/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 3, 2014

.

ဝဲကြီးရွာအချုပ်သားများ လွတ်မြောက်ရန် မိသားစုများ ဆုတောင်းပွဲလုပ်



၂၀၁၃ခုနှစ်၊ စက်တင်ဘာလက နေပြည်တော်၊ ပုပ္ပသီရိ မြို့နယ်၊ ဝဲကြီးကျေး ရွာတွင် ရဲများနှင့် ဒေသခံ ရွာသားများ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်း ခံရသော ရွာသား၂၁ ဦးအား လွတ် မြောက်ရန် ၎င်းတို့၏ မိသားစုဝင်များက နေပြည်တော်ရှိ ဥပ္ပါတသန္တိ ဘုရားကြီးတွင် ဆုတောင်းပွဲတစ်ရပ် ကို ဇန်နဝါရီလ ၂ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


“အဖမ်းခံထားရတဲ့ ၂၁ ယောက်လုံး ပြန်လွတ်လာစေချင်တယ်၊ ပျဉ်းမနားရဲစခန်း အချုပ်မှာ အာမခံမရဘဲ အချုပ်ခံထားတာ သုံးလရှိပြီ၊ ရုံးချိန်းလည်း ဆယ်ချိန်းရှိပြီ၊ ဒီနေ့ကိုပဲ ရုံးချိန်း သွားရမှာ မသွားခင်ဘုရားမှာ လာပြီး ဆုတောင်းတာပါ၊ အမှုစစ်ဆေးနေတာလဲ ဘာမှတိုးတက်မှု မရှိဘူး”ဟု ဝဲကြီးရွာသူတစ်ဦးက မဇ္ဈိမ သို့ ပြောကြားခြင်း ဖြစ်သည်။

ဝဲကြီးရွာသားများကို အရေးယူခဲ့စဉ်က ၀တ္တရားနှောင့်ယှက်မှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု၊ အပြင်းအထန်ထိ ခိုက်နာကျင်စေမှု စသည့် ပုဒ်မများ ဖြစ်သည့် ပုဒ်မ-၆(၁)၊ပုဒ်မ-၃၃၃၊ပုဒ်မ-၃၄၂၊ပုဒ်မ-၂၉၄၊ပုဒ်မ-၅၀၆ဖြင့် တရားစွဲဆို ထားကြောင်း သက်ဆိုင်ရာ အာဏာပိုင် များက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ပုပ္ပသီရိမြို့နယ်၊ ကျဉ်တောင်ကန်ရဲစခန်းနှင့် နေပြည်တော် တိုင်းရုံးမှ ရဲ အင်အား ၇၀ခန့် ဝဲကြီးရွာ ထဲသို့ ညသန်းကောင်ယံအချိန်က ဝင်ရောက်ခဲ့ပြီး ရွာသားတို့နှင့် ပဋိပက္ခ ဖြစ်ခဲ့ ပြီးနောက် ရွာသား ၂၁ ဦးကို ပျဉ်းမနား ရဲစခန်းတွင် အာမခံ မရဘဲ အချုပ်ခံခဲ့ရသည်။

မဇ္ဈိမ သတင်းဌာန

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။