/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 14, 2014

.

အရည်အချင်းရှိသည့် လူငယ်များအား ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် လျာထားဟု ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူး ပြောကြား

အရည်အချင်းရှိသည့် လူငယ်များအား ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် လျာထားကြောင်း ဇန်န၀ါရီ ၁၂ ရက် က ရန်ကုန်မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်တိုင်း ဒေသကြီး ရုံး တွင် ကျင်းပခဲ့သည့် ပါတီဝင် လူငယ်များ တွေ့ဆုံပွဲနှင့် တာဝန်ပေးအပ်ပွဲ အခမ်းအနားအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် သိမ်း က ပြောကြားသည်။


“လူငယ်တွေနဲ့ ပတ်သက်ပြီးတော့ လူငယ်တွေသည် အနာဂတ်ကို တာဝန်ယူရမယ့် သူတွေဖြစ်တယ်။ အနာဂတ်ကို တာဝန်ယူရမယ့် လူငယ်တွေ ဖြစ်တဲ့အတွက် ငါတို့တွေက နေရာတိုင်းမှာ လူငယ်တွေကို ဖွဲ့စည်းပါ။ လူငယ်တွေကို တာဝန်ပေးပါ။ လူငယ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် လူငယ်တွေရဲ့ အခန်း ကဏ္ဍကို ကျယ်ပြန့်အောင် လုပ်ပေးရမယ်ဆိုပြီး တို့ပါတီမှာ ဆုံးဖြတ်ထားတယ်” ဟု ဦးမောင်မောင်သိမ်းက ပြောကြားသည်။

လူငယ်တွေ အနေဖြင့် အရည်အချင်းရှိပြီး သင့်တော်လာပြီ ဆိုပါက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် တာဝန်ပေးအပ် သွားမည်ဟု ၎င်းက ပြောကြားသည်။

“အရည်အချင်းရှိတဲ့ လူငယ်တွေကို ကိုယ်စားလှယ်လောင်း နေရာမှာ လျာထားမှု ရှိတာပေါ့။ အရည်အချင်း လည်းရှိတယ်။ သူကိုယ်တိုင်၌ကလည်းလုပ်ဖို့ ဆန္ဒရှိဖို့လိုတယ်။ နောက်ပြီးသူ့ကို နယ်မြေမှာရှိတဲ့ လူထုက လက်ခံနိုင်ဖို့လည်း လိုတာပေါ့” ဟု ဦးမောင်မောင်သိမ်းက ပြောကြားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် တိုင်းဒေသကြီးအလိုက် ရပ်ကွက်အလိုက် အုပ်စု တစ်ခုတွင် လူငယ်အင်အား ၃၀ စီ ဖွဲ့စည်းထားပြီး ထပ်မံတိုးချဲ့ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်တိုင်း ဒေသကြီး လူငယ်တွေ့ဆုံပွဲနှင့် တာဝန်ပေး အပ်ပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အားလုံးမှ လူငယ်ကိုယ်စားလှယ် အဖွဲ့များ တက် ရောက်ခဲ့ကြပြီး ကတိသစ္စာဆိုခြင်း၊ ပါတီအထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ရန်ကုန်တိုင်း ဒေသကြီး လူငယ်တာဝန်ခံ ဦးလှထွန်းဦးအား ပါတီအောင်နိုင်ရေးအလံ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။