/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 14, 2014

.

အခြေခံ ဥပဒေပုဒ်မ (၅၉) (စ) - လုံးဝမပြင်ရ — ရှုထောင့် သုံးမျိုး ( ပေးစာ)



အခြေခံ ဥပဒေပုဒ်မ (၅၉) (စ)သည် ဤကဲ့သို့ အခိုင်အမာဆိုထား၏...


“မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရား ၀င် သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထို တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်း သော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ”။

မြန်မာ့နိုင်ငံရေး၏ အဓိက သော့ချက်ဖြစ်သော အခြေခံ ဥပဒေကို မူအားဖြင့် ပြင်ဆင်နိုင်သော်လည်း လက်တွေ့ အားဖြင့် ထင်တိုင်း ခရီးမရောက်နိုင်သည်ကို ပြည်သူအများက၊ အထူးသဖြင့် NLD ပါတီက သတိထားမိလာသည်။ ပြင်ဆင်လိုသည့် (ပြင်ဆင် သင့်ခြင်း ဟုတ်ချင်မှ ဟုတ်မည့်) ဥပဒေများ ရှိရာတွင၊် အထက်ပါ အခြေခံ ဥပဒေပုဒ်မ (၅၉) (စ) အကြောင်းကို ပုဂ္ဂလိက စာနယ် ဇင်း အချို့ တွင် အပြောများ၊ အရေးများလျက် ရှိသည်ကို တွေ့ ရ၏။ ထို ပုဒ်မ (၅၉) (စ)ကို အဘယ့်ကြောင့် ပြင်ဆင်လိုပါသနည်းဟူသော မေးခွန်းကို NLD ပါတီ၏ ဆန္ဒအရ အလွယ်ဆုံး၊ အရှင်းဆုံး (အရိုးဆုံးတော့ မဟုတ်) ဖြေဆိုရပါလျင် ဒေါ်စုကြည် သမ္မတဖြစ်စေလို သောကြောင့်ဟုပင် ဖြစ်မည်။ ထိုဆန္ဒသည် မည်မျှ လက်တွေ့ ကျ၊ မကျကို အနည်းဆုံး ရှုထောင့် သုံးမျိုး (သို့ မဟုတ်) သုံးဘက်မြင်ဖြင့် တင်ပြပါမည်။ ထိုသုံးဘက်မြင် သို့ မဟုတ် ရှုထောင့် သုံးမျိုးမှာ...

၁။ အမျိုးသားရေး (သို့ ) မျိုးချစ်စိတ် အမြင် (Patriotic Perspective)

၂။ ဘာသာ ယဉ်ကျေးမှုအမြင် (Religio-cultural Perspective)

၃။ အချုပ်အခြာ အာဏာ အမြင်တို့ ပင် ဖြစ်ပါသည်။ (Sovereign Perspective)

ထိုအမြင် သုံးမျိုးသည် စာရေးသူတို့  ခေတ္တ ရောက်ရှိနေသည့် အမေရိကန် နိုင်ငံအပါအ၀င် နိုင်ငံတိုင်း တွင်ရှိ၏။ ထိုသုံးမျိုးကို ဆန့် ကျင်၊ လွန်ဆန်ပြီး နိုင်ငံရေးလုပ်လျှင် မအောင်မြင်၊ ကျဆုံး၏။ အမျိုးသား သစ္စာဖောက်ဟုလည်း ကင်ပွန်းတပ် ခေါ်ကြ၏။ မြန်မာ ပြည် ပါတီအချို့ နှင့် လူပုဂ္ဂိုလ်၊ စာနယ်ဇင်း အဖွဲ့ အစည်း အချို့ သည်လည်း၊ အမျိုးသား သစ္စာဖောက်တို့ ၏ လားရာလမ်းသို့ ၊ ဦးတည် ရွေ့ လျားနေသည်ကို၊ တစ်နေ့ တစ်ခြား မျက်ဝါးထင်ထင်၊ တွေ့ မြင် ကြားသိ နေရ၏။ ထို့ ကြောင့် အမျိုးသားရေုး အစစ် အမှန်ကို နား လည် သိရှိပြီး ထိုပုဒ်မ (၅၉) (စ)ကို အသက်နှင့်ရင်း၍ ကာကွယ်ရန်လိုအပ်လာ၏။

