/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 14, 2014

.

မျက်လှည့်ဆရာ မစ္စတာတော့(ပ်) နှင့် NLD ရပ်ကျေးဥက္ကဋ္ဌတို့ အချင်းများမှုဖြစ်ပွားနေ

ဆိပ်ကြီးခနောင်တို ကြိုးတံတား ဆောက်လုပ်စဉ်က ယင်းတံတား အနီးတွင် သိမ်းဆည်းခဲ့သော မြေကွက် အား ပြန်လည်ယူစဉ် NLD အဖွဲ့၏ရပ်ကျေး ဥက္ကဋ္ဌနှင့် နာမည်ကြီး မျက်လှည့်ဆရာ မစ္စတာတော့(ပ်) လမ်းမြေ တောင်းခံမှုနှင့် ပတ်သက်ပြီး အချင်းများမှု ဖြစ်ပွားနေကြောင်း သိရသည်။


ယင်းကိစ္စနှင့် ပတ်သက်ပြီး မစ္စတာတော့မှ ဇန်နဝါရီ ၁၃ ရက်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားရာ “ကျွန်တော်တို့ မြေဟာ ဂရန်တော့ မရှိဘူး ဘိုးဘွားစဉ်ဆက် နေလာတာပါ။ ဒါပေမယ့် အဲ့တာကို သူက ကျွန်တော်တို့ မြေကို လမ်းမြေပါဆိုပြီးတော့ ပြောတယ်။ ပြီးတော့ ကျွန်တော်တို့ ခတ်ထားတဲ့ ခြံစည်းရိုး ကိုလည်း ဖျက်ဆီးတယ်”ဟု မစ္စတာတော့ (ပ်) က ပြောသည်။

NLD အဖွဲ့ဝင်များ၏ အောက်ခြေအဆင့် ရှိသူများ ယင်းကဲ့သို့  ပြုလုပ်ခြင်းသည် NLD ပုံရိပ်အား ထိခိုက် စေကြောင်း မစ္စတာတော့ (ပ်) က ဆက်လက် ပြောသည်။                                                                          

“ကျွန်တော် ဒီလိုသတင်းစာရှင်းလင်းပွဲ လုပ်ရတယ်ဆိုတာ အောက်ခြေမှာ ဖြစ်နေတာကို အပေါ်က လူကြီးတွေ သိစေချင်လို့ ပါ။ နောက်တစ်ခုက တစ်ချိန်အဲ့လိုမျိုး လူတွေက နိုင်ငံကို အုပ်ချုပ်လာခဲ့မယ်ဆိုရင် အရမ်း ကို ကြောက်ဖို့ ကောင်းလို့ ပါ” ဟု မစ္စတာတော့ (ပ်) က ထပ်လောင်း ပြောဆိုခဲ့သည်။                                      

ယင်းပြဿနာများ တက်ခြင်းသည် ဆိပ်ကြီးခနောင်တို ကြိုးတံတား ဆောက်လုပ်စဉ်က အစိုးရမှ ယင်းနားရှိ မြေယာများအား သိမ်းဆည်းခဲ့ကာ တံတားဆောက်လုပ်ပြီး ဆီးပါက ပိုသည့် မြေများအား မူလပိုင်ရှင်ထံသို့ ပြန်လည်ပေးအပ် ရမည်ဟု အစိုးရမှ ကတိခံခဲ့ပြီး ကတိအတိုင်း ပြန်လည်ပေးစဉ် မူလ ပိုင်ရှင်က လမ်းမြေပေါ်အား ပိတ်ဆို့၍ ခြံစည်းရိုးခတ်ခြင်း ၊ လမ်းမြေအား ပိုယူသည်ဟုဆိုကာ ပြဿနာများ စဖြစ် ခဲ့ကြောင်း သိရသည်။

The Myanma Age

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။