/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 14, 2014

.

၂၀၁၄ အတွင်းမှာ လူခွဲပြီး ဆက်တိုက် အကောင်အထည်ဖော်လိမ့်မယ်

2013 နှစ်ကုန်ခါနီးတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ အတိုက်အခံ ပီပီ ပြတ်သားရဲရင့်တဲံ ခြေလှမ်း တွေ လှမ်းလာခဲ့တယ်။

အထူးသဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လူထုဆန္ဒခံယူပွဲတွေကို အင်တိုက် အားတိုက် လုပ်ပြ လိုက်တာမှာ ပြည်သူကို လက်တွေ့မပါဘဲ စကားလုံးနဲ့ ညာချနေတဲ့အစိုးရအတွက် တုန်လှုပ်မှုကြီး တစ်ခု ဖြစ်သွားစေခဲ့တယ်။


ဒေါ်စုလွှတ်တော်ထဲမှာ တိုင်းပြည်အကျိုးအတွက် ပူးပေါင်းဆောင်ရွက်နေတာကို ကြည့်ပြီးတော့ ကိုယ့်ခွင်ထဲရောက်အောင် သိမ်းသွင်းနိုင်ခဲ့ပြီလို့ ထင်နေခဲ့တဲ့ တပ်မတော်အတွက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တပ်မတော်ရဲ့နေရာမှန်ကို ပြန်ထားရေး ပြတ်သားတဲ့ သဘောထားများကို ဆက်တိုက်ကြားလာတဲ့အချိန်မှာ တပ်ထိပ်ပိုင်းခေါင်းဆောင်တွေအတွက် ခွင်ပျောက်မယ့်အရေး စိုးထိတ် စေခဲ့တယ်။

ဖွဲ့စည်းပုံပြင်ရလည်းခက်၊ မပြင်ရလည်းခက်နဲ့ ပြည်သူ့အသံ နားထောင်ပြီး ပြည်သူ့မျှော်လင့်ချက်တွေ ဖော်ဆောင်ပေးမယ်လို့ နှုတ်ကျွံထားတဲ့ လွှတ်တော်က ဖွတ်ပါတီထိပ်သီးများလည်း သောကမီးတွေ နဲ့ စုပ်ဆူး၊ စားရူးမယ့်ကိန်း ဆိုက်စေခဲ့တယ်။

ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က လက်တွေ့ကျတဲ့ ခြေလှမ်းအဖြစ် လေးပွင့်ဆိုင်တွေ့ဆုံရေးကို တောင်းဆို လိုက်တယ်။ သူတို့အားလုံးအတွက် တကယ့်ရှော့ခ်က အဲ့ဒီမှာ ရသွားရတာဘဲ။

ဒေါ်အောင်ဆန်းစုကြည်ကို မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်မဖြစ်သလို တွေ့ရင်လည်း သူတို့ဖြစ်ချင်သလို ဖြစ်မှာမဟုတ်တော့ တာကိုသိနေတဲ့ လက်ရှိ၊ လက်မဲ့ စစ်အုပ်စုခေါင်းဆောင်တွေ အတွက် ဖြေရှင်းဖို့တစ်ခုတည်းသော နည်းလမ်းက မသိမသာကော၊ သိသိသာသာရော ခြိမ်းခြောက်ဖို့ဘဲ ကျန်တော့တယ်။

နောက်ဆုံးနည်းလမ်းအဖြစ် ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ အောက်တန်းကျနည်းလမ်းမျာဖြင့် ထိုးနှက်ခြင်း၊ ဒီမိုအင်အားစုအချင်းချင်း ရသလောက် သပ်လျှိုခြင်း ၊ အမျိုးသားရေးအကြေားပြ ၀ါဒမှိုင်း တိုက်ခြင်း စတာတွေ လုပ်လာဖို့ဘဲ မဟာဗျူဟာမြောက် ဆုံးဖြတ်လိုက်ကြတယ်။

အဲ့ဒီဆုံးဖြတ်ချက်တွေ ၂၀၁၄ အတွင်းမှာ သူတို့ လူခွဲပြီး ဆက်တိုက် အကောင်အထည်ဖော်လိမ့်မယ်။

Lin Thurein

http://www.yeyintnge.com

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။