၁။ အမျိုးသားရေး (သို့ ) မျိုးချစ်စိတ် အမြင် (Patriotic Perspective)

မြန်မာပြည်၏ အမျိုးသား အင်အားစုများသည် ယေဘုယျ အားဖြင့် ရဟန်း သံဃာတော်များ၊ မြန်မာ့တပ်မတော်နှင့် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်၏ လက်အောက်ခံ လက်နက်ကိုင် အင်အားစုများနှင့် အများစုသော ပြည်သူ လူထုကြီးပင်ဖြစ်၏။ ယခု ဆိုလျင် ဂိုဏ်းပေါင်းစုံမှ စာချ၊ စာသင် ဆရာတော်ကြီးများ အပါအ၀င် အရှင်ဝီရသူ ဦးဆောင်သော အမျိုးသား အင်အားစုများက မျိုး စောင့် ဥပဒေ ပေါ်ထွန်းလာရေးအတွက် ဥပဒေဘောင်အတွင်းမှ တက်ညီ လက်ညီ ဆောင်ရွက်လျက်ရှိနေကြပေပြီ။ ထိုအင်အားစုများကို တော်လှန် ဆန့်ကျင်သော နိုင်ငံရေးသမားများသည် မြန်မာပြည် ၏၂၁-ရာစု လက်သစ် သခင်သန်းထွန်းနှင့် သခင်စိုးတို့ ဖြစ်ကာ ၄င်းတို့  လျှောက်ခဲ့သည့် သမိုင်းခြေရာအမှားကို ထပ်ကြပ်မကွာ နင်းလျှောက်မိလျှက်သား ဖြစ်နေပေလိမ့်မည်။

သခင်သန်းထွန်းနှင့် သခင်စိုးတို့ က၊ ပစ္စည်းမဲ့ တော်လှန်ရေးကို ဆင်နွှဲရင်း အမျိုးသား အကျိုးစီပွားကို ဖျက်ဆီး ခဲ့ကြ၏။

ယနေ့ ခေတ် င်္ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှား သူများက၊ ဓနရှင်တို့ အလိုကျ လူ့ အခွင့်အရေး အရေခြုံပြီး အမျိုးသား အကျိုး စီး ပွားကို ဖျက်ဆီးနေကြ၏။ သခင်အားရ ကျွန်ပါး ၀ ဖြစ်နေကြ၏။ ထို အဖြစ်သနစ် နှစ်မျိုးလုံးပင် လက်ဝဲနှင့် လက်ျာကို ယိမ်းနေသော အစွန်းတရားများ ဖြစ်နေသည်ကို နားလည်ကာ အလယ်အလတ် လမ်းစဉ်ကို လျှောက်ကြရလိမ့်မည်။ အမျိုးသား အကျိုးစီးပွားကို ဘေး ဖယ်ထားပြီး၊ လူ့ အခွင့် အရေးကို ဦးစားပေး၍ မရ ဆိုသည်ကို သိမြင် သဘောပေါက် လက်ခံကြရပေလိမ့်မည်။ မြန်မာပြည်ကို အစစ် အမှန် ချစ်မြတ်နိုးသူတိုင်းက ပုဒ်မ (၅၉) (စ) ကို လုံးဝ မပြင်ရန် ပြည်တွင်း၊ ပြည်ပ မကျန် လှုပ်ရှားလာကြတော့မည်။ အမျိုးသား အင် အားစုများက မပြင်လိုပဲ၊ အနောက် တိမ်း၊ အနောက်ယိမ်းသူ တစ်ချို့ နှင့် အာဏာ မက်သူ တစ်ချို့ က NLDပါတီ နှင့် ပွင်းလင်း မြင်သာ မရှိသော အပေးအယူလုပ်ပြီး၊ ထို ပုဒ်မ (၅၉) (စ)ကို ပြင်ဆင်ခဲ့မည်ဆိုလျှင်၊ တည်ဆောက် ထားခဲ့ပြီးသော ငြိမ်းချမ်းရေး လုပ် ငန်းစဉ် များနှင့်၊ ရရှိပြီးသော နိုင်ငံရေး ပြုပြင် ပြောင်လဲမှုများသည်၊ နောက် ပြန်သွားနိုင်သည်ကို အထူးသတိ ပြုကြရလိမ့်မည်။ နိုင်ငံ တိုင်းသည် မိမိတို့ ၏ အမျိုးသား အကျိုးစီးပွားကိုသာ ဦးစားပေးမြဲ ထုံးစံအရ ၊ လူ့ အခွင့် အရေးကဲ့သို့ သော စကားလုံး လှလှများ အောက်ဝယ်၊ မြန်မာပြည်၏ အမျိုးသား အကျိုးစီးပွား ပျောက်ကွယ် မသွားသင့်ပေ။ ထို့ ကြောင့် မြန်မာပြည်၏ အမျိုးသား အကျိုးစီပွားကို ကမ္ဘာတည် သရွေ့  ကာကွယ်နိုင်သွားနိုင်ရန် ပုဒ်မ (၅၉) (စ) ကို လုံးဝ မပြင်ရဟု ဆိုခြင်းဖြစ်၏။

