/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 14, 2014

.

ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်ခရီးစဉ် ၁၈ရက်တွင် စတင်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကရင်ပြည်နယ် ခရီးစဉ်ကို ဇန်နဝါရီလ ၁၈ရက်တွင် စတင်မည်ဟု NLDက ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၁၈ ရက် နံနက်တွင် ရန်ကုန်မြို့မှ ကားဖြင့်ထွက်ခွာမည်ဖြစ်ပြီး ကျိုက်ထိုမြို့တွင် နေ့လည်စာ စားသုံးကာ ညနေ ၄ခွဲ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ အောင်သံလွင် ဘောလုံးကွင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒရယူပွဲအခမ်းအနားတွင် မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။


ထိုနေ့တွင် ဘားအံ၌ တစ်ညအိပ်ပြီးနောက် ၁၉ရက်နေ့ နံနက်တွင် လှိုင်းဘွဲ့မြို့ ကပ္ပလီကျေးရွာသို့ သွားရောက် ကာ လူထုဟောပြောပွဲ ပြုလုပ်မည်ဖြစ်သည်။ ထို့နောက်တွင် ဘားအံမြို့မှ တစ်ဆင့် ရန်ကုန်မြို့ ကို ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ကရင်ခရီးစဉ်အပြီးတွင် ဇန်နဝါရီလ ၂၅နှင့် ၂၆ရက်များတွင် ရှမ်းပြည်နယ် တောင်ပိုင်းသို့ ဖွဲ့စည်းပုံအခြေခံဥဒေဆိုင်ရာ စည်းရုံးဟောပြောရေး ဆင်းမည်ဖြစ်သည်။ 

သူမက ယခုလအတွင်း ချင်းပြည်နယ်ကိုလည်း စည်းရုံးရေး ဆင်းခဲ့သေးသည်။ 

Mizzima - News in Burmese

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။