/*FB*/
/*FB*/
ကြွရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

Tuesday, January 21, 2014

.

မြန်မာ ပုဂ္ဂလိက လေကြောင်းလိုင်း AWA က ချင်းမိုင်ခရီးစဉ်ပျံသန်းတော့မယ်


မြန်မာနိုင်ငံ ရန်ကုန်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်တို့ကို ပျံသန်းမယ့် နောက်ထပ် လေကြောင်းလိုင်းတခု ထပ်တိုးလာ ပါတော့မယ်။


အဲဒါကတော့ မြန်မာနိုင်ငံက ပုဂ္ဂလိက လေကြောင်းလိုင်းတခုဖြစ်တဲ့ Asian Wings Airways ပါဘဲ။ Asian Wings Airways ရဲ့ တရားဝင် အင်တာနက်စာမျက်နှာမှာတော့ အခု ဇန်နဝါရီလ ၂၉ ရက်နေ့က စတင်ကာ ရန်ကုန်- ချင်းမိုင်၊ ချင်းမိုင်- မန္တလေး စတဲ့ ခရီးစဉ်တွေကို ပြေးဆွဲမယ်ဖြစ်တဲ့ အကြောင်း ဖော်ပြထားပါ တယ်။

AWA လေကြောင်းလိုင်းဟာ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က စတင်လည်ပတ်ခဲ့ တာဖြစ်ပြီး aလကြောင်းလိုင်း ဥက္ကဋ္ဌက ဦးသန်းဦးဖြစ်တယ်လို့ ဝက်ဆိုက်မှာ ဖော်ပြထားတဲ့အချက်အလက်အရ သိရပါတယ်။ 

ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့တို့ကို အပတ်စဉ် ကြာသပတေး၊ တနင်္ဂနွေနေ့တိုင်း လက် ရှိ ပြေးဆွဲနေတဲ့ သူဋ္ဌေး ကြီး ဦးတေဇပိုင် အဲပုဂံလေကြောင်းလိုင်း အပြင် အခု AWA လေကြောင်းလိုင်း တခု တိုးလာပေမယ့် AWA ဝက်ဆိုက် မှာတော့ အသေးစိပ် သတင်းအချက်အလက်ကို ဖော်ပြထားတာ မရှိသေးဘဲ မကြာခင် အသေးစိပ် အချက်အလက်တွေကို ဖော်ပြမှာဖြစ်တယ်လို့ ဆိုထားပါတယ်။


ဒါပေမယ့် မကြာသေးခင်ကပဲ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ AWA က လေကြောင်းပျံသန်းမှုဆိုင်ရာ ရှင်းလင်းပွဲ တခု လုပ်ဆောင်သွားခဲ့ပြီး မကြာခင် ထိုင်း-မြန်မာတိုက်ရိုက်ပျံသန်းတော့မှာဖြစ်တယ် လို့ ပြောသွားခဲ့ပါ တယ်။

No comments:

Post a Comment

မိမိတို့၏အမြင်များကို လွတ်လပ်ပွင့်လင်းစွာရေးသားနိုင်ပါသည်။
ဘမ်းမည်မဟုတ်ပါ။