၂။ ဘာသာ ယဉ်ကျေးမှု အမြင် (Religio-cultural Perspective)

မြန်မာ့ယဉ်ကျေးမှု၏ ပင်မ ရေသောက်မြစ်သည် ထေရ၀ါဒဗုဒ္ဓဘာသာ ဖြစ်၏။ ထို့ ကြောင့် မြန်မာတို့ ၏ နှလုံးသွေးသည် ပုံမှန် အားဖြင့် ဗုဒ္ဓတရားတော် အောက်တွင် စီးဆင်း လည်ပတ်လာခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီခဲ့ပေပြီ။ မြန်မာ့သမိုင်း ရေစီးချောင်း တစ် လျှောက်တွင် ဆိုရှယ်လစ်၊ကွန်မြူနစ်ကဲ့သို့ သော နိုင်ငံရေး သီအိုရီများ၊ မျောပါပျောက်ကွယ် သွားကြသော်လည်း ဗုဒ္ဓ၀ါဒ ပျောက် ကွယ် မသွားခဲ့ခြင်းသည် အမျိုးသား အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်ကို သမိုင်းက သက်သေပြနေသည်။ အမျိုးသား အကျိုးစီးပွားကို ဆန့် ကျင်သူများသာ သမိုင်း၏ တရားခံဖြစ်သွားကြရသည်။ ယနေ့  မြန်မာပြည်၏ သန်းခြောက်ဆယ်သော ပြည်သူ လူထု အများစုကြီးသည် ဗုဒ္ဓ၀ါဒ ယဉ်ကျေးမှုက သင်ပြထားသော အမျိုးသားရေး အမြင်ဖြင့် နိုင်ငံတော်နှင့် လူသားအကျိုးစီးပွား ကို ဆောင်ရွက်နေကြသည်မှာ သဘာဝကျပါ၏။ ဘုရားအလောင်း သူတော်ကောင်းတို့ သည်လည်း အမျိုးသား အကျိုးစီးပွားကို အသက် ပေးပြီး ကာကွယ်ခဲ့သည့်  သာဓကများစွာ၊ ငါးရာ ငါးဆယ် ဇာတ်တော်များတွင် လေ့လာဖတ်ရှုနိုင်ပါသည်။ တိရစ္ဆာန် ဘ၀၊ လူ့ ဘ၀၊ မည် သည့် ဘ၀မှာပင် ဖြစ်စေ၊ အဆွေအမျိုးတို့ ၏ အကျိုးစီးပွားကို ကာကွယ်ခြင်းသည် မွေးရာပါ ဗီဇပင်ဖြစ်ပါသည်။ ဖြစ်လည်းဖြစ်သင့် ပါ သည်၊ ဖြစ်အောင်လည်း ဆောင်ရွက်ကြရပါမည်။ ထို့ ကြောင့်ပင် နိုင်ငံတိုင်းကလည်း မိမိတို့ နိုင်ငံ၏ အကျိုး စီးပွားကိုသာ ဦးစားပေး ဆောင်ရွက်နေကြပါသည်။

ဗုဒ္ဓ၀ါဒအရ အကျိုးစီးပွား သုံးမျိုးကို လူတိုင်း ဆောင်ရွက်ခွင့်ရှိပါသည်။ ထို အကျိုးစီးပွား သုံးမျိုးမှာ...

