/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 14, 2014

.

ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်ခရီးစဉ် စင်းလုံးဌား လေယာဉ်ဖြင့် တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းဖွယ်ရှိ


Photo: ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်ခရီးစဉ် စင်းလုံးဌား လေယာဉ်ဖြင့် တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းဖွယ်ရှိ

တင်ဇာအောင်၊ အောင်ကိုဦး| တနင်္လာနေ့၊ ဇန်န၀ါရီ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ 

ရန်ကုန်၊ မဇ္ဈိမ။               ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)  ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်တောင်ပိုင်း နမ့်စန်ခရီးစဉ်တွင် စင်းလုံးဌားလေယာဉ်ဖြင့် သွားမည်ဖြစ်ပြီး တပ်မတော်ပိုင် လေယာဉ်ကွင်းတွင် ဆင်းသက်ခွင့်ရရေး ဆောင်ရွက်နေသည်ဟု  နမ့်စန်မြို့နယ် NLD ဥက္ကဋ္ဌ ဦးနေဇော်နိုင်က မဇ္ဈိမကို ပြောသည်။

အဆိုပါ ခရီးစဉ်ကို ဒေါ်အောင်ဆန်းစုကြည်သည် Air KBZ ပိုင် လေယာဉ်ဖြင့် စင်းလုံးဌား သွားမည်ဖြစ် သော်လည်း လေယာဉ်ကွင်းမှာ တပ်မတော်ပိုင် လေယာဉ်ကွင်းဖြစ်နေ၍  ဆင်းသက်ခွင့်ရရန် မသေမချာ သေးပေ။ ထိုလေယာဉ်ကွင်းတွင် ဆင်းရန်အတွက် လေကြောင်းညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက်တစ်ခုတည်းဖြင့် မရနိုင်ဘဲ စစ်တပ်သို့ ထပ်ဆင့် စာတင်ရဦးမည်ဖြစ်သည်။ 

ဦးနေဇော်နိုင်က “အခုလောလောဆယ်ဖြစ်နေတာကတော့  လေယာဉ်ဆင်းခွင့်မရသေးတဲ့ ကိစ္စပဲရှိတယ်။ ဒေသခံတွေကလည်း မျှော်လင့်နေသလို ခရီးစဉ်ပျက်မှာကိုလည်း စိုးရိမ်နေကြတယ်” ဟု ဆိုသည်။

လေယာဉ်စင်းလုံးဌားရာတွင် လေယာဉ်ကွင်း၌ ဆင်းသက်ခွင့် ရရှိရေးမှာ ဌားရမ်းသည့် ကုမ္ပဏီက ဆောင်ရွက် ပေးရခြင်းဖြစ်ကာ  ပုံမှန်အားဖြင့်  လေကြောင်းညွှန်ကြားမှု ဦးစီးဌာနသို့ တင်ရခြင်းဖြစ်သည်။ ယခုနမ့်စန် လေယာဉ်ကွင်းတွင် ဆင်းခွင့်ရရန် အတွက်လည်း ဦးစီးဌာနမှ တစ်ဆင့် စစ်တပ်သို့ ထပ်ဆင့် တင်မည် ဖြစ်သည်ဟု လေယာဉ်စင်းလုံးဌားသည့် ကုမ္ပဏီ Air KBZ၏ အထွေထွေမန်နေဂျာ  ဦးမြတ်သူက ပြောသည်။

၎င်းက “ကျွန်တော်တို့ကတော့ တပ်ကို တိုက်ရိုက်မတင်ပါဘူး။ ကျွန်တော်တို့ကတော့ DCA (Department of Civil Aviation - လေကြောင်းညွှန်ကြားမှု ဦးစီးဌာန)ကိုပဲ တင်ပါတယ်"ဟု ဆိုသည်။ 

ပုံမှန်အားဖြင့် စင်းလုံးဌား လေယာဉ်ဆင်းခွင့်ကို လေကြောင်းညွှန်ကြားမှု ဦးစီးဌာနသို့ တင်ရာတွင် တစ်ပတ်အတွင်း လေယာဉ်ဆင်းခွင့် ပြန်ကျလေ့ရှိသည်ဟုလည်း ဦးမြတ်သူက ဆိုသည်။  

