင် ပေါင်စတာလင် တစ်သိန်း မျှ ကျသင့်မည် ဖြစ်သည်။


တောင်ကိုရီးယားတွင် ယင်းLCD TVတစ်လုံးအတွက် ဈေးနှုန်းကို ဝမ်သန်း(၁၆၀) သတ်မှတ်ထားသည်။ ယင်းသည် ဗြိတိန်ငွေကြေးအရ ပေါင်စတာလင် (၁၀၀၀၀၀)ဝန်းကျင်နှင့် ညီမျှသည်။ Samsungသည် ယခင်OLED Screenသုံး TVများအစား ပုံရိပ်ဖော်နိုင်စွမ်း ပိုမိုကောင်းမွန်သည့် LED Screenများကို ပြန်လည် ရွေးချယ်ခဲ့ခြင်း လည်း ဖြစ်သည်။ Samsungအပြင် ၎င်း၏ တောင်ကိုရီးယား နည်းပညာ ပြိုင်ဘက်ကြီး LGသည်လည်း ဧရာမ အိမ်သုံးTVများ ထုတ်လုပ်ရန် အပြိုင်အဆိုင် စီစဉ်လျှက် ရှိသည်။

Samsung၏ TVအသစ်ကို တစ်ကမ္ဘာလုံးတွင် ဖြန့်ကျက်ရောင်းချမည်ဖြစ်ပြီး အရှေ့အလယ်ပိုင်း ဒေသများတွင် အမှာစာများ စတင်လက်ခံထားပြီဟု သိရသည်။ အလျား(၁၀၂)လက်မ၊ အနံလက်မ(၇၀)နှင့် ထောင့်ဖြတ် လက်မ(၁၁၀) ကျယ်ပြန့်သော TVများကို ရှေးဦးစွာ တရုတ်၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့သို့ တင်ပို့ရန် Samsungက ရည်ရွယ်ထားကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။