(၁) လောကတ္ထ စရိယ (လောက ကောင်းကျိုး သည်ပိုး ဆောင်ရွက်ခြင်း)

(၂) ဥာတတ္ထ စရိယ (အမျိုးသား အကျိုးစီးပွား သည်ပိုး ဆောင်ရွက်ခြင်း) နှင့်

(၃) ဗုဒ္ဓတ္ထ စရိယ (သစ္စာဥာဏ်အလင်း ရရန်အကျိုး သည်ပိုး ဆောင်ရွက်ခြင်း) တို့ ပင်ဖြစ်ပါသည်။

နံပါတ်သုံး ကျင့်စဉ်သည် လောကီအမြင်အရ ပညာရည် မြင့်မားရေးဖြစ်ပြီး၊ လောကုတ္တရာအမြင်အရ သစ္စာဥာဏ်အလင်း ရရှိရေးပင် ဖြစ်ပါသည်။ ထိုမှ တစ်ဆင့်တက်၍ နံပါတ် (၂) ကျင့်စဉ်ဖြစ်သော အမျိုး၊ ဘာသာ၊ သာသနာ အကျိုးကို သည်ပိုး ဆောင်ရွက် ရမည် ဖြစ်ပါသည်။ နံပါတ် (၁) ကျင့်စဉ်သည် တစ်လောကလုံးအတွက် အဆင့်အမြင့်ဆုံးကျင့်စဉ် ဖြစ်သောကြောင့်၊ လောဘ၊ ဒေါသ၊ မောဟ စသည့် အနှုတ်လက္ခဏာ သဘောတရားများကို အမြစ်ပြတ် ပယ်သတ်ထားပြီးကြကုန်သော ဘုရား၊ ရဟန္တာများမှတစ်ပါး မည် သူမျှ မဆောင်ရွက်နိုင်ပါ။ 

တနည်းအားဖြင့် ပြောရလျှင် ဗုဒ္ဓ၀ါဒသည် ဖြစ်သင့်သည့်အရာများစွာတွင် ဖြစ်နိုင်ခြေက စ ပါသည်။ထို့ ကြောင့် လည်း ပညာရည် မြင့်မားပြီး အမျိုး၊ ဘာသာ၊ သာသနာ၏ အကျိုးစီးပွားကို ဆောင်ရွက်ခြင်းက စ ခြင်းသည် သဘာဝ အကျဆုံး၊ ဖြစ်နိုင် ခြေလည်း အများဆုံး၊ ဖြစ်အောင်လည်း လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်၊ အမျိုးသားရေး တာဝန်ပင်ဖြစ်ပါသည်။ တစ်နည်း အားဖြင့် အမျိုးကို စောင့်ခြင်းဟူသော ဘုရားဟော စောင့်လေ မျိုးနွယ်ပင် ဖြစ်ပါသည်။ 

ယခုအချိန်တွင် အမျိုးသား အင်အားစုများ ဖြစ်ကြသော တိုင်းနှင့် ပြည်နယ် အသီးသီးမှ စာချ စာသင် ဆရာတော်များ၊ သီတဂူ ဆရာတော်ကဲ့သို့ သော ဓမ္မကထိက ဆရာတော် အကျော် အမော်များ၊ တိပိဋက ဆရာတော်များသည် နိုင်ငံတော် သြ၀ါဒါစရိယ ဆရာတော်ကြီးများ၏ ဆုံးမသြ၀ါဒကိုလည်း၊ မဆန့်  ကျင်စေပဲ အမျိုး၊ ဘာသာ၊ သာသနာ အကျိုးကို အစဉ်၊ ရေရှည် ကြည့်တော်မူလျက်၊ မျိုးစောင့် ဥပဒေ ပေါ်ထွန်းရေးကို ကြိုးစား ဆောင် ရွက် တော်မူလျက် ရှိနေကြပေပြီ။ 

ဗိုလ်ချုပ်ကလည်း ဤသို့ ပြောသည် “ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာ အတတ်တွေ တစ်ချို့သင်ကြား နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊ မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ မှန်လို့ရှိယင် ၊ ဘုန်းကြီးများဟာ မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊ တိုင်းပြည် အကျိုးရှိရာ ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင်၊ ဗမာပြည်ဟာ တိုးတက်ဖို့ နိမိတ်ပဲ။” 