ဒေါ်အောင်ဆန်းစုကြည်၏ ယင်းခရီးစဉ်အတွက် လေယာဉ်ဆင်းခွင့်ရရန် တင်ထားသည်မှာ သုံးရက်ခန့် ရှိပြီဖြစ်ပြီး ဆင်းသက်ခွင့် မရပါက  NLD အနေဖြင့် သက်ဆိုင်ရာများသို့ တင်သွားမည်ဖြစ်သည်ဟုလည်း NLD ဗဟိုကော်မတီဝင် ဦးကျော်ခင်က မဇ္ဈိမကို ပြောသည်။

၎င်းက “ ဆင်းခွင့်မရသေးတာ မဟုတ်ပါဘူး။ ညှိနှိုင်းတုန်း ရှိပါသေးတယ်။ အခက်အခဲ ရှိနိုင်မယ် မထင်ပါဘူး။ လေယာဉ်ကွင်းပဲ ဆင်းလို့ ရရမှာပေါ့" ဟု ဆိုသည်။ 

နမ့်စန် လေယာဉ်ကွင်းမှာ ယခင်က အခြားလေယာဉ်များလည်း ဆင်းခွင့်ရပြီး နောက်ပိုင်းမှသာ တပ်မတော်ပိုင် ဖြစ်ခြင်းဖြစ်သည်။ ယင်းသို့ လေကြောင်းညွန်ကြားမှု ဦးစီးဌာန အောက်တွင် မရှိသော လေယာဉ်ကွင်းများသို့ ဆင်းသက်ရန်မှာ ပုံမှန်ဆင်းနေကျ မဟုတ်၍ အမှန်တကယ် အခက်အခဲများ ရှိသည်ဟုလည်း ဦးမြတ်သူက ဆိုသည်။ 

၎င်းက “ လေယာဉ်ဆင်းနေကျ မဟုတ်တော့ အောက်မှာ Ground Service လုပ်မယ့်သူ မရှိတော့ အများကြီး ကြိုလုပ်ရမယ်။ control လုပ်ဖို့လူတွေ ဘာတွေ အများကြီး လိုပါတယ်။ သိပ်တော့ မလွယ်ပါဘူး။ ဆင်းနေကျ မဟုတ်ရင် နည်းနည်းတော့ စောင့်ရပါတယ်"ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်သို့ လာရောက်ရန်အတွက် စင်းလုံးဌားလေယာဉ်ကို နမ့်စန် NLDမှ ပါတီဝင် တစ်ဦးက စီစဉ်ပေးခြင်းဖြစ်သည်။ စင်းလုံးဌား လေယာဉ်၏ ဈေးနှုန်းမှာ တစ်နာရီလျှင် ကျပ်သိန်း ၃၀ မှ ၄၀ ဝန်းကျင် ရှိသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်ခရီးစဉ်မှာ ဇန်န၀ါရီ ၂၅ ၊၂၆ရက်နေ့များတွင် ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့၊ မိုးနဲမြို့ နှင့် လင်းခေးမြို့များသို့ သွားရောက်မည်ဖြစ်ကာ ခရီးစဉ်လူထုတွေ့ဆုံ ဟောပြောပွဲများ ကိုလည်း သုံးမြို့လုံးတွင်ပြုလုပ်သွား မည်ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နမ့်စန်မြို့သို့  ခရီးစဉ်လာရောက်ခြင်းမှာ တတိယ အကြိမ်ဖြစ်ပြီး ၁၉၈၉ နှင့် ၂၀၀၂ ခုနှစ်များတွင် လာရောက်ခဲ့ဖူးကာ  ကျန်မြို့များတွင်မူ ပထမဆုံးအကြိမ် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထုတွေ့ဆုံပွဲများပြုလုပ်ရန် ခရီးစဉ်များကို ဇန်န၀ါရီလအတွင်း ပြင်ဆင်ထားပြီး ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်အထိ ချင်းပြည်နယ်သို့ သွားရောက်ခဲ့ကာ ဇန်န၀ါရီ ၁၈ နှင့် ၁၉ ရက်များတွင်လည်း ကရင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်သည်။ ၂၀၁၄ခုနှစ်အတွင်း ပြည်နယ်နှင့် တိုင်းအနှံ့သို့ ခရီးစဉ်များ သွားရောက်ရန် စီစဉ်ထားသည်ဟု  NLD တာဝန်ရှိသူများ ကပြောထားသေးသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်တောင်ပိုင်း နမ့်စန် ခရီးစဉ်တွင် စင်းလုံးဌားလေယာဉ်ဖြင့် သွားမည် ဖြစ်ပြီး တပ်မတော်ပိုင် လေယာဉ် ကွင်း တွင် ဆင်းသက်ခွင့် ရရေး ဆောင်ရွက်နေသည်ဟု နမ့်စန်မြို့နယ် NLD ဥက္ကဋ္ဌ ဦးနေဇော်နိုင် က မဇ္ဈိမကို ပြောသည်။


