/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Friday, January 3, 2014

.

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ် ၁ /၂၀၁၄

၁၃၇၅ ခုနှစ် ၊ ပြာသိုလဆန်း (၂) ရက်

(၂၀၁၄ ခုနှစ် ၊ ဇန်နဝါရီလ ၂ ရက်)

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း


(၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက် ထားမှုကို အလေး ပေးသော အားဖြင့်လည်းကောင်း၊ အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ် ကျခံလျက်ရှိ သော အကျဉ်း သားများ ကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄ (က) အရ နိုင်ငံတော်သမ္မတ သည် ၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် (ခရစ်နှစ် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် ) မတိုင်မီ ကျူးလွန် ခဲ့သာ ပြစ်မှု တစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီး ပါက ယင်းကဲ့သို့ ကျခံနေရသော ပြစ်ဒဏ် အသီးသီးကို အောက်ပါ အတိုင်း ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုလိုက်သည်-

(က) သေဒဏ် ချမှတ်စေခြင်း ခံရသူများအတွက် ထောင်ဒဏ် တစ်သက် (နှစ် အကန့်အသတ်မရှိ) သို့ ပြောင်းလဲ ကျခံစေရန်။

(ခ) နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ် တစ်သက် ကျခံနေရသည့် အကျဉ်းသားများ (သေဒဏ်မှ ထောင်ဒဏ် တစ်သက်နှင့် နှစ်အကန့်အသတ် မရှိသို့ လျော့ပေါ့ ကျခံနေသူများမပါ) နှင့် ထောင်ဒဏ် (၄၀)နှစ် အထက် ကျခံနေရသူများအား ထောင်ဒဏ် (၄၀)နှစ်သို့ လျော့ပေါ့ကျခံစေရန်။

(ဂ) ထောင်ဒဏ် (၄၀)နှစ် နှင့်အောက် ကျခံနေရသည့် အကျဉ်းသား များအား ယင်းတို့ ကျခံနေသော ထောင်ဒဏ် ၏ လေးပုံတစ်ပုံအား လျော့ပေါ့ကျခံစေရန်။



                                                                                         (ပုံ) သိန်းစိန်
                                                                                       နိုင်ငံတော်သမ္မတ
                                                                          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။