ဤခံစားချက်၊ ယုံကြည်ချက်များမှာ ဘာသာယဉ်ကျေးမှုက ပေးသောအမြင် ဖြစ်ပါသည်။ထို ဘာသာ ယဉ်ကျေးမှု အမြင်ကို ဆန့် ကျင် တော်လှန်ပြီးလည်း ပုဒ်မ (၅၉) (စ) ကို ပြင်လို့  မရနိုင်ပါ။ ဆန့် ကျင်လာပါက နှစ်ပေါင်း (၂၀) ကျော် ကာလများဆီကနှင့် မတူသော တိပ်တိုက် ရင်ဆိုင်မှုများ တွေ့ ကြုံလာနိုင်ပါသည်။ အထူး သတိပြုရမည့်  အချက်တစ်ခု ဖြစ်ပါသည်။

၃။ အချုပ်အခြာ အာဏာ အမြင် (Sovereign Perspective)

အချုပ်အခြာ အာဏာသည် ကမ္ဘာ့နိုင်ငံတိုင်း၏ အသက်သွေးကြောပင်ဖြစ်၏။ နှစ်ပေါင်းထောင်ချီ၍ ကိုယ်ပိုင် စာပေ ယဉ်ကျေး မှု၊ ဘာသာစကားတို့ ဖြင့် ကမ္ဘာ့အလယ်တွင် ထည်ဝါ ခန့် ညားစွာ ရပ်တည်နေသော မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာသည် နိုင်ငံရေး စီးပွားရေးစသည့် မုန်တိုင်း လေပွေ မွှေသော်ငြားလည်း ခိုင်ခိုင်မြဲမြဲ မယိုင်မလဲ ရပ်တည်နေနိုင်၏။ ဤသည်မှာ အင်အား တောင့်တင်းပြီး၊ ခိုင်မာသော၊ ခေတ်မီသော၊ မျိုးချစ်စိတ်အပြည့် အ၀ဖြင့် တည်ဆောက်ထားသော တပ်မတော်နှင့် ပြည်သူတို့ ၏ စွမ်းအားကြောင့်ပင် ဖြစ် ၏။ ထိုကြောင့်လည်း ဖွဲ့ စည်းပုံ အခြေခံ ဥပဒေတွင် ပြည်သူများမှ ပေါက်ဖွားလာသော တပ်မတော်နှင့် နိုင်ငံသား တိုင်းသည် ပြည်ထောင် စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေး ဟူသော ဒို့ တာဝန် အရေးသုံးပါး ကို ဦးထိပ်ပန်ဆင်လျက် တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ပေးနေကြပေသည်။ ပုဒ်မ (၅၉) (စ) ကို ပြင်လျှင် မြန်မာပြည်၏ အချုပ် အခြာအာဏာကို ထိခိုက်စေပြီး၊ နောင်လာနောက်သားများ အတွက်လည်း ဆိုးရွားသည့် စံနမူနာ(A Bad Precedent) ဖြစ်ကာ မြန်မာပြည် လည်း သူ့ ကျွန်ဘ၀ကို ရောက်သွားနိုင်ပေသည်။ တစ်နည်းအားဖြင့် ဆိုရပါမူ ဖွဲ့ စည်းပုံ အခြခံပဒေသည် လူတစ်ဦး တစ်ယောက်ကိုသာ ရည်ရွယ် ရေးဆွဲထားခြင်း မဟုတ်ပေ။ ထို ကြောင့်ပင်လျင် လူတစ်ဦး တစ်ယောက်အတွက်လည်း အခြေခံဥပဒေကို ပြင်ဆင်ပေးရန် မလို အပ်ပါ၊ မလုပ်အပ်ပါ။

