/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 21, 2014

.

မူဆယ် နယ်စပ်ဂိတ်မှ နှစ်ပတ်အတွင်း တရားမဝင် ကုန်ပစ္စည်း ကျပ်သိန်း ၁၂၀၀ ကျော်ဖိုး ဖမ်းမိ



တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ (မိုဘိုင်းတင်းမ်) မှ ၂၀၁၄ ဇန်နဝါရီနှစ်ပတ်အတွင်း မူဆယ်နယ်စပ် မှကျပ် သိန်းပေါင်း ၁၂ဝဝကျော် ဖမ်းဆီး ရရှိကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာန မှ သိရသည်။


အဆိုပါမိုဘိုင်းတင်းမ်အ ဖွဲ့သည် မူဆယ်နယ် ဘက်မှ ၂၀၁၄ ဇန်နဝါရီ ၁ရက်မှ ၁၆ ရက်အတွင်း နိုင်ငံတော်မှတင် သွင်းခွင့်မပြုထားသော ကန့် သတ်ကုန်ပစ္စည်းများနှင့် တရား မဝင် အကောက်ခွန်မဲ့ပစ္စည်း များဖမ်းဆီးရမိကြောင်း စီးပွား ရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဦးစီးဌာနမှ သိရသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ““မူဆယ် ဘက်ကနေ ဖမ်းဆီးရမိတာတွေ က ဒီနှစ်စမှာ ပိုများလာတယ်”” ဟု ပြော သည်။

တရားမဝင်ကုန်ပစ္စည်း များနှင့် အကောက်ခွန်မဲ့ပစ္စည်း များကိုဖမ်းဆီးလျက် ရှိရာ မူ ဆယ်-မန္တလေးနယ်စပ် သည် နယ်စပ်စခန်းများတွင် အများ ဆုံး ဖမ်းဆီး မိလျက်ရှိကြောင်း သိရသည်။ ၂၀၁၄ ဇန်နဝါရီ နှစ်ပတ် အတွင်း နိုင်ငံတော်မှ တင်သွင်း ခွင့်မပြု ထား သော ကန့်သတ် ကုန်ပစ္စည်းများနှင့် တရားမဝင် အကောက် ခွန်မဲ့ပစ္စည်းများ တွင် ကျောက်စိမ်းနှင့်ကျွဲမှာ ကျပ် သိန်းလေးရာကျော်စီ ဖမ်းဆီး ရမိကြောင်း စီးပွားရေး နှင့်ကူး သန်းရောင်း ဝယ်ရေး ဝန်ကြီးဌာ နမှ သိရသည်။

ဇန်နဝါရီနှစ်စမှ နှစ်ပတ် အတွင်းဖမ်းဆီးရရှိမှုမှာ ကျောက် စိမ်းကျပ် ၄၈၁သိန်း၊ ကျွဲဖမ်း ဆီးရမိမှု ကျပ်သိန်း ၄၂၀၊ နွား ဖမ်းဆီးရမိမှု ကျပ်သိန်း ၃၃၀ နှင့် သစ်ဖမ်းဆီးရမိမှု ကျပ် ၅၉ သိန်းဖမ်းဆီးရမိကြောင်း စီး ပွားရေး နှင့် ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီးဌာနမှ သိရသည်။

YMG

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။