အဆိုပါ ခရီးစဉ်ကို ဒေါ်အောင်ဆန်းစုကြည်သည် Air KBZ ပိုင် လေယာဉ်ဖြင့် စင်းလုံးဌား သွား မည်ဖြစ် သော်လည်း လေယာဉ်ကွင်းမှာ တပ်မတော်ပိုင် လေယာဉ်ကွင်း ဖြစ်နေ၍ ဆင်း သက် ခွင့် ရရန် မသေမချာ သေးပေ။ ထိုလေယာဉ်ကွင်းတွင် ဆင်းရန်အတွက် လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုချက်တစ်ခုတည်းဖြင့် မရနိုင်ဘဲ စစ်တပ်သို့ ထပ်ဆင့် စာတင်ရ ဦးမည်ဖြစ်သည်။ 

ဦးနေဇော်နိုင်က “အခုလောလောဆယ်ဖြစ်နေတာကတော့ လေယာဉ်ဆင်းခွင့်မရသေးတဲ့ ကိစ္စပဲ ရှိ တယ်။ ဒေသခံတွေကလည်း မျှော်လင့်နေသလို ခရီးစဉ်ပျက်မှာကိုလည်း စိုးရိမ်နေကြ တယ်” ဟု ဆိုသည်။

လေယာဉ်စင်းလုံးဌားရာတွင် လေယာဉ်ကွင်း၌ ဆင်းသက်ခွင့် ရရှိရေးမှာ ဌားရမ်းသည့် ကုမ္ပဏီက ဆောင်ရွက် ပေးရခြင်းဖြစ်ကာ ပုံမှန်အားဖြင့် လေကြောင်းညွှန်ကြားမှု ဦးစီးဌာနသို့ တင်ရခြင်းဖြစ်သည်။ ယခုနမ့်စန် လေယာဉ်ကွင်းတွင် ဆင်းခွင့်ရရန် အတွက်လည်း ဦးစီးဌာနမှ တစ်ဆင့် စစ်တပ်သို့ ထပ်ဆင့် တင်မည် ဖြစ်သည်ဟု လေယာဉ်စင်းလုံးဌားသည့် ကုမ္ပဏီ Air KBZ၏ အထွေထွေမန်နေဂျာ ဦးမြတ်သူက ပြောသည်။

၎င်းက “ကျွန်တော်တို့ကတော့ တပ်ကို တိုက်ရိုက်မတင်ပါဘူး။ ကျွန်တော်တို့ကတော့ DCA (Department of Civil Aviation - လေကြောင်းညွှန်ကြားမှု ဦးစီးဌာန)ကိုပဲ တင်ပါတယ်"ဟု ဆိုသည်။ 

ပုံမှန်အားဖြင့် စင်းလုံးဌား လေယာဉ်ဆင်းခွင့်ကို လေကြောင်းညွှန်ကြားမှု ဦးစီးဌာနသို့ တင်ရာ တွင် တစ်ပတ်အတွင်း လေယာဉ်ဆင်းခွင့် ပြန်ကျလေ့ရှိသည်ဟုလည်း ဦးမြတ်သူက ဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ယင်းခရီးစဉ်အတွက် လေယာဉ်ဆင်းခွင့်ရရန် တင်ထားသည်မှာ သုံးရက်ခန့် ရှိပြီဖြစ်ပြီး ဆင်းသက်ခွင့် မရပါက NLD အနေဖြင့် သက်ဆိုင်ရာများသို့ တင်သွား မည်ဖြစ်သည်ဟုလည်း NLD ဗဟိုကော်မတီဝင် ဦးကျော်ခင်က မဇ္ဈိမကို ပြောသည်။