အမေရိကန်အပါအ၀င် ကမ္ဘာ့ နိုင်ငံများတွင်လည်း လူကိုကြည့်၍ မူကို ပြင်ရိုး မရှိခဲ့။ ရှိလိမ့်မည်လည်း မဟုတ်ပါ။ထို့ ကြောင့် လည်း It is about principles not about a person လို့ ပြောလေ့ရှိပါသည်။ အမေရိကန် ဖွဲ့ စည်းပုံတွင် နှစ်ပေါင်း (၂၂၇) နှစ်တာ ကာလ အတွင်း ပြင်ဆင်ချက်ပေါင်း (၂၇) ချက်သာရှိခဲ့၏။ ထိုပြင်ဆင်ချက်တိုင်းသည်လည်း ပုဂ္ဂိုလ်ရေးကို ဦးတည်၍ ပြင်ဆင်ပေးခဲ့ သော အချက် တစ်ချက်မျှ မပါဝင်ခဲ့ပါ။ လူကို ဗဟိုရ်ပြုသော နိုင်ငံရေး မဟုတ်၊ မူကို ဗဟိုရ်ပြုသော နိုင်ငံရေးသာဖြစ်ပါ၏။ တစ်နည်းအားဖြင့် လူ နောက်ကို "မူ" က မလိုက်ပဲ၊ "မူ" နောက်ကိုသာ လူက လိုက်ရသော နိုင်ငံရေးဖြစ်သည်ကို မြန်မာနိုင်ငံသားများ အားလုံး လက်ဆုပ်လက် ကိုင် အခိုင်အမာ ခံယူကျင့်သုံးကြရန် အထူးပင်လိုအပ်ပါသည်။ သို့ မှသာ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို တိုင်းတစ်ပါး နှင့် တိုင်း တစ်ပါး သြဇာခံ၊ ကျေးဇူးခံ၊ ကျေးဇူးစားတို့ ၏ ဘေးရန်မှ ကင်းဝေးမည် ဖြစ်ပါသည်။ ထို့ ကြောင့်ပင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က လည်း (၆၈) နှစ်မြောက် တပ်မတော်နေ့ မိန့် ခွန်းတွင် အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် သွာမည့်အကြောင်း ထည့်သွင်း ပြော ကြား သွားခဲ့သည်ကို ကြားသိလိုက်ရ၏။ တကယ်တော့ တပ်မတော်နှင့် ပြည်သူသည်သာ အချုပ်အခြာအာဏာကို တည်မြဲအောင် စောင့် ရှောက်၊ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံရေးပါတီများသည် အထူးသဖြင့် တိုင်းတစ်ပါး သြဇာခံ၊လက်ဝေခံ နိုင်ရေးပါတီနှင့် အဖွဲ့  အ စည်း အချို့ သည် မြန်မာ့ အချုပ်အခြာအာဏာ၏ အဓိက ရန်သူများဖြစ်သည်ကို စစ်မှန်သော အမျိုးသားရေး အင်အားစုများက သိနေ ကြပြီဖြစ်ပါသည်။ ထို့ ကြောင့်လည်း အချုပ်အခြာ အာဏာကို မထိခိုက်ရလေအောင် အရှိန်မြှင့်၍ ကာကွယ်နိုင်ရန်အတွက် ပုဒ်မ (၅၉) (စ)ကို လုံးဝ မပြင်ဆင်ရဟု ဆိုခြင်းလည်းဖြစ်ပါသည်။ အမှန်စင်စစ် ကာကွယ်ရမည့် ပုဒ်မ (၅၉) (စ) သည် အမျိုးသားရေး အင်အားစု များ၏ အချုပ်အခြာ အာဏာကို ကာကွယ်ကြရာတွင် အစ ကနဦးမျှသာ ဖြစ်သည်ကို သတိထားသင့်ပါသည်။

အချုပ်အားဖြင့် ဆိုရပါလျှင် ပုဒ်မ (၅၉) (စ)ကို ပြင်ဆင်လိုသူများသည် အထက်ဖော်ပြပါ အမြင် သုံးမျိုးဖြစ်သော အမျိုးသား ရေး အမြင်၊ ဘာသာယဉ်ကျေးမှု အမြင် နှင့် အချုပ်အခြာ အာဏာမြင် သုံမျိုးတည်းဟူသော သံမဏိ တံတိုင်းကို မိုက်ရူးရဲ ဆန်စွာ ဦး ခေါင်းနှင့် ၀င်တိုက်သကဲ့သို့ သာ ရှိပါလိမ့်မည်။ ထို့ ထက်မပိုပါ။

From: ပါရမီရှင် (U.S.A)

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။