၎င်းက “ ဆင်းခွင့်မရသေးတာ မဟုတ်ပါဘူး။ ညှိနှိုင်းတုန်း ရှိပါသေးတယ်။ အခက်အခဲ ရှိနိုင်မယ် မထင်ပါဘူး။ လေယာဉ်ကွင်းပဲ ဆင်းလို့ ရရမှာပေါ့" ဟု ဆိုသည်။ 

နမ့်စန် လေယာဉ်ကွင်းမှာ ယခင်က အခြားလေယာဉ်များလည်း ဆင်းခွင့်ရပြီး နောက်ပိုင်းမှသာ တပ်မတော်ပိုင် ဖြစ်ခြင်းဖြစ်သည်။ ယင်းသို့ လေကြောင်းညွန်ကြားမှု ဦးစီးဌာန အောက်တွင် မရှိသော လေယာဉ်ကွင်းများသို့ ဆင်းသက်ရန်မှာ ပုံမှန်ဆင်းနေကျ မဟုတ်၍ အမှန်တကယ် အခက်အခဲများ ရှိသည်ဟုလည်း ဦးမြတ်သူက ဆိုသည်။ 

၎င်းက “ လေယာဉ်ဆင်းနေကျ မဟုတ်တော့ အောက်မှာ Ground Service လုပ်မယ့်သူ မရှိတော့ အများကြီး ကြိုလုပ်ရမယ်။ control လုပ်ဖို့လူတွေ ဘာတွေ အများကြီး လိုပါတယ်။ သိပ်တော့ မလွယ်ပါဘူး။ ဆင်းနေကျ မဟုတ်ရင် နည်းနည်းတော့ စောင့်ရပါတယ်"ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နမ့်စန်သို့ လာရောက်ရန်အတွက် စင်းလုံးဌားလေယာဉ်ကို နမ့်စန် NLDမှ ပါတီဝင် တစ်ဦးက စီစဉ်ပေးခြင်းဖြစ်သည်။ စင်းလုံးဌား လေယာဉ်၏ ဈေးနှုန်းမှာ တစ်နာရီလျှင် ကျပ်သိန်း ၃၀ မှ ၄၀ ဝန်းကျင် ရှိသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်ခရီးစဉ်မှာ ဇန်န၀ါရီ ၂၅ ၊၂၆ရက်နေ့များတွင် ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့၊ မိုးနဲမြို့ နှင့် လင်းခေးမြို့များသို့ သွားရောက်မည်ဖြစ်ကာ ခရီးစဉ်လူထုတွေ့ဆုံ ဟောပြောပွဲများ ကိုလည်း သုံးမြို့လုံးတွင်ပြုလုပ်သွား မည်ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နမ့်စန်မြို့သို့ ခရီးစဉ်လာရောက်ခြင်းမှာ တတိယ အကြိမ်ဖြစ်ပြီး ၁၉၈၉ နှင့် ၂၀၀၂ ခုနှစ်များတွင် လာရောက်ခဲ့ဖူးကာ ကျန်မြို့များတွင်မူ ပထမဆုံးအကြိမ် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူထုတွေ့ဆုံပွဲများပြုလုပ်ရန် ခရီးစဉ်များကို ဇန်န၀ါရီလအတွင်း ပြင်ဆင်ထားပြီး ဇန်န၀ါရီ ၆ ရက်မှ ၁၀ ရက်အထိ ချင်းပြည်နယ်သို့ သွားရောက်ခဲ့ကာ ဇန်န၀ါရီ ၁၈ နှင့် ၁၉ ရက်များတွင်လည်း ကရင်ပြည်နယ်သို့ သွားရောက်မည် ဖြစ်သည်။ ၂၀၁၄ခုနှစ် အတွင်း ပြည်နယ်နှင့် တိုင်းအနှံ့သို့ ခရီးစဉ်များ သွားရောက်ရန် စီစဉ်ထားသည်ဟု NLD တာဝန်ရှိသူများ ကပြောထားသေးသည်။

Mizzima - News in Burmese

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။